«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

23 Sept 2012

ဂျာမန်ရှက်(ပ)ဟတ်ခွေး

,
ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေဟာ ... ဂျာမဏီနိုင်ငံမျိုးရင်းတွေပါ....သစ္စာရှိပြီးသင်ကြားရတာအလွန်လွယ်ကူ တဲ့အတွက်လုံခြုံရေးနဲ့ဆိုင်တဲ့စစ်ဖက်နယ်ဖက်တွေမှာမိုင်းရှာခွေးအသက်ကယ်ခွေးတွေအဖြစ်နဲ့လေ့ကျင့်ပေး ထားပြီးတော့အသုံးပြုကြပါတယ် ...သူတို့ဟာအမေရိကန်အယ်(လ)ဇေးရှင်းခွေး တွေနဲ့အသွင် အပြင်အားဖြင့်အတော်လေးတူကြတာမို့မသိတဲံသူတစ်ယောက်အဖို့ အလွယ်တကူမခွဲခြားနိုင်ပါဘူး ..ထူးခြားတာက ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေဟာအမေရိကန်အယ်(လ)ဇေးရှင်းခွေး တွေထက် အနီရောင် ဖက်ကိုပိုများနေတတ်ပါတယ် ပိုပြီးတော့လည်း ထွားကြိုင်းကြပါတယ်
အရွယ်ရောက်ပြီးဂျာမန်ရှက်(ပ)ဟတ်(GSD)ခွေးအထီးတွေဟာ အရပ်အမြင့် ၂၄ လက္မကနေ ၂၆ လက္မ
အထိ ရှိကြပြီး အမတွေကတော့ ၂၂ လက္မကနေ ၂၄ လက္မအထိရှိတတ်ကြပါတယ် ၊ ကိုယ်အလေးချိန်အနေနဲ့ကတော့ ၇၅ ပေါင်ကနေ ၉၅ ပေါင်အထိရှိတတ်ကြပါတယ်
ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေကို အင်္ဂလန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာမှာတော့ အယ်(လ)ဇေးရှင်းခွေး အမည်နဲ့လူသိများကြပါတယ် ၊ ဒီခွေးမျိုးဟာကမ္ဘာပေါ်မှာ အထင်ရှားဆုံးခွေးမျိုးတွေထဲက တစ်မျိုးဖြစ်ပါတယ် ၊ ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေထင်ရှားကျော်ကြားလာခဲ့တာက ပထမကမ္ဘာစစ်ကြီးနဲ့ အတူဖြစ်ပါတယ်ပထမကမ္ဘာစစ်ကြီးအတွင်းပြင်သစ်ပြည်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် တပ်ကြပ်ကြီး Lee Duncan ဟာ ဒီခွေးမျိုးလေးတစ်ကောင်ကို ကျည်ဆံသေတ္တာအဟောင်းတွေထဲမှာ တယုတယ မွေးထားခဲ့တယ်လို့ဆိုပါတယ် ၊ စစ်ကြီးပြီးသွားတော့တပ်ကြပ်ကြီး Lee Duncan ဟာ ဒီခွေးလေးကို သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ လော့အိန်ဂျလီး(စ)ကို ခေါ်လာခဲ့ပါတယ် ၊ သူဟာ ခွေးလေးကို Rin Tin Tin လို့အမည်ပေးလိုက်ပြီး သေသေချာချာလေ့ကျင့်ပေးခဲ့လိုက်တော့ ခွေးလေးဟာအရမ်းလိမ်မာလာပြီး မယုံနိုင်စရာ အထူးအဆန်းတွေကိုလုပ်နိုင်လာခဲ့ပါတော့တယ် ၊ နောက်တော့  အထူးအဆန်းပြပွဲတွေမှာ ၀င်ရောက်ပြသခဲ့ရာကနေ အလွန်လူသိများထင်ရှားလာခဲ့တာဖြစ်ပါတယ် ၊ နောက်ပိုင်းမှာ Rin Tin Tin ဟာ ရုပ်ရှင်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ရပါတယ် ၊ Rin Tin Tin ဟာ အမေရိကန်နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်တွေနည်းတူ သရုပ်ဆောင်တာဝန်ပေါင်းများစွာကိုကျေပြွန်စွာ ထမ်းဆောင်နိုင်ငံပါတယ် ၊ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကားများစွာအနက်  leading the blind, chasing down criminals, sniffing out illegal substances, serving in the military, visiting the sick, နဲ့ herding stock ဇာတ်ကားတွေက ထင်ရှားပါတယ် ၊ Rin Tin Tin ဟာ သူ့ကိုချစ်တဲ့ပရိသတ်ကြီးဆီက ဂုဏ်ပြုနှုတ်ဆက်စာပေါင်း တစ်သောင်းကျော်လက်ခံရရှိတဲ့ အထိကျော်ကြားလာခဲ့ပါတော့တယ်။
ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေကိုလေ့ကျင့်ပေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုလေ့ ရှိကြပါတယ် ၊ ၂၀၁၁ ခုနှစ်တုန်းက အကြမ်းဖက်တိုက်ခိုက်ခံရလို့ပြိုကျပျက်စီးသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကြီးရဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့လူပေါင်းများစွာရဲ့အသက်ကို ဂျာမန် ရှက်(ပ)ဟတ်ခွေးတွေက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
GSD အမတွေဟာအသက်(၂)နှစ်သားမှာ အရွယ်ရောက်ပြီး GSD အထီးတွေကတော့အသက်(၃)နှစ်သား မှာ အရွယ်ရောက်ကြပါတယ် ၊ဒီခွေမျိုးဟာဟာသက်တမ်းအားဖြင့်(၁၀)နှစ်မ (၁၃)နှစ်လောက် အထိအသက်ရှည်နိုင်ကြပါတယ် ၊ ယေဘူယျအားဖြင့်သူတို့ရဲ့သက်တမ်းဟာ (၁၂)နှစ်ဖြစ်ပါတယ်
အနီရောင်ဂျာမန်ရှက်(ပ)ဟတ်ခွေးမျိုး
အဖြူရောင်ဂျာမန်ရှက်(ပ)ဟတ်ခွေးမျိုး
အထက်ကပုံကတော့ ဂျာမန်ရှက်(ပ)ဟတ်ခွေးမျိုးတွေပါ....အဖြူမျိုးနဲ့အနီမျိုးရှိပါတယ်..

