«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Aug 2012

နှာခေါင်းသွေးလျှံရောဂါ(Canine Ehrlichiosis)

,
Unicode      
ခွေးတွေမှာဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးပါ … ထင်ရှားတဲ့လက္ခဏာကတော့ မကြာခဏနှာချေ
ပြီးတော့ …နှာချေတဲ့အခါမှာသွေးတွေထွက်လာလေ့ရှိပါတယ် … ဒီလိုသွေးထွက်ရခြင်းကတော့ 
နှာခေါင်းအတွင်းမှာရှိတဲ့ သွေးကြောမျှင်တွေ ယောင်ရမ်းနေလို့ဖြစ်ရတာပါ … ရောဂါဖြစ်စေတဲ့ပိုး
ဟာ သွယ်ဝိုက်တဲ့နည်းနဲ့သွေးကိုကျဲစေတဲ့အတွက်နှာချေလိုက်လို့ သွေးကြောမျှင်တွေပေါက်ပြဲသွား
ရင် သွေးထွက်လွန်တတ်ပါတယ် …နောက်ပြီးတော့ အဖျားငွေ့ငွေ့နဲ့ ကြာရှည်ဖျားနေပါမယ် … 
သိသိသာသာ ပိန်သွားတတ်ပါတယ်၊နောက်ခြေထောက်တွေ တရွတ််ဆွဲလာပါမယ် တဖြည်းဖြည်းနဲ့
 
သွေးအားနည်းပြီးမောလာပါမယ်် … စနစ်တကျမကုရင် အသေအပျောက်များတဲ့ရောဂါဖြစ်ပါတယ် 

 
 
ဒီရောဂါဟာရစ်ကားစီးယားရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် … ဒီပိုးတွေဟာ 
သာမန်အားဖြင့်တောရိုင်းတိရစ္ဆာန်တွေမှာပဲ ရောဂါဖြစ်ပွားစေတာပါ … ဒါပေမယ့် သူတို့ကို 
ကိုက်ထားတဲ့မွှားတွေက ခွေးတွေကို ကိုက်ရင် ရောဂါကူးစက်ခံရနိုင်ပါတယ်
 
… ရစ်ကားစီးယားရောဂါပိုး တစ်ချို့ကို Anaplasma platys လို့လည်း ကြပါသေးတယ် … 
အဖြစ်များတဲ့ရောဂါပိုးတွေကတော့  Ehrlichia  canis နှင့်   Ehrlichia  ewingii  ဖြစ်ပါတယ်
ရောဂါရှိနေတဲ့ခွေးကိုကိုက်ထားတဲ့မွှားတွေက တခြားခွေးကို ကိုက်ရင် ဆက်လက်ကူးစက်ခံရတာပါ
ရောဂါလက္ခဏာတွေက အဆင့်(၃)ဆင့်နဲ့ဖြစ်ပေါ်လာမှာပါ ...
ပထမအဆင့်အနေနဲ့
အစားအသောက်ပျက်မယ်…မှိုင်မယ် … ဖျားမယ် .. ဦးနှောက်အမှေးပါးယောင်တဲ့လက္ခဏာတွေ
ဖြစ်လာပါမယ် … ဒီရောဂါလက္ခဏာတွေက 
ခွေးကျောက်ရောဂါ .. လိုင်း(မ)ရောဂါ … ရော့ကီးမောင်တိမ်းရောဂါ တွေမှာလည်း ပြသတတ်
ပါတယ် … အဲဒီလိုဖြစ်နေပြီး (၂)ပတ်ကနေ(၄)ပတ်လောက်ကြာလာရင် 
ရောဂါရဲ့ဒုတိယအဆင့်ထဲကို  ကူးပြောင်း သွားပါလိမ့်မယ် …
ဒုတိယအဆင့်ကတော့
ရောဂါငုတ်နေတဲ့အဆင့်ဖြစ်ပြီး… (၂)လလောက်ကြာပါတယ် …အဲဒီအဆင့်ပြီးရင် 
နောက်ဆုံးအဆင့်ဖြစ်တဲ့ နာတာရှည်ရောဂါအဆင့်ထဲကို ကူးပြောင်းရောက်ရှိသွားပါလိမ့်မယ်
နာတာရှည်ရောဂါအဆင့်မှာတော့
ရောဂါပိုးပါတဲ့မွှား အကိုက်ခံရပြီးတဲ့နောက်(၄)လလောက်အကြာမှ ဒီအဆင့်ကိုရောက်ရှိလာတာ 
ဖြစ်ပါတယ် … ဒီအဆင့်မှာတော့ ရောဂါပိုးဟာ ခွေးရဲ့ရိုးတွင်းချင်ဆီစနစ်နဲ့ ခုခံအားစနစ်ကို 
စတင်တိုက်ခိုက်ပါတယ် … အဲဒီတော့ ခွေးဟာ နှာခေါင်းသွေးလျှံတာ … သွေးအားနည်းတာ …
 ဖျားတာတွေဖြစ်လာပါမယ် … သိသိသာသာ ပိန်သွားပါမယ် … ခြေလက်တွေယောင်ရမ်းလာ
ပါမယ် … ခြေတုန်လက်တုန်နဲ့ ခယိုခယိုင်ဖြစ်လာတတ်ပါတယ် …
 
