- ခွေးတွေဟာလူတွေလောက်အမြင်အာရုံ မကောင်းကြပါဘူး ဘာလို့လဲဆိုတော့ အရာဝတ္တုတစ်ခုကို မြင်ရတယ် ဆိုတာက အဲဒီ အရာဝတ္တုဆီကနေ ရောင်ပြန်ဖြာထွက်လာတဲ့အလင်းရောင်က မျက်စေ့အတွင်းမှာရှိတဲ့ Retina လို့ခေါ်တဲ့ အလင်းရောင်အာရုံကို ခံစားနိုင်တဲ့ မြင်လွှာ ကိုထိတွေ့မှုကနေဖြစ်ပေါ်လာတဲ့ ခံစားသိရှိမှုတစ်ခုပါပဲ ခွေးတွေမှာ အပြာရောင် အ၀ါရောင်နဲ့ မီးခိုးရောင်တွေကို ကောင်းစွာမြင်နိုင်တဲ့ အာရုံခံဆဲ(လ)တွေပဲရှိပါတယ် သူတို့ရဲ့မျက်စေ့မှာ အနီရောင်နဲ့ အစိမ်းရောင်ကို မြင်စေနိုင်တဲ့ အလင်းရောင်အာရုံခံဆဲ(လ)တွေ လုံးဝမပါရှိ တဲ့အတွက် သူတို့ဟာ အနီရောင်နဲ့ အစိမ်းရောင်ကို လုံးဝမမြင်နိုင်ကြပါဘူး ဒါပေမယ့် ကံကောင်းတာက သူတို့ရဲ့ မျက်စေ့မြင်လွှာမှာ အလင်းရောင်ရဲ့ပြင်းအားကို ခံစားသိရှိနိုင်တဲ့ Rod Cell တွေအများကြီးပါရှိနေတဲ့အတွက် သူတို့ဟာ အရောင်တွေ ရဲ့တောက်ပမှုပြင်းအားကိုတော့ ခွဲခြားသိရှိနိုင်ကြပါတယ် ဒါကြောင့် လူတွေအဖို့ မမြင်နိုင်လောက်တဲ့အမှောင်ထုထဲမှာ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို သူတို့ကောင်းစွာမြင်နိုင်ကြပါတယ်ဒါပေမယ့် မြင်ပုံ မြင်နည်းကတော့ လူတွေလို တိတိကျကျ သဲသဲကွဲကွဲကြီးမြင်နိုင်ကြတာ မဟုတ်ပါဘူးခွေးအမျိုးအစား တစ်မျိုးနဲ့တစ်မျိုး လည်း မြင်ပုံမြင်နည်းမတူဘူးလို့ဆိုပါတယ် နှုတ်သီးရှည်တဲ့ခွေးမျိုးတွေရဲ့မျက်လုံးထဲမှာ အရာဝတ္ထုတွေကို ရှည်မျောမျော အစင်းကြောင်းများနဲ့ ပုံဖော်ထားသလိုမြင်တွေ့ကြရပါတယ် နှုတ်သီးတိုတဲ့ခွေးမျိုးတွေရဲ့မျက်လုံးထဲမှာ ကျတော့အရာဝတ္ထုတွေကို အစက်အပြောက် တွေနဲ့ ပုံဖော်ထားသလို မျိုးမြင်တွေ့ကြရပါတယ် ဒါကြောင့်လည်း နှုတ်သီးတိုတဲ့ခွေးမျိုးတွေဟာ အစက်အပြောက်များနဲ့ ပုံဖော်ပြသတဲ့ TV ရုပ်မြင်သံကြားစက်ကို ကောင်းကောင်းကြီး ကြည့်ရှုခံစားနိုင်ကြပါတယ် သင့်ရဲ့ခွေးဟာ နှုတ်သီးတိုခွေးမျိုးဆိုရင် သူဟာ TV ရုပ်မြင်သံကြား စက်ကိုမကြာခဏထိုင်ကြည့်နေတတ်တာမျိုး ကိုသင်သတိထားမိပါလိမ့်မယ် ရုပ်သံဇာတ်လမ်းထဲမှာ ခွေးလေးတွေပါဝင်လာရင် သူလည်းပဲ ခံစားသိရှိနေတယ် ဆိုတာတော့ မယုံမရှိပါနဲ့ ... ခွေးတွေဟာ အမြင်အာရုံအနည်းငယ်ချို့တဲ့ကြပေမယ့် သူတို့ရဲ့ အကြားအာရုံနဲ့ အနံ့ခံနိုင်စွမ်းဟာ ပြိုင်ဖက် ကင်းလောက်အောင်ပဲ အရမ်းကိုထက်မြက်ကြပါ တယ်… အရမ်းမှောင်လွန်နေရင် အမြင်အားဖြင့် သင့်ကိုရုတ်တရက်မမှတ်မိနိုင်တာမျိုးဖြစ်တတ်ပါတယ် အဲဒီအခါမျိုးမှာ သင့်အနေနဲ့ သူသိအောင် အသံပြုပေးဖို့ လိုအပ်ပါတယ်
Text content goes here
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံး
-
ကြောင်တွေရဲ့လည်ပင်းပိုင်း ၊ ဦးခေါင်းပိုင်းနဲ့ နားရွက်ရဲ့အစွန်အဖျားနေရာက အရေပြားတွေမှာ Notoedres cati လို့ခေါ်တဲ့ဂျပ်ကောင်တွေစွဲကပ်လို့ဖြစ်...
-
Unicode ဒီရောဂါကတော့ ကြောင်တွေရဲ့အသက်ရှုလမ်းကြောင်းမှာဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် Bordetella bronchiseptica လို့ခေါ်တဲ့ဘက်တီးရီးယားပို...
-
ခွေးမတွေရဲ့ မြိုင်သံသရာကိုလေ့လာရင် (၁) proestrus (၂) estrus (၃) diestrus နဲ့ (၄) anestrus ဆိုပြီးတော့ အဆင့်(၄)ဆင့်ခွဲခြားလေ့လာနိုင်ပ...
-
Unicode ကြောင်ငယ်လေးများအားသန်ချပေးခြင်း ခွေးကြောင်တွေဟာငယ်စဉ်ဘဝမှာပဲသန်ကောင်တွေစွဲကပ်လေ့ရှိပါတယ်၊ သန်လုံးကောင်တွေနဲ့ အတူအခြားသန်ကောင...
Send me your comment.
13 Oct 2012
ခွေးတွေရဲ့ ကြားခြင်းမြင်ခြင်းနဲ့ အနံ့ခံအာရုံ
Posted By
AYPC
,
အချိန်
00:02
Subscribe to:
Post Comments (Atom)