«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Feb 2019

ချိပ်သန်ကောင်ရောဂါ(Hookworms infection)

,
အရပ်အခေါ်အရ ချိပ်သန်ကောင်(Hookworm)လို့ခေါ်ကြတဲ့ သန်ကောင်တွေကိုတစ်ကမ္ဘာလုံးနိုင်ငံတိုင်းမှာ တွေ့ရတတ်ပါတယ်
Ancylostoma caninum နဲ့ Ancylostoma ceylanicum လို့ခေါ်တဲ့သန်ကောင်အမျိုးအစားတွေကိုတော့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာတွေ့ရပါတယ်
အဲဒီသန်ကောင်တွေဟာ ခွေးနဲ့ကြောင်တွေကိုစွဲကပ်ပြီးဒုက္ခပေးလေ့ရှိတဲ့အပြင် လူကိုလည်းစွဲကပ်နိုင်ပါတယ်
ဒီသန်ကောင်မျိုးတွေဟာ အကောင်ကြီးဘဝရောက်လာရင် အူသိမ်အပိုင်းမှာပဲနေလေ့ရှိပါတယ်
သန်လောင်းကောင်လေးတွေပါဝင်နေတဲ့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားမိသောက်မိရင်ဖြစ်စေ    အရေပြားကိုဖောက်ထွင်းဝင်ရောက်ပြီးတော့ဖြစ်စေ ကူးစက်တတ်တယ်လို့ဆိုပါတယ် ခွေးတွေမှာဆိုရင် ရောဂါရှိတဲ့မိခင်ရဲ့နို့ကိုစို့ရာကနေလည်းကူးစက်ခံရတတ်ပါတယ်
ခွေးကြောင်တွေကနေတဆင့်လူကိုလည်းကူးစက်တတ်ပါသေးတယ်
(၁၀)ရက်သားအရွယ်ခွေးလေးတွေမှာ Ancylostoma caninum ဆိုတဲ့ချိပ်သန်ကောင်တွေစွဲကပ်လာရင် ဝမ်းပျက်လာတတ်ပါတယ် မကြာခဏသွေးတွေပါလာတတ်ပါတယ် ခွေးလေးတွေဟာ သွေးအားနည်းပြီးဖြူဖတ်ဖြူယော်ဖြစ်လာတတ်ပါတယ်
နောက်သိပ်ကြာကြာမခံနိုင်ပဲသေဆုံးသွားလေ့ရှိပါတယ်
ခွေးကြီးတွေဆိုရင်တော့ သွေးအားနည်းတာလောက်ပဲ အဓိကလက္ခဏာအဖြစ်တွေ့ရှိရမှာဖြစ်ပါတယ်
ချိပ်သန်ကောင်စွဲကပ်မှုရှိမရှိသိချင်ရင် ခွေးရဲ့မစင်ကို ဆိုဒီယမ်နိုက်တြိတ်ဖျော်ရည်(သို့)အိမ်သုံးဆားပြည့်ဝပျော်ရည်နဲ့ဖျော်ပြီးရရှိလာတဲ့ အပေါ်ယံအရည်ကြည်ကို မှန်ပြောင်းအောက်မှာစစ်ဆေးတဲ့အခါ သန်ကောင်ဥလေးတွေကိုတွေ့ရရင် ချိပ်သန်ကောင်စွဲကပ်နေကြောင်းသိနိုင်ပါတယ်

ချိပ်သန်ကောင်ရောဂါကို Fenbendazole စားဆေးနဲ့ကုသနိုင်ပြီး ဆေးကို ခန္တာကိုယ်အလေးချိန် (၁)ကီလိုရှိတိုင်း (၅၀)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး (၃)ရက်တိတိတိုက်ကျွေးပေးသင့်ပါတယ်
ကုသနေစဉ်အတွင်းမှာ အသားဓါတ်မျာတဲ့အစာတွေအပြင် သံဓါတ်အားတိုးဆေးကိုလည်းပူးတွဲတိုက်ကျွေးရမှာဖြစ်ပါတယ်
ဓါတ်ဆားရည်ကိုလည်းတိုက်ကျွေးပေးသင့်ပါတယ်
အခြေအနေဆိုးရင်တော့ သွေးသွင်းကုသပေးရတတ်ပါတယ်

0 မှတ်ချက်များ to “ချိပ်သန်ကောင်ရောဂါ(Hookworms infection)”

Post a Comment