ရောဂါရှာဖွေခြင်း
သွေးရည်ကြည်ကိုစစ်ဆေးတဲ့ (IFA)  နည်းနဲ့  Ehrlichia  canis ပိုးရှိကြောင်းကို 
တိတိကျကျသိရှိနိုင်ပါတယ် … ဒါပေမယ့် မွှားအကိုက်ခံရပြီးနောက်(၂)ပတ်ကျော်မှ 
စစ်ဆေးသိရှိနိုင်မှာဖြစ်ပါတယ် … (၂)ပတ်အတွင်းမှာတော့ အဖြေမှန်ကိုမရနိုင်သေးပါဘူး အခု 
နောက်ပိုင်းမှာတော့ ELISA  စစ်ဆေးနည်းနဲ့ … လိုင်း(မ)ရောဂါ .. အာလီခီယိုးစစ်ရောဂါ … 
အေနာပလပ်(စ)မိုးစစ်ရောဂါ နဲ့ နှလုံးအတွင်းသန်ကောင်စွဲကပ်ခြင်းရောဂါတွေကို အလွယ်တကူ
ခွဲခြားနိုင်ပြီဖြစ်ပါတယ် …

Ehrlichiosis ရောဂါဖြစ်တဲ့ခွေးတွေကိုသွေးစစ်ကြည့်ရင်
(၁) သွေးစစ်အဖြေမှာ Serum Alkaline Phosphatase (ALP) ဟာပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
 
ကြောင်: 6-102 IU/L
 
ခွေး: 5-131 IU/L  ထက် မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်


(၂) သွေးစစ်အဖြေမှာ Globulin ဟာ ပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
 
ကြောင်: 2.3-5.3 g/dL
 
ခွေး: 1.6-3.6 g/dL  ထက် မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်

(၃) သွေးစစ်အဖြေမှာ Lymphocyte Count ဟာပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
 
ကြောင်: 1200-8000 cells/μL
 
ခွေး: 690-4500 cells/μL ထက်မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်

(၄) သွေးစစ်အဖြေမှာ Neutrophil Count ဟာ ပုံမှန်ရှိရမယ့်ပမာဏဖြစ်တဲ့
ကြောင်: 2500-8500 cells/μL
ခွေး: 2060-10600 cells/μL ထက် လျှော့ကျနေတာကို တွေ့ရမှာဖြစ်ပါတယ်

 
 
 
 
 
 
 
ရောဂါပြင်းထန်လို့သွေးအားအလွန်အမင်းနည်းနေရင်တော့ သွေးသွင်းကုသပေးတာတို့ 
ဓါတ်ဆားရည်ပုလင်းကြီးသွင်းပေးတာတို့ ပြုလုပ်ပေးရပါမယ် …. ဒီရောဂါဖြစ်နေတဲ့ခွေးကို 
ဓါတ်ဆားရည်များများတိုက်ပေးသင့်ပါတယ် …Doxicycline ဆေးကို နေ့စဉ်(၅)ရက်ဆက်တိုက် 
အကြောဆေးသွင်းပြီးကုသရပါမယ် … Doxicycline စားဆေးတိုက်လို့လည်းရပါတယ်
 
