«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Feb 2019

ကြွက်သားအားနည်းရောဂါ(သို့)ခွေးဒူလာရောဂါ(Myasthenia gravis)

,
(Unicode Version)
 
 
ကြွက်သားအားနည်းရောဂါ(သို့)ခွေးဒူလာ(Myasthenia Gravis)ဦးနှောက်ကနေပို့လွှတ်လိုက်တဲ့ 
 
အမိန့်ပေးစေခိုင်းချက်တွေဟာ အာရုံကြောတွေကနေတဆင့်ရောက်လာပေမယ့်  နာခံဆောင်ရွက် 
 
ပေးတဲ့ကြွက်သားတွေဆီကို ရောက်မလာနိုင်တဲ့ဖြစ်စဉ်ကို Myasthenia gravis လို့ခေါ်ပါတယ် ၊  
 
ဒါကြောင့်မို့ ဒီရောဂါဖြစ်လာတဲ့အခါကြွက်သားတွေဟာ ကောင်းကောင်း လှုပ်ရှားနိုင်ခြင်းမရှိတော့ 
 
တဲ့အတွက် ခွေးဟာအားအင်ချည့်နဲ့နေသလိုဝေဒနာကိုခံစားလာရပါတယ်။
 
 
ဒီရောဂါဟာ Jack Russell terriers , springer spaniels  နဲ့ smooth fox terriers စတဲ့ခွေး 
 
အမျိုးအစားတွေမှာ မွေးရာပါရောဂါအဖြစ်တွေ့ရလေ့ရှိပါတယ် ၊ အခြားခွေးအမျိုးအစားတွေမှာ 
 
တော့ ကိုယ်ခံစွမ်းအားစနစ်ဖောက်ပြန်လာပြီး မိမိခန္တာကိုယ်ထဲကကြွက်သားမျှင်တွေရဲ့အာရုံခံစနစ်
 
ကို ပြန်လည်တိုက်ခိုက်တာကြောင့်ရောဂါအဆင့်အထိဖြစ်ပွားလာခြင်းဖြစ်ပါတယ် ၊ 
 
 
ဒီရောဂါဟာခွေးတွေမှာ အထီးအမ မရွေးဖြစ်ပွားနိုင်ပြီး၊ အသက်အရွယ်ကြီးတဲ့ခွေးတွေမှာဖြစ်လာ 
 
ရင်တော့ ပြန်လည်ကောင်းမွန်လာဖို့မြော်လင့်ချက်အလွန်နည်းပါတယ်။
 
 
 
ဒီရောဂါဖြစ်ပွားလာတဲ့အခါ တွေ့ရှိရတဲ့ရောဂါလက္ခဏာတွေဟာ ခွေးတစ်ကောင်နဲ့တစ်ကောင် 
 
တူလေ့မရှိပါဘူး၊ အဖြစ်များတဲ့လက္ခဏာတွေကတော့ လှုပ်ရှားမှုလေးနည်းနည်းလုပ်လိုက်တာနဲ့ 
 
အားကုန်အားပြတ်သလိုဖြစ်သွားပြီး အနားပေးလိုက်ရင်တော့ပြန်ကောင်းလာတတ်တာပါပဲ။
 
 
ရောဂါဖြစ်နေတဲ့ခွေးတွေဟာ ရေသောက်ဖို့နဲ့ အစာကိုမျိုချဖို့အခက်အခဲဖြစ်နေတတ်ပါတယ် ၊ 
 
အစာကိုစားလိုက်တာနဲ့ပြန်အန်ထွက်လာတတ်ပြီး၊နှာခေါင်းထဲကနေအစာနဲ့ရေတွေပြန်ထွက်လာ 
 
တာမျိုးကိုလည်းတွေ့ရလေ့ရှိပါတယ်။
 
 
တစ်ခါတစ်လေမှာ အစာနဲ့ရေကိုမျိုချတဲ့အခါ လမ်းကြောင်းလွဲပြီးအသက်ရှုလမ်းကြောင်းထဲကို
 
ဝင်သွားလေ့ရှိတဲ့အတွက် ဒီရောဂါခံစားနေရတဲ့ခွေးတွေမှာ အဆုပ်ယောင်နေတဲ့လက္ခဏာကို
 
အမြဲလိုလိုတွေ့ရတတ်ပါတယ်။ 
 
 
ကြွက်သားတွေကိုအားနည်းစေတတ်တဲ့ရောဂါတွေများစွာရှိတဲ့အနက် ဒီ Myasthenia gravis
 
ရောဂါဟုတ်မဟုတ်ခွဲခြားသိနိုင်ဖို့ဆိုရင်တော့ စစ်ဆေးစမ်းသပ်မှုတွေအများကြီးလုပ်ဖို့လိုအပ်ပါ 
 
