«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

30 Jul 2012

ကြောင်များ အမွှေးလဲခြင်း

,

                                       ကြောင်များ အမွှေးလဲခြင်း
ကြောင်တွေဟာ ရာသီဥတုနဲ့အပူချိန်အပေါ်မူတည်ပြီးတော့ အမွှေးလဲခြင်းပြုကြတယ်လို့ တစ်ချို့လူတွေကထင်ကြတယ် …. အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး …. ကြောင်တွေဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ အလင်းရောင်အနည်းအများ ရရှိမှုအပေါ်မှာမူတည်ပြီးတော့ အမွှေးလဲခြင်းအလုပ်ကိုပြုလုပ်ကြတာဖြစ်ပါတယ် …. အလင်းရောင်ရရှိမှုများလာရင် အမွှေးလဲတာမြန်ပါတယ် …. အိမ်ပြင်မှာတစ်နေ့လုံးနေတတ်တဲ့ကြောင်တွေဟာ ဆောင်းရာသီနှောင်းပိုင်းမှာ အမွှေးလဲလေ့ရှိကြပါတယ် ….. အိမ်အပြင်ကို တစ်ရက်လျှင် နာရီပိုင်းလောက်ပဲ  နေလေ့ရှိကြတဲ့ကြောင်တွေကျတော့ နွေဦးပိုင်းမှာ အမွှေးလဲလေ့ရှိကြပါတယ် ….. အိမ်ထဲမှာပဲ တစ်နေကုန် နေလေ့ရှိတဲ့ကြောင်တွေကျတော့ အလင်းရောင်ရရှိမှုကလည်း တစ်သမတ်တည်းလိုလိုရရှိနေတာကြောင့် အမွှေးကို အမြန်ကြီးခပ်ကြမ်းကြမ်းလဲတာမျိုးမဖြစ်ပဲ ပါးပါးလေးနဲ့ တစ်နှစ်ပတ်လုံးအချိန်ပြည့်လို အမွှေးလဲနေတာတွေ့နိုင်ပါတယ် … များသောအားဖြင့်ကြောင်တွေမှာ အမွှေးအမျှင်နှစ်ထပ်ရှိတာကို လူတိုင်းမသိကြပါဘူး …. ရှည်လျှားပြီးအနည်းငယ်ကြမ်းတမ်းတဲ့ အပြင်လွှာနဲ့ နူးညံ့ပြီးပျော့ပြောင်းတဲ့ အတွင်းလွှာဆိုပြီးနှစ်ထပ်ရှိပါတယ် ….( "ဒီဘွန်ကြောင်မျိုးနဲ့ကောနစ်ကြောင်မျိုးတွေကလွဲလို့ပေါ့နော်) …. အိမ်အပြင်ထွက်တတ်တဲ့ကြောင်တွေရဲ့ အတွင်းလွှာမှာ အမွှေးလဲရင် ခပ်မြန်မြန်နဲ့နေရာကွက်ကြားလဲတတ်တာမို့ ရုတ်တရက်ကြည့်လိုက်ရင် ပိုးစားထားသလိုမျိုး ကွက်တိကွက်ကြားဖြစ်နေတာတွေ့ရပါလိမ့်မယ် …. ဒါဟာသဘာဝပဲမို့ ဘာရောဂါမှ မဟုတ်ပါဘူး …. ဒါပေမယ့် အဲဒီလို အမွှေးလဲနေတဲ့အချိန်မျိုးမှာ အမွှေးတွေကြောင့် အရေပြားယားယံပြီး အင်ပြင်လို အရေပြားယောင်ယမ်းတာမျိုးတွေဖြစ်တတ်ပါတယ် …. ဒါကြောင့်မို့ ကြောင်အမွေးဖြီးတဲ့ဘရပ်(ချ)နဲ့ နေ့စဉ် ဖြီးပေးပြီး ကျွတ်ထွက်နေတဲ့အမွှေးတွေကို ဖယ်ရှားပေးသင့်ပါတယ် … အိမ်ထဲမှာ အမြဲနေတတ်တဲ့ကြောင်တွေမှာတော့ အမွှေးလဲတာက တစ်နှစ်ပတ်လုံးမှန်မှန်လေးဖြစ်နေတာမို့ ဒီလိုကွက်တိကွက်ကြားဖြစ်တာမျိုးမရှိပါဘူး …. တစ်ပတ်တစ်ခါလောက် ကြောင်အမွေးဖြီးတဲ့ဘရပ်(ချ)နဲ့ ဖြီးပေးရင်အမြဲလို လှပစိုပြေနေပါလိမ့်မယ် …. နောက်ပြီးတော့ ကြောင်ကလေးတွေရဲ့ခန္တာကိုယ်မှာရှိတဲ့ အမွှေးတွေရဲ့အရောင်အနုအရင့်ဟာ ပေါက်ရောက်နေတဲ့နေရာကိုလိုက်ပြီးပြောင်းလဲတတ်ပါတယ် …  ခန္တာကိုယ်ရဲ့ အစွန်အဖျားနေရာတွေမှာရှိတဲ့အမွှေးတွေဟာ အရောင်ပိုပြီးရင့်တာကို သတိထားမိကြပါလိမ့်မယ် … အဲဒါဟာ ခန္တာကိုယ်အပူချိန်ရရှိမှုကြောင့်ဖြစ်ပါတယ် …. အပူချိန်လျှော့နည်းရရှိတဲ့နေရာတွေမှာရှိတဲ့ အမွှေးအမျှင်တွေဟာ အရောင်ပိုပြီးရင့်နေပါလိမ့်မယ် … သင့်ကြောင်ကလေးရဲ့ ခန္တာကိုယ်တစ်ခြမ်းကို အမွှေးခပ်ပါးပါးသာရှိနေအောင် ညီညီညာညာ ညှပ်ပေးထားလျှင် အမွှေးတွေဟာ ကျန်တစ်ဖက်ထက်ပိုပြီးအရောင်ရင့်လာတာကိုတွေ့ရပါလိမ့်မယ် …. အဲဒါဟာ ခန္တာကိုယ်ရဲ့အပူချိန်ကို လျှော့နည်းရရှိတဲ့အတွက်ကြောင့်ပါပဲ …. အဲဒီအမွှေးတွေရှည်လာပြီးတဲ့နောက် အမွှေးလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပါလိမ့်မယ် … အဲဒီနောက် ထပ်မံပေါက်ရောက်လာတဲ့ အမွှေးတွေကျတော့ ပုံမှန်အရောင်အတိုင်းပဲပြန်လည်ပေါက်ရောက်လာတာကို သင်တွေ့ရမှာဖြစ်ပါတယ် …..
…………………….. ရွင်လန်းချမ်းမြေ့ကြပါစေ ……..

0 မှတ်ချက်များ to “ေႀကာင္မ်ား အမွှေးလဲခြင်း”

Post a Comment