ဒေါက်စီဆိုက်ကလင်းစားဆေးကို အနည်းဆုံး တစ်လလောက်တိုက်ခြင်းအားဖြင့် ရစ်ကားစီးယား 
ရောဂါပိုးတွေကို ထိထိရောက်ရောက် သုပ်သင်ပစ်နိုင်ပါတယ် …၊အခြေအနေသိပ်ဆိုးနေတဲ့ခွေး 
ဆိုရင်တော့ သွေးသွင်းကုသပေးခြင်းဖြင့် အသက်ကယ်ပေးရမှာဖြစ်ပါတယ် ….ဒီဆေးတွေနဲ့ 
ထိထိရောက်ရောက်ကုသလို့ရနိုင်တယ်ဆိုပေမယ့် … ခွေးရဲ့ရောဂါအဆင့်ဟာ … ရိုးတွင်းခြင်ဆီခန်း
သွားတဲ့အဆင့်ရောက်မှ စတင်ကုသတာမျိုး ဆိုရင်တော့ … ကုသခြင်းဟာ 
မအောင်မြင်ဖို့များတယ်ဆိုတာ သတိပြုသင့်ပါတယ်် …
 
ကြိုတင်ကာကွယ်ခြင်း
 
ဒီရောဂါမဖြစ်အောင်ကာကွယ်ဖို့ အဓိကလိုအပ်တာကတော့ကိုယ့်ရဲ့ခွေးမှာမွှားမကပ်အောင်ဂရုစိုက် 
ဆောင်ရွက်ပေးဖို့လိုပါတယ်…amitraz  ဆေးပါဝင်တဲ့ ဆေးလည်ပတ်ကို တပ်ဆင်ပေးထား ရင် 
ကိုယ့်ရဲ့ခွေးဆီကို မွှားတွေရောက်မလာနိုင်ပါဘူး .. မွှားတွေရောက်မလာရင် 
ဒီရောဂါလည်းမဖြစ်နိုင်ပါဘူး။
                                                                      See more - - -  LINK

