«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Sept 2012

ပီတာဘေးကြောင်မျိုး

,

ပီတာဘေးကြောင်မျိုးဟာ1994 ခုနှစ်နှောင်းပိုင်းကျတော့မှ ပေါ်ပေါက်လာတာဖြစ်ပါတယ် … ရုရှားလူမျိုး ကြောင်သားစပ်ပညာရှင် အော်လဂါ အက်(စ)မာအိုနိုဗာ ဆိုသူက ဒွန်စဖင့် လို့ခေါ်တဲ့ အမွေးလုံးဝမပေါက်တဲ့ကြောင်မျိုးအထီးနဲ့ အိုရီယန်တယ်ကြောင်မျိုးအမတို့ကို သားစပ်ပေးရာကနေစတင်ပေါက်ပွားလာကြတာဖြစ်ပါတယ် ….
Mandarin iz Murino, Muscat iz Murino, Nezhenka iz Murino    နဲ  Nocturne iz Murino…လို့အမည်ပေးထားတဲ့…သူတို့ရဲ့သားသမီး(၄)ကောင်ဟာ…ဒီပီတာဘေးကြောင်မျိုးတွေရဲ့ မူလအစပဲလို့ပြောနိုင်ပါတယ် ..
……၁၉၉၆ ခုနှစ်ရောက်တော့ ရုရှားနိုင်ငံ ကြောင်ရွေးချယ်ရေးအသင်း(SFF) …ကြီးက မှတ်ပုံတင် သင်္ကေတ ကုဒ်အမည်(PBD)..နဲ့အသိအမှတ်ပြုခဲ့ပါတယ် ……၁၉၉၇ ခုနှစ်ရောက်တော့ နိုင်ငံတကာ ကြောင်ရွေးချယ်ရေးအသင်းThe International Cat Association (TICA) ကြီးက မှတ်ပုံတင် သင်္ကေတ ကုဒ်အမည် (PD) နဲ့အသိအမှတ်ပြုခဲ့ပါတယ်……၂၀၀၃ ခုနှစ်ရောက်တော့ ကမ္ဘာ့ ကြောင်အသင်း World Cat Federation (WCF) …ကြီးကလည်း မှတ်ပုံတင် သင်္ကေတ ကုဒ်အမည် (PBD)..နဲ့အသိအမှတ်ပြုခဲ့ပါတယ် ………
ပီတာဘေးကြောင်မျိုးတွေဟာ…နှုတ်သီးရှည်ပြီး နားရွက်တွေက ရှည်လျှားပြန့်ကားလှပါတယ် … သူတိုရဲ့မေးရိုးတွေဟာ အပြားကြီးပြီး သန်မာကြံ့ခိုင်ပါတယ် … ခြေတံလက်တံရှည်ပြီး ကိုယ်ခန္တာကသွယ်သွယ်လျှလျှရှိပါတယ်…ဒီကြောင်မျိုးကိုသားစပ်ပေးမယ်ဆိုရင်တော့  Balinese နဲ့ Javanese  ကြောင်မျိုးတွေကအသင့်တော်ဆုံးလို့ဆိုပါတယ်…၂၀၀၉ခုနှစ်မေလတုန်းကကျင်းပခဲ့တဲ့ အမေရိကန်ကြောင်ချစ်သူများအသင်းကြီးရဲ့ကြောင်ပြိုင်ပွဲကြီးမှာပီတာဘေးကြောင်မျိုးလည်း         ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်……………….
……………………………………………………………………………………………………………………….

0 မှတ်ချက်များ to “ပီတာဘေးကြောင်မျိုး”

Post a Comment