«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Sept 2020

သွေးထဲက(BUN)နိုက်တြိုဂျင်ဓာတ်အကြောင်း

,
 
 
ခွေးကြောင်တွေရဲ့ရောဂါတွေကိုရှာဖွေကုသတဲ့အခါ သူတို့ရဲ့သွေးကိုဖောက်ယူပြီးသွေးထဲမှာပါဝင်
 
နေတဲ့ ဓာတ်ပေါင်းအမျိုးမျိုးရဲ့ပမာဏကိုဓာတ်ခွဲခန်းမှာရှာဖွေစစ်ဆေးရလေ့ရှိပါတယ်
 
 
အဲဒီလိုစစ်ဆေးကြည့်ခြင်းအားဖြင့် သူတို့မှာဖြစ်ပွားနေတဲ့ရောဂါတွေကို ခန့်မှန်းသိရှိနိုင်တဲ့အပြင် 
 
ကိုယ်တွင်းအင်္ဂါတွေရဲ့ကျန်းမာရေးအခြေအနေကိုလည်းသိရှိနိုင်ပါတယ်
 
 
ဓာတ်ခွဲခန်းထဲမှာ သွေးစစ်ဆေးမှုတွေအနက် BUN လို့ခေါ်တဲ့ သွေးထဲမှာပျော်ဝင်နေတဲ့ ယူရီးယား
 
နိုက်တြိုဂျင် (blood urea nitrogen) ဟာ ကျောက်ကပ်ရဲ့စွမ်းရည်ကောင်းသလား မကောင်းဘူး
 
လားဆိုတာကိုထောက်လှမ်းသိရှိနိုင်တဲ့ဓာတ်ပေါင်းတစ်ခုဖြစ်ပါတယ်
 
 
ကျောက်ကပ်ရဲ့စွမ်းဆောင်ရည်ကျဆင်းလာတာနဲ့အမျှ BUN တွေကပိုများလာလေ့ရှိတဲ့ အတွက် 
 
သွေးထဲက BUN ပမာဏကိုစစ်ဆေးကြည့်ခြင်း အားဖြင့် ကျောက်ကပ်ကောင်းသလားမကောင်းဘူး
 
လားဆိုတာကိုသိရှိနိုင်တာဖြစ်ပါတယ်
 
 
နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ BUN ပမာဏကိုစစ်ဆေးကြည့်ခြင်း အားဖြင့် 
 
နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်း ခန့်မှန်းသိရှိနိုင်တယ်ဆိုတာပါပဲ နှလုံးမှာချို့ယွင်းမှု
 
တစ်ခုခုရှိနေရင် သွေးထဲမှာ BUN ပမာဏပိုများလာလေ့ရှိပါတယ်
 
 
Dehydration လို့ခေါ်တဲ့ ခန္တာကိုယ်ရဲ့အရည်ဓာတ်ခန်းခြောက်မှုဖြစ်နေရင်လည်း BUN ပမာဏ
 
များလာတတ်ပါတယ် အကယ်၍ BUN ပမာဏလျှော့နည်းနေတာကိုတွေ့ရရင် ခန္တာကိုယ်ထဲမှာ 
 
အရည်ဓာတ်စုပုံနေပြီဆိုတာသိရှိနိုင်ပါတယ်၊ အဲဒီလိုအရည်ဓာတ်စုပုံနေ ရခြင်းဟာဆီးလမ်းကြောင်း
 
ပိတ်ဆို့နေကြောင်းကို အလွယ်တကူသိရှိစေနိုင်တဲ့သက်သေတစ်ခုဖြစ်ပါတယ်။
 
 ကျောက်ကပ်ကောင်းမကောင်းသိရှိနိုင်ဖို့အတွက် creatinine ဟိုမုန်းကိုစစ်ဆေးခြင်းဖြင့်လည်း
 
သိရှိနိုင်ပါတယ် ဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “သွေးထဲက(BUN)နိုက်တြိုဂျင်ဓာတ်အကြောင်း”

Post a Comment