Zawgyi
ေရာဂါျဖစ္ပြားရျခင္းအေႀကာင္းရင္း
ရစ္ကားစီးယားေရာဂါပိုးေႀကာင့္ျဖစ္ပြားတဲ့ေရာဂါျဖစ္ပါတယ္ … ဒီပိုးေတြဟာ သာမန္အားျဖင့္ေတာရိုင္းတိရစာၦန္ေတြမွာပဲ ေရာဂါျဖစ္ပြားေစတာပါ … ဒါေပမယ့္  
 သူတို႔ကိုကိုက္ထားတဲ့မႊားေတြက ေခြးေတြကို ကိုက္ရင္ ေရာဂါကူးစက္ခံရႏိုင္ပါတယ္
… ရစ္ကားစီးယားေရာဂါပိုး တစ္ခ်ိဳ႕ကို Anaplasma platys လို႔လည္း ႀကပါေသးတယ္ … အျဖစ္မ်ားတဲ့ေရာဂါပိုးေတြကေတာ့  Ehrlichia  canis ႏွင့္   Ehrlichia  ewingii  ျဖစ္ပါတယ္
ကူးစက္ပံု
ေရာဂါရွိေနတဲ့ေခြးကိုကိုက္ျပီးတဲ့မႊားေတြက တျခားေခြးကို ကိုက္ရင္ ကူးစက္ခံရတာပါ…
ေရာဂါလကၡဏာမ်ား   
ေရာဂါလကၡဏာေတြက အဆင့္(၃)ဆင့္နဲ႔ျဖစ္ေပၚလာမွာပါ ... 
ပထမအဆင့္အေနနဲ႔ 
အစားအေသာက္ပ်က္မယ္…မိႈင္မယ္ … ဖ်ားမယ္ .. ဦးေႏွာက္အေမွးပါးေယာင္တဲ့လကၡဏာေတြျဖစ္လာပါမယ္ … ဒီေရာဂါလကၡဏာေတြက ေခြးေက်ာက္ေရာဂါ .. လိုင္း(မ)ေရာဂါ … ေရာ့ကီးေမာင္တိမ္းေရာဂါ ေတြမွာလည္း ျပသတတ္ပါတယ္ … အဲဒီလိုျဖစ္ေနျပီး (၂)ပတ္ကေန(၄)ပတ္ေလာက္ႀကာလာရင္ ေရာဂါရဲ႕ဒုတိယအဆင့္ထဲကို  
ကူးေျပာင္း သြားပါလိမ့္မယ္ … 
ဒုတိယအဆင့္က
ေရာဂါငုတ္ေနတဲ့အဆင့္ျဖစ္ျပီး… (၂)လေလာက္ႀကာပါတယ္ …အဲဒီအဆင့္ျပီးရင္ ေနာက္ဆံုးအဆင့္ျဖစ္တဲ့ နာတာရွည္ေရာဂါအဆင့္ထဲကို ကူးေျပာင္းေရာက္ရွိသြားပါလိမ့္မယ္
နာတာရွည္ေရာဂါအဆင့္
ေရာဂါပိုးပါတဲ့မႊား အကိုက္ခံရျပီးတဲ့ေနာက္(၄)လေလာက္အႀကာမွ ဒီအဆင့္ကိုေရာက္ရွလာတာျဖစ္ပါတယ္ … ဒီအဆင့္မွာေတာ့ ေရာဂါပိုးဟာ ေခြးရဲ႕ရိုးတြင္းခ်င္ဆီ စနစ္နဲ႔ ခုခံအားစနစ္ကို စတင္တိုက္ခိုက္ပါတယ္ … အဲဒီေတာ့ ေခြးဟာ ႏွာေခါင္းေသြးလွ်ံတာ … ေသြးအားနည္းတာ … ဖ်ားတာေတြျဖစ္လာပါမယ္ … သိသိသာသာ ပိန္သြားပါမယ္ … ေျခလက္ေတြေယာင္ရမ္းလာပါမယ္ … ေျခတုန္လက္တုန္နဲ႔ ခယိုခယိုင္ျဖစ္လာတတ္ပါတယ္ …
ေရာဂါရွာေဖြျခင္း
ေသြးရည္ႀကည္ကိုစစ္ေဆးတဲ့ (IFA)  နည္းနဲ႔  Ehrlichia  canis ပိုးရွိေႀကာင္းကို တိတိက်က်သိရွိႏိုင္ပါတယ္ … ဒါေပမယ့္ မႊားအကိုက္ခံရျပီးေနာက္(၂)ပတ္ေက်ာ္မွ စစ္ေဆးသိရွိႏိုင္မွာျဖစ္ပါတယ္ … (၂)ပတ္အတြင္းမွာေတာ့ အေျဖမွန္ကိုမရႏိုင္ေသးပါဘူး အခု ေနာက္ပိုင္းမွာေတာ့ ELISA  စစ္ေဆးနည္းနဲ႔ … လိုင္း(မ)ေရာဂါ .. အာလီခီယိုးစစ္ေရာဂါ … ေအနာပလပ္(စ)မိုးစစ္ေရာဂါ နဲ႔ ႏွလံုးအတြင္းသန္ေကာင္စဲြကပ္ျခင္းေရာဂါေတြကို အလြယ္တကူခဲြျခားႏိုင္ျပီျဖစ္ပါတယ္ …

Ehrlichiosis ျဖစ္တဲ့အခါေသြးစစ္ၾကည့္ရင္
(၁) ေသြးစစ္အေျဖမွာ Serum Alkaline Phosphatase  (ALP) ဟာ
ပံုမွန္ရွိရမယ့္ပမာဏျဖစ္တဲ့
ေၾကာင္: 6-102 IU/L
ေခြး: 5-131 IU/L  ထက္ ျမင့္တက္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္


