«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Aug 2013

နှာခေါင်းသွေးလျှံရောဂါ (ehrlichiosis)

,
အာလီခီယိုးစစ် (ehrlichiosis) 
ရစ်ကားစီးယားရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် … ဒီပိုးတွေဟာ သာမန်အားဖြင့်တောရိုင်းတိရစ္ဆာန်တွေမှာပဲရောဂါဖြစ်ပွားကြတာပါ … ဒါပေမယ့် သူတို့ကိုကိုက်ပြီးသွေးစုပ်ထားတဲ့မွှားတွေက ခွေးတွေကို ကိုက်တာကနေ ကူးစက်ခံရတာပါ… တစ်ချို့ကို Anaplasma platys လို့လည်း ကြပါသေးတယ်
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
ရစ်ကားစီးယားရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် … ဒီပိုးတွေဟာ သာမန်အားဖြင့်တောရိုင်းတိရစ္ဆာန်တွေမှာပဲ ရောဂါဖြစ်ပွားစေတာပါ … ဒါပေမယ့်  
 သူတို့ကိုကိုက်ထားတဲ့မွှားတွေက ခွေးတွေကို ကိုက်ရင် ရောဂါကူးစက်ခံရနိုင်ပါတယ်
… ရစ်ကားစီးယားရောဂါပိုး တစ်ချို့ကို Anaplasma platys လို့လည်း ကြပါသေးတယ် … အဖြစ်များတဲ့ရောဂါပိုးတွေကတော့  Ehrlichia  canis နှင့်   Ehrlichia  ewingii  ဖြစ်ပါတယ်
ကူးစက်ပုံ
ရောဂါရှိနေတဲ့ခွေးကိုကိုက်ပြီးတဲ့မွှားတွေက တခြားခွေးကို ကိုက်ရင် ကူးစက်ခံရတာပါ…
ရောဂါလက္ခဏာများ   
ရောဂါလက္ခဏာတွေက အဆင့်(၃)ဆင့်နဲ့ဖြစ်ပေါ်လာမှာပါ ...ပထမအဆင့်အနေနဲ့ အစားအသောက်ပျက်မယ်…မှိုင်မယ် … ဖျားမယ် .. ဦးနှောက်အမှေးပါးယောင်တဲ့လက္ခဏာတွေဖြစ်လာပါမယ် … ဒီရောဂါလက္ခဏာတွေက ခွေးကျောက်ရောဂါ .. လိုင်း(မ)ရောဂါ … ရော့ကီးမောင်တိမ်းရောဂါ တွေမှာလည်း ပြသတတ်ပါတယ် … အဲဒီလိုဖြစ်နေပြီး (၂)ပတ်ကနေ(၄)ပတ်လောက်ကြာလာရင် ရောဂါရဲ့ဒုတိယအဆင့်ထဲကို  
ကူးပြောင်း သွားပါလိမ့်မယ် …ဒုတိယအဆင့်က
ရောဂါငုတ်နေတဲ့အဆင့်ဖြစ်ပြီး… (၂)လလောက်ကြာပါတယ် …အဲဒီအဆင့်ပြီးရင် နောက်ဆုံးအဆင့်ဖြစ်တဲ့ နာတာရှည်ရောဂါအဆင့်ထဲကို ကူးပြောင်းရောက်ရှိသွားပါလိမ့်မယ်
နာတာရှည်ရောဂါအဆင့်
