«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Aug 2012

ကြောင် အဆိပ်မိခြင်း

,

အန္တရာယ်ဖြစ်ဖွယ်ရာတစ်ခုခု စားမိလျှင် စားမိတဲ့အရာဟာသာမန်အရိုးတို့ အခြားပစ္စည်းတို့လားဒါမှမဟုတ်အဆိပ်ဖြစ်နိုင်သလားဆိုတာ အရင်ဆုံးစဉ်းစားရပါမယ် … ဘာပဲဖြစ်ဖြစ် လုပ်သင့်တာက စားမိတဲ့အရာကိုအမြန်ဆုံး ပြန်အန်ထုတ်ပစ်အောင်လုပ်ရမှာဖြစ်ပါတယ် … ကြောင်ကလေးကလည်း ပြန်အန်ထုတ်ပစ်ဖို့ ကြိုးစားနေမှာသေခြာပါတယ် … အန်အောင်လုပ်နိုင်တဲ့ဆေးလည်း မိမိအိမ်မှာအသင့်မရှိဖြစ်နေရင် အလွယ်ဆုံးလုပ်နိုင်တာကတော့ ရေနွေးနွေးကို ဆားအသင့်အတင့်ခပ်ပြီးတိုက်ပေးပါ … တစ်မိနစ်လောက်ကြာရင် ကြောင်ကလေးကို ခြေထောက်နှစ်ဖက်က ကိုင်ပြီးဇောက်ထိုး တွဲလျှောင်းကိုင်ထားပေးလိုက်ရင် စားမိထားတဲ့အရာတွေကို ပြန်အန်ထုတ်ပစ်ပါလိမ့်မယ် … အန်ဆေးအဖြစ်သုံးနိုင်တဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်(Hydrogen peroxide) ရှိရင်တော့ အကောင်းဆုံးပါပဲ .. ပြင်းအား(၃)ရာခိုင်နှုံးရှိတဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်(Hydrogen peroxide)အရည်ကို တစ်ခါတိုက်ရင်လ္ဘက်စားဇွန်း(၃)ဇွန်းနှုန်းနဲ့(၁၅)မိနစ်တစ်ကြိမ်တိုက်ပေးရပါယ် … ဆေးဝင်တာနဲ့ချက်ချင်းအန်ထုတ်ပစ်တာကိုတွေ့ရပါလိမ့်မယ်တခါတရံ အကြောင်းကြောင်းကြောင့် မအန်ထုတ်နိုင်သေးရင် … စောစောကပြောထားတဲ့နှုန်းအတိုင်းပဲ (၁)မိနစ်ခြားပြီး (၃)ကြိမ်အထိတိုက်နိုင်ပါတယ် …  စားမိတဲ့အရာက အဆိပ်ဖြစ်နေရင်တော့ အစာအိမ်ထဲမှာ ကျန်နေသေးတဲ့အနည်းအကျဉ်းသော အဆိပ်တွေကို အစာအိမ်နံရံထဲ စိမ့်မ၀င်သွားနိုင်အောင် လုပ်ပေးရပါအုံးမယ် … (activated charcoal) လို့ခေါ်တဲ့ ဆေးအဖြစ်သုံးနိုင်တဲ့ မီးသွေးခဲဆေးပြားလေးကို ခြေမွပြီးတိုက်လိုက်ရင် အစာအိမ်ထဲကအဆိတ်တွေကို စုပ်ယူထိန်းသိမ်းထားနိုင်တာကြောင့် အဆိပ်တွေ အစာအိမ်နံရံထဲဝင်ရောက်မသွားနိုင်တော့ဘူးပေါ့ …. နောက်တစ်နည်းလည်းရှိပါသေးတယ် … အဲဒါကတော့ … ကြက်ဥ(၂)လုံးကိုဖောက်ပြီးတော့ အကာရည်တွေကိုယူရပါမယ် … အဲဒီအကာရည်တွေထဲကို နွားနို့ ထမင်းစားဇွန်း(၃)ဇွန်းထည့်ပြီး သမသွားအောင်မွှေလိုက်ပါ … ပြီးတော့မှ ကြောင်ကလေးကို ၀င်အောင်တိုက်ပေးပါ … အဆိပ်တွေ အစာအိမ်နံရံထဲ စိမ့်မ၀င်သွားနိုင်အောင် ဖုံးအုပ်တားဆီးပေးထားပါလိမ့်မယ် …
အဆိပ်သင့်လာရင် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေနဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါလက္ခဏာတွေပြသလာတတ်ပါတယ် 
အန်ခြင်း
ပါးစပ်မှအမြှုတ်ထွက်ခြင်း
ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
အစားအသောက်ပျက်ခြင်း
ဗိုက်နာခြင်း
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
အားအင်ချည့်နဲ့လာခြင်း
ထိပ်လန့်ခြင်း
မျက်စေ့မမြင်ခြင်းနဲ့ တက်ခြင်းတို့ဖြစ်လာတတ်ပါတယ် အဆိပ်သင့်တဲ့အခါ အသက်ကိုကယ်နိုင်ရေးအတွက် အဆင့်လိုက်ဆောင်ရွက်ရမယ့်အဆင့်ပေါင်း(၅)ဆင့်ရှိပါတယ်
အဆိပ်သင့်မှန်းသိလျှင်သိချင်း
(၁) အဆိပ်သင့်ပစ္စည်းတွေကိုအန်ထုတ်အောင်လုပ်ပေးခြင်း
အိမ်သုံးဆားကို ရေနွေးနဲ့ဖျော်ပြီးတိုက်ရင် အန်စေနိုင်သလို အချိန်ရရင်တော့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုက်ဆေးရည်ကို ဝယ်ပြီးတိုက်သင့်ပါတယ်
(၂) အဆိပ်တွေကိုအစာအိမ်ကစုပ်မယူနိုင်အောင်ပြုလုပ်ခြင်း
အဆိပ်တွေကိုအစာအိမ်နံရံထဲစိမ့်ဝင်မသွားနိုင်အောင်
ပြုလုပ်ပေးခြင်းဖြစ်ပါတယ်
ကြက်ဥဘဲဥအကာရည်ကိုတိုက်ကျွေးပေးခြင်းအားဖြင့် အစာအိမ်နံရံကိုဖုံးအုပ်ထားပြီး အဆိပ်တွေကိုအစာအိမ်နံရံနဲ့မထိနိုင်အောင်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်
(၃) အဆိပ်တွေကိုအစာအိမ်ထဲမှာပဲ ယာယီထိမ်းထားအောင်ပြုလုပ်ခြင်း ဒါကတော အဆိပ်တွေအစာအိမ်နံရံထဲစိမ့်ဝင်မသွားမီအဲဒီအဆိပ်တွေနဲ့ပေါင်းစပ်ပြီးဆွဲစုပ်ယူထားနိုင်တဲ့ဆေးတွေကိုတို က်ကျွေးခြင်းဖြစ်ပါတယ် ဆေးမီးသွေးခဲလို့ခေါ်တဲ့ activated charcoal ဟာ အဆိပ်တွေကိုစုပ်ယူထားနိုင်တဲ့အတွက် အဆိပ်သင့်တဲ့အခါမှာ ဆေးမီးသွေးခဲဖြစ်စေ succimer (dimercaptosuccinic acid) နဲ့ calcium EDTA ဆေးတစ်မျိုးမျိုးကို ပါးစပ်ကနေတိုက်ပေးနိုင်ပါတယ် 
(၄) အစာအိမ်ထဲကအဆိပ်တွေကိုဆေးကြာ၍ထုတ်ပစ်ခြင်း
ဒီအဆင့်ကတော့ အစာအိမ်ထဲကို အစာအိမ်ပိုက်(Stomach tube)သွင်းပြီး ရေအေးအေးနဲ့ဆေးကြောကာ အဆိပ်တွေကိုဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်