တယ် ၊ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ကျောက်ကပ် အသည်းနဲ့ သရက်ရွက်တို့ရဲ့လုပ်ငန်းဆောင်ရွက် 
 
နိုင်မှုအခြေအနေတွေကိုသိရှိနိုင်ဖို့ ၊ သွေးစစ်ဆေးမှုတွေလုပ်ကြည့်ရမှာဖြစ်ပါတယ်။
 
သိုင်းရွှိုက်ဟိုမုန်းချိုတဲ့ခြင်းဖြစ်နေရင်လည်း ကြွက်သားတွေကိုအားနည်းစေတတ်တဲ့အတွက်၊ 
 
ခွဲခြားသိရှိနိုင်ဖို့ Thyroid function test ကိုလုပ်ကြည့်ရပါတယ်။
 
 
သွေးအားနည်းနေရင်လည်းကြွက်သားတွေကိုအားနည်းစေတာမို့ သွေးထဲမှာပါဝင်နေတဲ့အရာ 
 
အားလုံးရဲ့အခြေအနေတွေကိုစစ်ဆေးရပါတယ် ၊ သွေးအားနည်းစေတဲ့ကပ်ပါးကောင်တွေရှိမရှိ 
 
ခွေးရဲ့မစင်ကိုစစ်ဆေးရပါတယ် ၊ ခန္တကိုယ်မှာအရည်ဓာတ်ခန်းခြောက်မှု ရှိနေရင်လည်း 
 
ကြွက်သားတွေကိုအားနည်းစေတတ်လို့ Electrolyte tests  တွေကို လုပ်ကြည့်ဖို့လည်းလိုအပ်ပါ
 
သေးတယ်။
 
 
ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းမှာရောဂါရှိမရှိသိနိုင်ဖို့ဆိုရင် ဆီးကိုစစ်ဆေးရပါတယ်ရင်ခေါင်း
 
ပိုင်း၊ ဝမ်းဗိုက်ပိုင်းနဲ့ ခါးရိုးအဆစ်တွေပုံမှန်မဟုတ်လို့ လမ်းမလျှောက်နိုင်တာလားခွဲခြားသိဖို့ 
 
အတွက်ဆိုရင်၊ ကွန်ပြူတာဓာတ်မှန်တွေဖြစ်တဲ့ MRI (သို့) CT scan တစ်ခုခုရိုက်ကြည့်ရမှာဖြစ် 
 
ပါတယ်။
 
 
အဓိကအားဖြင့် မဖြစ်မနေစစ်ဆေးရမှာကတော့ လက်ရှိဖြစ်နေတဲ့ကိုယ်ခံစွမ်းအားစနစ်အ‌ခြေအနေ 
 
နဲ့ ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့ကြွက်သားစိုင်တွေရဲ့ တုန့်ပြန်နိုင်မှုအခြေအနေကို သိရှိနိုင်တဲ့  
 
Tensilon စစ်ဆေးခြင်းကိုပြုလုပ်ရမှာဖြစ်ပါတယ်။
 
 
ကြွက်သားအားနည်းရောဂါ (သို့) ခွေးဒူလာ (Myasthenia Gravis) ဖြစ်ပွားနေတဲ့ခွေးအများစုရဲ့ 
 
အစာရေမျိုပိုင်းဟာ မှန်ကန်စွာအလုပ်မလုပ်နိုင်တာကြောင့် ခွေးကိုအစာကျွေးတဲ့အခါမှာအစာခွက် 
 
ကို အမြင့်ပိုင်းမှာထားပြီးကျွေးဖို့ လိုအပ်ပါတယ် ၊ အစာကျွေပြီးရင်လည်း (၁၅) မိနစ်လောက်အထိ 
 
ဦးခေါင်းပိုင်းကိုထောင်နေအောင်စီစဉ်ပေးထားသင့်ပါတယ်။
 
 
ဒီရောဂါကို Anticholinesterase အုပ်စုဝင်ဆေးတွေဖြစ်တဲ့Physostigmine နဲ့Neostigmine စတဲ့ 
 