(၂) ေသြးစစ္အေျဖမွာ Globulin ဟာ ပံုမွန္ရွိရမယ့္ပမာဏျဖစ္တဲ့
ေၾကာင္: 2.3-5.3 g/dL
ေခြး: 1.6-3.6 g/dL  ထက္ ျမင့္တက္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္

(၃) ေသြးစစ္အေျဖမွာ Lymphocyte Count ဟာ
ပံုမွန္ရွိရမယ့္ပမာဏျဖစ္တဲ့
ေၾကာင္: 1200-8000 cells/μL
ေခြး: 690-4500 cells/μL ထက္
ျမင့္တက္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္

(၄) ေသြးစစ္အေျဖမွာ Neutrophil Count ဟာ ပံုမွန္ရွိရမယ့္ပမာဏျဖစ္တဲ့
ေၾကာင္: 2500-8500 cells/μL
ေခြး: 2060-10600 cells/μL ထက္ ေလ်ွာ့က်ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္
ကုသျခင္း
ေရာဂါျပင္းထန္လ႔ို ေသြးအားအလြန္အမင္းနည္းေနရင္ေတာ့ ေသြးသြင္းကုသေပးတာတို႔ ဓါတ္ဆားရည္ပုလင္းႀကီးသြင္းေပးတာတို႔ ျပဳလုပ္ေပးရပါမယ္ …. ဒီေရာဂါျဖစ္ေနတဲ့ေခြးကို ဓါတ္ဆားရည္မ်ားမ်ားတိုက္ေပးသင့္ပါတယ္ …Doxicycline ေဆးကို ေန႔စဥ္(၅)ရက္ဆက္တိုက္ အေႀကာေဆးသြင္းျပီးကုသရပါမယ္ … Doxicycline စားေဆးတိုက္လို႔လည္းရပါတယ္ 
ေဒါက္စီဆိုက္ကလင္းစားေဆးကို အနည္းဆံုး တစ္လေလာက္တိုက္ျခင္းအားျဖင့္ ရစ္ကားစီးယားေရာဂါပိုးေတြကို ထိထိေရာက္ေရာက္ သုပ္သင္ပစ္ႏိုင္ပါတယ္ …၊အေျခအေနသိပ္ဆိုးေနတဲ့ေခြးဆိုရင္ေတာ့ ေသြးသြင္းကုသေပးျခင္းျဖင့္ အသက္ကယ္ေပးရမွာျဖစ္ပါတယ္ ….ဒီေဆးေတြနဲ႔ ထိထိေရာက္ေရာက္ကုသလို႔ရႏိုင္တယ္ဆိုေပမယ့္ … ေခြးရဲ႕ေရာဂါအဆင့္ဟာ … ရိုးတြင္းခ်င္ဆီခန္းသြားတဲ့အဆင့္ေရာက္မွ စတင္ကုသတာမ်ိဳး ဆိုရင္ေတာ့ … ကုသျခင္းဟာ မေအာင္ျမင္ဖို႔မ်ားတယ္ဆိုတာ သတိျပဳသင့္ပါတယ္္ …
ႀကိဳတင္ကာကြယ္ျခင္း
ဒီေရာဂါမျဖစ္ေအာင္ကာကြယ္ဖို႔ အဓိကလိုအပ္တာကေတာ့ ကိုယ့္ရဲ႕ေခြးမွာမႊားမကပ္ေအာင္ ဂရုစိုက္ေဆာင္ရြက္ေပးဖို႔လိုပါတယ္…amitraz  ေဆးပါ၀င္တဲ့ ေဆးလည္ပတ္ကို တပ္ဆင္ေပးထားရင္ ကိုယ့္ရဲ႕ေခြးဆီကို မႊားေတြေရာက္မလာႏိုင္ပါဘူး .. မႊားေတြေရာက္မလာရင္ ဒီေရာဂါလည္းမျဖစ္ႏိုင္ပါဘူး
                                                                      See more - - -  LINK

0 မှတ်ချက်များ to “နှာခေါင်းသွေးလျှံရောဂါ(Canine Ehrlichiosis)”

Post a Comment