(၅) အစာအိမ်ထဲကနေစိမ့်ဝင်သွားပြီး သွေးစီးကြောင်းထဲကိုရောက်နေတဲ့အဆိပ်တွေကို ကြေပျက်သွားအောင် သက်ဆိုင်ရာဖြေဆေးထိုးနှံခြင်း
ဒီအဆင့်ကတော့နောက်ဆုံးအဆင့်ပြုလုပ်ရမယ့်အဆင့်ဖြစ်ပါတယ်…. မိမိရဲ့ကြောင်ကို အနီးဆုံး တိရစ္ဆာန်ရောဂါကုဆရာဝန်ဆီကို ခေါ်သွားဖို့ပဲဖြစ်ပါတယ် … ဆရာဝန်က အစာအိမ်ထဲစိမ့်ဝင်ပြီး သွေးထဲအထိပြန့်နှံ့ရောက်ရှိနေတဲ့ အဆိပ်တွေကို ပြေသွားအောင် အဆိပ်အမျိုးအစားအလိုက်သင့်လျှော်ရာဖြေဆေးကိုထိုးနှံပေးပြီးတော့ ကြောင်ကလေးရဲ့အသက်ကိုကယ်တင်ပေးနိုင်ပါလိမ့်မယ် …

1 မှတ်ချက်များ:

  • 29 August 2021 at 18:13
    Unknown says:

    ကြောင်လေးကအရမ်းအန်တာ

Post a Comment