ဆေးမျိုးတွေနဲ့စနစ်တကျကုသပေးလိုက်ရင်၊ကြွက်သားမျှင်တွေမှာရှိနေတဲ့အာရုံကြောစနစ်တွေဟာ 
 
ပြန်လည်အားကောင်းလာတဲ့အတွက် ဝေဒနာတွေသက်သာလာမှာဖြစ်ပါတယ်။
 
 
ခန္တာကိုယ်မှာရှိတဲ့ကြွက်သားတွေအားနည်းခြင်းကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းများကိုသိရှိလိုပါက
 
ဒီ LINK မှာဖတ်ရှုလေ့လာနိုင်ပါတယ်ကြွက်သားအားနည်းရောဂါ(သို့)ခွေးဒူလာလက္ခဏာတွေဟာ 
 
အစာအဆိပ်သင့်တဲ့လက္ခဏာတွေနဲ့လည်းလွဲတတ်တဲ့အတွက် အစာအဆိပ်သင့်ခြင်းအကြောင်းကို
 
လည်း ဒီ LINK မှာဆက်လက်လေ့လာသင့်ပါတယ်။
 
 
 
Zawgyi
 
 
ကြွက်သားအားနည်းရောဂါ(သို့)ခွေးဒူလာ(Myasthenia gravis)
ဦးနှောက်ကပို့လွှတ်လိုက်တဲ့အမိန့်ပေးချက်တွေဟာ အာရုံကြောကနေတဆင့်ရောက်လာပေမယ့် နာခံဆောင်ရွက်ပေးတဲ့ကြွက်သားတွေဆီကို မရောက်နိုင်တဲ့ဖြစ်စဉ်ကို Myasthenia gravis လို့ခေါ်ပါတယ် ဒါကြောင့်မို့ဒီရောဂါဖြစ်လာတဲ့ခါ ကြွက်သားတွေဟာ လှုပ်ရှားနိုင်မှုမရှိတော့တဲ့အတွက်ခွေးဟာ အားအင်ချည့်နဲ့သလိုဖြစ်နေတာဖြစ်ပါတယ်
ဒီရောဂါဟာ Jack Russell terriers , springer spaniels နဲ့ smooth fox terriers စတဲ့ခွေးမျိုးတွေမှာတော့ မွေးရာပါရောဂါအဖြစ်တွေ့ရတတ်ပါတယ်
အခြားခွေးများစုကတော့ကိုယ်ခံစွမ်းအားစနစ်ဖောက်ပြန်ပြီး ကြွက်သားမျှင်တွေရဲ့အာရုံခံစနစ်ကိုပြန်လည်တိုက်ခိုက်မှုကြောင့်ဒီရောဂါဖြစ်လာတာကများပါတယ်
ဒီရောဂါဟာ ခွေးအမျိုးအစားတိုင်း အထီးအမ မရွေးဖြစ်ပွားနိုင်ပြီး အသက်ကြီးတဲ့ခွေးတွေမှာဖြစ်ပွားရင်တော့ ပြန်လည်ကောင်းမွန်လာဖို့မြော်လင့်ချက်နည်းပါတယ်
ဒီရောဂါဖြစ်လာတဲ့အခါ ရောဂါလက္ခဏာတွေဟာ တစ်ကောင်နဲ့တစ်ကောင်မတူတတ်ပါဘူး အဖြစ်များတဲ့လက္ခဏာကတော့ လေ့ကျင့်ခန်းနည်းနည်းလုပ်လိုက်တာနဲ့ အားကုန်အားပြတ်ဖြစ်သွားပြီး အနားပေးလိုက်ရင်ပြန်ကောင်းလာတတ်တာပါပဲ
ရောဂါဖြစ်နေတဲ့ခွေးတွေဟာ ရေသောက်ဖို့နဲ့ အစာကိုမျိုချဖို့ အခက်အခဲဖြစ်နေတတ်ပါတယ် အစာတွေပြန်အန်ထွက်တာမျိုးနဲ့ နှာခေါင်းကနေ အစာနဲ့ရေတွေပြန်ထွက်လာတာမျိုးလည်းအဖြစ်များပါတယ် အစာနဲ့ရေတွေအဆုပ်ထဲကိုလမ်းကြောင်းလွဲပြီးဝင်သွားရင် အဆုပ်ယောင်နေတတ်ပါသေးတယ်
ကြွက်သားတွေအားနည်းတတ်တဲ့ရောဂါတွေများစွာရှိတဲ့အနက် ဒီရောဂါဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ဖို့ဆိုရင် စမ်းသပ်မှုတွေအများအပြားလုပ်ဖို့လိုအပ်ပါတယ်
