«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2013

ဘော်ဒီတဲလားချောင်းခြောက်ဆိုးရောဂါ(Bordetellosis)

,
( ဘော်ဒီတဲလားရောဂါ  ဆိုတာ)

ခွေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပွားတဲ့အခါ ..ရောဂါပိုမိုပြင်းထန်လာပြီး ချောင်းခြောက်ဆိုးတဲ့ အခြေအနေမျိုးအထိဖြစ်စေတတ်တဲ့ရောဂါဖြစ်ပါတယ် .. 

( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))

Bordetella bronchiseptica လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ် ... ဒီရောဂါပိုးဟာ ခွေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားတဲ့အခါ … နောက်ဆက်တွဲအနေနဲ့ အမြဲလိုလိုပါဝင်ပတ်သက်မှုရှိလာပြီး ခွေးကိုသေစေတတ်တဲ့အထိ ရောဂါကိုပိုမိုဆိုးရွားသွားစေတဲ့ပိုး တစ်မျိုးဖြစ်ပါတယ်...

( ရောဂါရှာဖွေခြင်း )

နှာခေါင်းထဲကအရည်ကို ဂွမ်းစနဲ့သုတ်ယူပြီး ဓါတ်ခွဲခန်းမှာ  Bordetella  bronchiseptica ဘက်တီးရီးယားပိုးပါဝင်မှု ရှိမရှိစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်.. လည်ချောင်းနေရာကအရည်ကိုလည်း ရယူစမ်းသပ်နိုင်ပါတယ် …

((( ကူးစက်ပုံ )
ရောဂါပိုးပါရှိတဲ့ လေကိုရှုမိတဲ့အတွက် ရောဂါကူးစက်ခံရတာဖြစ်ပါတယ် .. 

( အဖြစ်များသောအသက်အရွယ် )

အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ် ..

( ရောဂါလက္ခဏာများ )

အဓိကလက္ခဏာတွေကတော့ … ဖျားးခြင်း…ချောင်းခြောက်ဆိုးခြင်းနဲ့ …အရည်ကျဲကျဲ နှာရည် မျက်ရည်တွေကျခြင်းတို့ဖြစ် 
ပါတယ် … ရောဂါပိုးသယ်ဆောင်ထားတဲ့အဆင့်ကိုပြောင်းသွားတဲ့ခွေးတွေ မှာအဖျားမရှိပေမယ့်လည်း…ချောင်းခြောက်ဆိုးတာကဆက်လက်ဖြစ်ပေါ်နေပြီး…ရောဂါပိုးတွေ လေထဲ ကိုလွှင့်ထုတ်ပေးနေတတ်ပါတယ် … ဒါကြောင့်မို့ အခြားခွေးတွေကို ကူးစက်စေနိုင်ပါတယ် ..

( ကုသခြင်း )

ရောဂါဖြစ်တဲ့ခွေးကို နွေးထွေးခြောက်သွေ့ကာ စိုထိုင်းဆထိမ်းချုပ်နိုင်တဲ့အခန်းထဲမှာထားပြီး ကြပ်ကြပ်မမ ကုရမှာဖြစ်ပါတယ်…ဒီရောဂါပိုးကြောင့် အဖျားရှိပြီး နှာခေါင်းထဲက ဖြူပျစ်ပျစ်ချွဲသလိပ် တွေထွက်နေတဲ့ ခွေးတွေကိုပဋိဇီဝဆေးတွေနဲ့ ကုသပေးဖို့လိုအပ်ပါတယ် ..ချောင်းဆိုးတာသက်သာစေဖို့အတွက် 
Chericof Cough
Chericof Flu Plus
Coldrid
Coldzap စတဲ့ဆေးတစ်မျိုးမျိုးတိုက်ကျွေးပေးနိုင်ပါတယ်
ဘ်ာတီတဲလားရောဂါပိုး တွေဟာ အသက်ရှုလမ်းကြောင်းထဲက ပြင်ပလေနဲ့ထိတွေ့တဲ့နေရာတွေမှာလည်း ခိုအောင်းနေတတ် တဲ့အတွက် ပဋိဇီဝဆေးတွေကို … စားဆေး ထိုးဆေးအသွင်နဲ့ပေးတဲ့အခါ… ထိရောက်မှု မရှိ တာမျိုး ဖြစ်တတ်ပါတယ်…ဒီလိုအခါမှာ ပဋိဇီဝဆေးတွေကို  nebulizer လို့ခေါ်တဲ့အသက်ရှုစက်ကတစ်ဆင့် ရှုသွင်းစေတာက ပိုမိုထိရောက်ပါတယ် …

( ကြိုတင်ကာကွယ်ခြင်း )

ဒီရောဂါအတွက်ကာကွယ်ဆေးရှိပေမယ့် … သာမန်အားဖြင့် … သိပ်ပြီးထိုးနှံလေ့မရှိကြပါဘူး ဒါပေမယ့်..အလှပြခွေး … သင်္ဘောလိုက်တဲ့ခွေး…စစ်သုံးခွေးနဲ့ တန်ဖိုးကြီးခွေးတွေကိုတော့… ကြိုတင်ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ် ….....

0 မှတ်ချက်များ to “ဘော်ဒီတဲလားချောင်းခြောက်ဆိုးရောဂါ(Bordetellosis)”

Post a Comment