«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Sept 2012

သန်ချဆေးတိုက်မယ်ဆိုရင်

,
ခေတ်ပေါ်သန်ချဆေးတွေဟာ သန်ကောင်အမျိုးအစား တော်တော်များများကို ထိရောက်စွာ တိုက်ထုတ်ပေးနိုင်ပေမယ့် …သန်လုံကောင်၊သန်ပြားကောင်၊ချိတ်သန်ကောင်၊သစ်ရွက်သန်ကောင် ၊ချစ်စတိုဇုမ်းသန် ကောင် ၊ဖိုင်လေးရီယားသန်ကောင်ဆိုပြီး…သန်ကောင်အမျိုးအစားတွေကလည်း 
များပြားလှတာမို့ … သန်ကောင်တိုင်းကို ချပေးနိုင်ကြတာတော့မဟုတ်ပါဘူး ……. ဒါကြောင်မို့ မိမိရဲ့ အချစ်တော် ခွေးကြောင်တွေမှာ သန်ကောင်ရောဂါနဲ့ပတ်သက်တဲ့ ပြသနာတစ်စုံတစ်ရာ ကြုံတွေ့လာရပြီဆိုရင် ထိထိရောက်ရောက် ရှင်းလင်းဖယ်ရှား ကုသပေးနိုင်ဖို့အတွက်….. တိကျတဲ့
စစ်ဆေးမှုပြုလုပ်ဖို့လိုအပ်ပါတယ် ….ဝမ်းကို စစ်ဆေးရတာကများပါတယ် … တစ်ချို့သန်ကောင်
မျိုးတွေကျတော့လည်း သွေးကိုဖောက်ထုတ်ပြီးစစ်ဆေးကြည့်မှ သိရတာမျိုးလည်းရှိပါတယ်
 
ဆေးစစ်အဖြေရလို့ တိုက်ကျွေးရမယ့် သန်ချဆေးအမျိုးအစားကို သိပြီဆိုရင်လည်း … ဆေးရဲ့
အညွှန်းအတိုင်းတိတိကျကျတိုက်ကျွေးဖို့လည်းလိုပါတယ် … သန်ချဆေးတိုင်းဟာ အဆိပ်တွေ
ချည်းပါပဲ … သန်ကောင်ကို အဆိပ်သင့်စေရတာဖြစ်ပေမယ့် တိရစ္ဆာန်ကိုလည်း အဆိပ်သင့်စေနိုင် ပါတယ် … ဒါကြောင့်မို့   ဆေးကိုဘယ်လောက်နှုန်းထားတိုက်ရမယ် ဘယ်လိုအချိန်မှာတိုက်ရမယ် 
ဆိုတာ သတ်သတ်မှတ်မှတ်ရှိပါတယ် …… ဆေးတိုင်းမှာ ကောင်းကျိုးတွေရှိသလို မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေတယ်ဆိုတာ သိထားသင့်ပါတယ် … အရမ်းကာရောတိုက်ကျွေး တာမျိုးမလုပ်သင့်ပါဘူး  … သန်ချဆေးကို တိုက်ကျွေးပြီးတဲ့နောက်ပိုင်းမှာ ဝမ်းပျက်တာတို့ … အော့အန်တာတို့ ဖြစ်တတ်ပါတယ် … အဲဒီအခါမှာ ဆေးရဲ့သာမန်ဘေးထွက်ဆိုးကျိုးကြောင့်လား … ဆေးအဆိပ်သင့်တဲ့လက္ခဏာလားဆိုတာ ခွဲခြားသိရပါမယ်
 
ဆေးရဲ့သာမန်ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာဆိုရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအချိန်တန်ရင် 
အလိုလိုပြန်ကောင်းသွားမှာပါ၊ ဆေးအဆိပ်သင့်တာဆိုရင်တော့နောက်ဆက်တွဲပြသနာတွေရှိလာ
နိုင်ပါတယ် … အခြေအနေဆိုးလွန်းရင် … အသက်အန္တရာယ်အထိရှိလာနိုင်ပါတယ်
 
အကောင်းဆုံးနဲ့ စိတ်အချရဆုံးကတော့နားလည်တတ်ကျွမ်းတဲ့ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသ
ပြီး ညွှန်ကြားတဲ့အတိုင်းတိုက်ကျွေးကုသတာက … ပိုမိုစိတ်ချရပါတယ်။
စျေးကွက်မှာအလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ သန်ချဆေးတွေကတော့
Coopane
Piperazine
Levamizole
Pyrantel Pamoate(Zerokrim)
Mebendazole
Albendazole
Fembendazole  နဲ့
Ivermectin (ထိုးဆေး)တို့ဖြစ်ပါတယ်
  သန်ချဆေးတိုက်သင့်တဲ့နှုန်ထားများကတော့ 
 
သန်ချဆေးတွေကို စနစ်တကျတိုက်ကျွေးပြီးတော့… စိုပြည်လှပတဲ့အနာဂါတ်ကို ပိုင်ဆိုင်နိုင်ကြ ပါစေ

0 မှတ်ချက်များ to “သန်ချဆေးတိုက်မယ်ဆိုရင် ”

Post a Comment