(Unicode Version)
ဂျာမန်ရှက်(ပ)ဟတ်ခွေးအကြောင်း
ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေဟာ သခင်အပေါ်အလွန်သစ္စာရှိပြီး သင်ကြားရတာလည်း  လွယ်ကူတဲ့အတွက် လူမှုရေးကိစ္စတွေမှာ အဖော်ခွေး ခြံစောင့်ခွေး မျက်မမြင်လမ်းပြ ခွေး မူးယစ်ဆေးဝါးရှာတဲ့ အနံ့ခံခွေး တွေအဖြစ်လေ့ကျင့်ပေးပြီးအသုံးပြုကြတဲ့အပြင် စစ်ဖက်ဆိုင်ရာကိစ္စတွေမှာလည်း  မိုင်းရှာခွေး ကင်းထောက်ခွေးစသဖြင့် နယ်ပယ်စုံမှာ  အသုံးပြုနိုင်ကြပါတယ် ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေဟာ အမေရိကန်အယ်(လ)ဇေးရှင်း  ခွေးမျိုးတွေနဲ့သွင်ပြင်လက္ခဏာအားဖြင့်အတော်လေးဆင်တူတဲ့အတွက် အလွယ်တကူခွဲခြားနိုင်ဖို့ခက်ပါတယ် ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေဟာအမေရိကန်အယ်(လ)ဇေးရှင်း   ခွေးမျိုးတွေထက် အနီရောင်ဖက်ကိုပိုများပြီး ပိုမိုထွားကြိုင်းကြတယ်လို့ဆိုပါတယ်
အရွယ်ရောက်ပြီးတဲ့ ဂျာမန်ရှက်(ပ)ဟတ်ခွေးအထီးတွေဟာအရပ်အမြင့်(၂၄)လက္မ ကနေ   (၂၆)လက္မလောက် အထိရှိတတ်ကြပြီး အမတွေကတော့(၂၂) လက္မ ကနေ(၂၄)လက္မလောက် အထိရှိတတ်ကြပာတယ်  ၊ ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေဟာ ခန္တာကိုယ်အလေးချိန်အားဖြင့် (၇၅)ပေါင်ကနေ(၉၅)ပေါင်လောက်အထိ ရှိတတ်ကြတယ်လို့ဆိုပါတယ်
ဂျာမန်ရှက်(ပ)ဟတ်ခွေးအမျိုးအစားဟာအခြားခွေးတွေနဲ့မတူပဲသူတို့ရဲ့အိုင်ကျူအဆင့်  ဟာအတော်လေး မြင့်တဲ့အတွက် ကမ္ဘာမှာအလွန်ကျော်ကြားတဲ့ခွေးမျိုးဖြစ်ပါတယ် ၊ အင်္ဂလန်နိုင်ငံနဲ့ဥရောပနိုင်ငံတွေမှာတော့ ဒီခွေးမျိုးကိုအယ်ဇေးရှင်းခွေးအမည်နဲ့ လူသိ များပါတယ်
အရည်အသွေးပြည့်မီတဲ့ ဂျာမန်ရှက်(ပ)ဟတ်ခွေးမျိုးတွေဟာ စကားလုံးပေါင်း(၁၂၄)ခု  လောက်ကိုကောင်းစွာ နားလည်နိုင်ပါတယ်
ပထမကမ္ဘာစစ်ကြီးဖြစ်တဲ့အခါ ပြင်သစ်ပြည်မှာတာဝန်ထမ်းဆောင်တဲ့ အမေရိကန် တပ်ကြပ်ကြီး Lee Duncan ဆိုသူဟာ ဒီခွေးမျိုးလေးတစ်ကောင်ကို ကျည်ဆံ သေတ္တာအဟောင်းတွေထဲမှာထည့်ပြီး တယုတယမွေးထားခဲ့ပါတယ် ၊ စစ်ကြီးပြီးသွား လို့အမေရိကန်နိုင်ငံကိုပြန်တဲ့အခါ သံယောစဉ်ဖြစ်ပြီး သူနေထိုင်တဲ့လော့စ်အိန်ဂျလီးစ်  မြို့အထိခေါ်သွားပါတယ်အဲဒီစစ်ပြန်ကြီးကအားနေတော့ ဒီခွေးလေးနဲ့ လက်ပွန်းတတီး နေထိုင်ဖြစ်သွားပြီး သေသေချာလေ့ကျင့်ပေးလိုက်တဲ့အခါ အလွန်တတ်လွယ်ပြီး သူ့သခင်ခိုင်းစေတာတွေကို မယုံနိုင်လောက်အောင်လုပ်ပြနိုင်လာပါတယ်