ကျောက်ကပ် အသည်းနဲ့ ဘေလုံးစတဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့အခြေအနေတွေကိုသိနိုင်တဲ့ သွေးစစ်ဆေးမှုတွေလုပ်ကြည့်ဖို့လိုအပ်ပါတယ်
သိုင်ရွိုက်ဟိုမုန်းချို့တဲ့ခြင်းကြောင့်ဖြစ်မဖြစ်သိဖို့ thyroid test ကိုလည်းလုပ်ကြည့်ရပါတယ်
သွေးအားမကောင်းလို့ဖြစ်တာဟုတ်မဟုတ်ခွဲခြားနိုင်ဖို့ သွေးမှာပါဝင်တဲ့အရာအားလုံးရဲ့အခြေအနေကိုစစ်ဆေးရပါတယ်
ကပ်ပါးကောင်တွေကြောင့်ဖြစ်တာဟုတ်မဟုတ်ခွဲခြားနိုင်ဖို့ ဝမ်းကိုစစ်ဆေးရပါတယ် အရည်ဓါတ်ခမ်းခြောက်မှုရှိမရှိသိနိုင်ဖို့ Electrolyte tests တွေလုပ်ကြည့်ရပါမယ် ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းရောဂါရှိမရှိသိနိုင်ဖို့ ဆီးကိုစစ်ကြည့်ရပါမယ် ရင်ခေါင်းပိုင်း ဝမ်းဗိုက်ပိုင်းနဲ့ ခါးရိုးအဆစ်တွေရဲ့အခြေအနေကိုသိနိုင်ဖို့ အိပ်စရေး ဓါတ်မှန်ရိုက်ကြည့်ရပါမယ်ဦးနှောက်နဲ့ ကျောရိုးဆစ်တွေရဲ့အခြေအနေကိုသိနိုင်ဖို့ ကွန်ပျူတာဓါတ်မှန် MRI (သို့) CT scan ရိုက်ကြည့်ရပါမယ် အဓိကအားဖြင့် ကိုယ်စွမ်းအားဆိုင်ရာစစ်ဆေးမှုတွေနဲ့ ကြွက်သားတွေရဲ့တုန့်ပြန်မှုအခြေအနေကိုစစ်ဆေးတဲ့ Tensilon စစ်ဆေးမှု ပြုလုပ်ကြည့်ရမှာဖြစ်ပါတယ် ဒီရောဂါကိုကုသတဲ့အခါ ကြွက်သားမျှင်တွေရဲ့အာရုံခံစနစ်ကိုတိုက်ခိုက်ခံမှုနည်းသွားစေပြီး ကြွက်သားမျှင်တွေကိုအားကောင်းလာစေတဲ့ anticholinesterase drugs ဆေးတွေဖြစ်တဲ့ Physostigmine and neostigmine ဆေးတွေကိုအသုံးပြုကုသပေးနိုင်ပါတယ်
ဒီရောဂါဖြစ်နေရင် အစာရေမျိုပိုင်းဟာ မှန်ကန်စွာအလုပ်မလုပ်နိုင်တာကြောင့် ခွေးကိုအစာကျွေးတဲ့အခါ အစာခွက်ကိုအမြင့်ပိုင်းမှာထားပြီးကျွေးဖို့လိုအပ်ပါတယ်
ခွေးကိုအစာကျွေးပြီးတဲ့အခါ(၁၅)မိနစ်လောက်အထိ ဦးခေါင်းပိုင်းကိုထောင်နေအောင်စီစဉ်ပေးထားသင့်ပါတယ်
ကြွက်သားများအားနည်းရခြင်းအကြောင်းဆက်လက်ဖတ်ရှုရန် LINK ကိုနှိပ်ပါ ===>> LINK
ဒီရောဂါရဲ့လက္ခဏာတွေဟာ အစာဆိပ်သင့်တဲ့လက္ခဏာတွေနဲ့တူတဲ့အတွက် အစာဆိပ်သင့်ခြင်းအကြောင်းကိုဆက်လက်ဖတ်ရှုရန် LINK ကိုနှိပ်ပါ ===>> LINK

0 မှတ်ချက်များ to “ကြွက်သားအားနည်းရောဂါ(သို့)ခွေးဒူလာရောဂါ(Myasthenia gravis)”

Post a Comment