ရောဂါပိုးပါတဲ့မွှား အကိုက်ခံရပြီးတဲ့နောက်(၄)လလောက်အကြာမှ ဒီအဆင့်ကိုရောက်ရှိလာတာဖြစ်ပါတယ် … ဒီအဆင့်မှာတော့ ရောဂါပိုးဟာ ခွေးရဲ့ရိုးတွင်းချင်ဆီ စနစ်နဲ့ ခုခံအားစနစ်ကို စတင်တိုက်ခိုက်ပါတယ် … အဲဒီတော့ ခွေးဟာ နှာခေါင်းသွေးလျှံတာ … သွေးအားနည်းတာ … ဖျားတာတွေဖြစ်လာပါမယ် … သိသိသာသာ ပိန်သွားပါမယ် … ခြေဆစ်လက်ဆစ်တွေယောင်ရမ်းလာပါမယ် … ခြေတုန်လက်တုန်နဲ့ ခယိုခယိုင်ဖြစ်လာတတ်ပါတယ် …
ရောဂါရှာဖွေခြင်း
သွေးရည်ကြည်ကိုစစ်ဆေးတဲ့ (IFA)  နည်းနဲ့  Ehrlichia  canis ပိုးရှိကြောင်းကို တိတိကျကျသိရှိနိုင်ပါတယ် … ဒါပေမယ့် မွှားအကိုက်ခံရပြီးနောက်(၂)ပတ်ကျော်မှ စစ်ဆေးသိရှိနိုင်မှာဖြစ်ပါတယ် … (၂)ပတ်အတွင်းမှာတော့ အဖြေမှန်ကိုမရနိုင်သေးပါဘူး အခု နောက်ပိုင်းမှာတော့ ELISA  စစ်ဆေးနည်းနဲ့ … လိုင်း(မ)ရောဂါ .. အာလီခီယိုးစစ်ရောဂါ … အေနာပလပ်(စ)မိုးစစ်ရောဂါ နဲ့ နှလုံးအတွင်းသန်ကောင်စွဲကပ်ခြင်းရောဂါတွေကို အလွယ်တကူခွဲခြားနိုင်ပြီဖြစ်ပါတယ် …
ကုသခြင်း 
တက်ထရာဆိုက်ကလင်းဆေး (သို့) ဒေါက်စီဆိုက်ကလင်းဆေးကို အနည်းဆုံး တစ်လလောက် ပေးခြင်းအားဖြင့် ရစ်ကားစီးယားရောဂါပိုးတွေကို ထိထိရောက်ရောက် သုပ်သင်ပစ်နိုင်ပါတယ် … ရောဂါပြင်းထန်လို့ သွေးအားအလွန်အမင်းနည်းနေရင်တော့ သွေးသွင်းကုသပေးတာတို့ ဓါတ်ဆားရည်ပုလင်းကြီးသွင်းပေးတာတို့ ပြုလုပ်ပေးရပါမယ် …. ဒီဆေးတွေနဲ့ ထိထိရောက်ရောက်ကုသလို့ရနိုင်တယ်ဆိုပေမယ့် … ခွေးရဲ့ရောဂါအဆင့်ဟာ … ရိုးတွင်းချင်ဆီခန်းသွားတဲ့အဆင့်ရောက်မှ စတင်ကုသတာမျိုး ဆိုရင်တော့ … ကုသခြင်းဟာ မအောင်မြင်ဖို့များတယ်ဆိုတာ သတိပြုသင့်ပါတယ် …
ကြိုတင်ကာကွယ်ခြင်း
ဒီရောဂါမဖြစ်အောင်ကာကွယ်ဖို့ အဓိကလိုအပ်တာကတော့ ကိုယ့်ရဲ့ခွေးမှာ မွှားမကပ်အောင် ဂရုစိုက်ဆောင်ရွက်ပေးဖို့လိုပါတယ်amitraz  ဆေးပါဝင်တဲ့ ဆေးလည်ပတ်ကို စွပ်ပေးထားရင် ကိုယ့်ရဲ့ခွေးဆီကို ရောဂါသယ်ဆောင်လာမယ့်မွှားတွေရောက်မလာနိုင်ပါဘူး .. 

ထပ်မံဖတ်ရှုရန် နှိပ်ပါ






အကျယ်ဖတ်ရှုလိုပါက အောက်ပါခလုပ်ကိုနှိပ်ပါ

႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕႕

0 မှတ်ချက်များ to “နှာခေါင်းသွေးလျှံရောဂါ (ehrlichiosis)”

Post a Comment