အဲဒီနောက်မှာ Lee Duncan ဟာ ဒီခွေးလေးရဲ့စွမ်းရည်တွေကို အမေရိကန် နိုင်ငံမှာကျင်းပတဲ့ အထူးအဆန်း ပြပွဲတွေမှာပါဝင်ပြသရင်းနဲ့ ခွေးလေးဟာနာမည်ကြီး   လာပြီး ရုပ်ရှင်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်လာ ရတဲ့အထိအောင်မြင်ကျော်ကြား လာခဲ့ပါတယ်
အဲဒီအချိန်ကစပြီး ဂျာမန်ရှက်(ပ)ဟတ်ခွေးတွေရဲ့စွမ်းရည်တွေကို တကမ္ဘာလုံးက သတိပြုမိလာပြီးတော့ စနစ်တကျမွေးမြူလေ့ကျင့်ပြီး လူသားတွေအတွက်အကျိုးပြု  မယ့်လုပ်ငန်းတွေမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်
(၁) ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ
၂၀၁၁ခုနှစ် တုန်းက အကြမ်းဖက်တိုက်ခိုက်ခံရလို့ ပြိုကျပျက်စီးသွားတဲ့ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အဦးကြီးအောက်မှာပိတ်မိနေတဲ့လူပေါင်းများစွားရဲ့အသက်ကို ဒီဂျာမန်ရှက်(ပ)ဟတ်ခွေးတွေက ကယ်တင်ပေးနိုင်ခဲ့ပါတယ်
(၂) မိသားစုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ
(၃) အိမ်စောင့်ခွေးခြံစောင့်ခွေးစသဖြင့်လုံးခြုံရေးဆိုင်ရာလုပ်ငန်းများ
(၄) မူးယစ်ဆေးရှာဖွေရေးလုပ်ငန်းများ
(၅)    မိုင်းရှာဖွေရေးလုပ်ငန်းများနဲ့
(၆) စစ်ရေးကင်းထောက်လုပ်ငန်းများအထိပါလူသားများနဲ့တိုင်းပြည်ကာကွယ်ရေး လုပ်ငန်းများအထိ အကျိုးရှိစွာအသုံးပြုနေကြပြီဖြစ်ပါတယ်
ဒီလိုလေ့ကျင့်သင်ကြားပေးနိုင်ဖို့ဆိုရင် အရည်အသွေးပြည့်မီတဲ့ ဂျာမန်ရှက်(ပ)ဟတ် ခွေးမျိုးတွေကို ရွေးချယ်မွေးမြူနိုင်ဖို့လည်းလိုအပ်ပါတယ်
ဂျာမန်ရှက်(ပ)ဟတ်ခွေးအမတွေဟာ အသက်(၂)နှစ်သားမှာအရွယ်ရောက်ကြပြီး အထီးတွေ ကတော့ (၃)နှစ်သားမှာအရွယ်ရောက်လေ့ရှိပါတယ် ဒီခွေးမျိုးတွေဟာ သက်တမ်းအားဖြင့်    (၁၀)နှစ်ကနေ (၁၃)နှစ်လောက်အထိအသက်ရှည်နိုင်ကြပြီး သူတို့ရဲ့ပျမ်းမျှသက်တမ်းဟာ (၁၂)နှစ်ခန့်ရှိကြပါတယ်
 

0 မှတ်ချက်များ to “ဂျာမန်ရှက်(ပ)ဟတ်ခွေး”

Post a Comment