«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Feb 2019

အပ်ချည်မျှင်သန်ကောင်ရောဂါ (Threadworm infection.)

,
ဒီသံကောင်အမျိုးအစားဟာ သိပ္ပံအမည်အားဖြင့် Strongyloides stercoralis(ခေါ်)Strongyloides canis)အမျိုးအစားဖြစ်ပြီး အရပ်အခေါ်အဝေါ်အားဖြင့် အပ်ချည်မျှင်သန်ကောင်(Threadworm)လို့ခေါ်ကြတဲ့သန်ကောင်တွေဖြစ်ပါတယ် ဒီသန်ကောင်လေးတွေဟာအရေပြားကိုဖောက်ထွင်းဝင်ရောက်လာနိုင်သလို မိခင်နိုရည်ထဲကနေတဆင့်လည်း ခွေးငယ်လေးတွေဆီကိုကူးစက်နိုင်ပါတယ် Strongyloides သန်ကောင်တွေဟာ ခွေးကြောင်တွေနဲ့လူတွေမှာကူးစက်ဖြစ်ပွားတတ်တဲ့သန်ကောင်တွေဖြစ်ပါတယ်
ခန္တာကိုယ်ထဲရောက်လို့ (၁၁)ရက်လောက်ကြာရင်အကောင်ကြီးဘဝရောက်လာပြီးအူသိမ်ထဲမှာနေထိုင်ကြပါတယ်
အပ်ချည်မျှင်သန်ကောင်မျာအား အဏုကြည့်မှန်ပြောင်းဖြင့်မြင်ရပုံ

 သန်ကောင်ဥအား အဏုကြည့်မှန်ပြောင်းဖြင့်မြင်ရပုံ

အပ်ချည်မျှင်သန်ကောင်(Threadworm)စွဲကပ်နေတဲ့ခွေးအများစုဟာ ဘာရောဂါလက္ခဏာမှမပြပဲရှိနေပြီး ကြာလာရင်ခွေးဟာ ခံနိုင်ရည်ရှိလာ ခွေးပေါက်စလေးတွေဆိုရင်တော့ အကျိအချွဲတွေပါတဲ့ဝမ်းအရည်ကျဲကျဲတွေသွားတတ်ပါတယ် အကောင်ရေသိပ်များလာပြီး သန်ကောင်ပေါက်ကလေးတွေဟာ သွေးစီးကြောင်းနဲ့အတူ အဆုပ်ထဲကိုရောက်လာရင်တာ့ လို့ခေါ်တဲ့ အသက်ရှုကျပ်ပြီးမောပန်းတာမျိုးဖြစ်လာတတ်ပါတယ် ခွေးလေးတွေဟာတဖြည်းဖြည်းပိန်ချုံးလာတာကိုလည်းမြင်တွေ့နိုင်ပါတယ် သန်ကောင်ပေါက်ကလေးတွေဟာ အရေပြားကိုဖောက်ထွက်လာတဲ့အခါ အဲဒီလက္ခဏာတွေအပြင် Pododermatitis လို့ခေါ်တဲ့ အရေပြားယောင်ယမ်းတာမျိုးတွေဖြစ်လာတတ်ပါတယ်
ဒီသန်ကောင်အမျိုးအစားတွေစွဲကပ်နေခြင်းရှိမရှိကိုသိနိုင်ဖို့ကတော့ သံသယရှိတဲ့ခွေးကြောင်ရဲ့မစင်ကို Baermann technique လိုခေါ်တဲ့စစ်ဆေးနည်းနဲ့ စစ်ဆေးကြည့်ရပါတယ် အပ်ချည်မျှင်သန်ကောင်အကြီးတွေကိုဖယ်ရှားဖို့ဆိုရင် Fenbendazole ဆေးကို ကိုယ်အလေးချိန်(၁)kg ရှိတိုင်း(၅၀)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး နေ့စဉ်(၅)ရက်တိတိတိုက်ကျွေးပေးနိုင်ပါတယ်
ဒါမှမဟုတ်
Ivermectin ဆေးကို ကိုယ်အလေးချိန်(၁)kg ရှိတိုင်း(၂၀၀)မိုက်ခရိုဂရမ်နှုန်းနဲ့တစ်ကြိမ်တည်းတိုက်ကျွေးပေးလို့လည်းရပါတယ်
သန်ချပေးပြီး(၃)ပါတ်ကြာရင် ဝမ်းစစ်ဆေးမှုကိုပြန်လည်လုပ်ဆောင်ကြည့်သင့်ပါတယ် အခြေအနေကောင်းတယ်ဆိုရင် တစ်လတစ်ကြိမ်နှုန်းနဲ့(၆)လလောက်စစ်ဆေးသင့်ပါတယ် သန်ကောင်တွေရှိလာရင်တော့ အထက်ပါအတိုင်းနောက်တစ်ကြီမ် သန်ချဆေးကို ထပ်မံတိုက်ကျွေးဖို့လိုအပ်ပါတယ် အပ်ချည်မျှင်သန်ကောင်(Threadworm)စွဲကပ်နေတဲ့ခွေးကိုအခြားခွေးတွေနဲ့အတူတူမထားပဲသီးခြားခွဲထားပြီး စနစ်တကျသန်ချပေးသင့်ပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “အပ်ချည်မျှင်သန်ကောင်ရောဂါ (Threadworm infection.)”

Post a Comment