Read in Unicode 
ကူးစက်သော ကြောင်သွေးအားနည်းရောဂါ (FELINE INFECTIOUS ANEMIAS)ဆိုတာ
ကြောင်တွေရဲ့သွေးနီဥတွေကိုပျက်စီးစေတဲ့ရောဂါဖြစ်ပါတယ် …သွေးအားအလွန်အမင်း နည်းသွားရင် ပိန်ချုံးချည့်နဲ့လာပြီးအမြဲလိုလို မောဟိုက်နေတတ်တဲ့ရောဂါဖြစ်ပါတယ် … ရောဂါဖြစ်ပွားတဲ့ကြောင်တွေရဲ့(၃၀)ရာခိုင်နှုန်းဟာ သေဆုံးနိုင်ပါတယ် .. 
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
ဒီရောဂါကိုဖြစ်ပွားစေတဲ့ပိုး နှစ်မျိုးရှိပါတယ် ….                                                
(၂) Mycoplasma haemophilus  တို့ဖြစ်ပါတယ် ….                                      
Mycoplasma haemophilus ရောဂါပိုးကြောင့် ဖြစ်တာကပိုများပါတယ် ..
ကူးစက်ပုံ
Cytauxzoon felis ရောဂါပိုးသယ်ဆောင်ထားတဲ့ မွှားကိုက်ရင် ကြောင်တွေဒီရောဂါ ရနိုင်ပါတယ်…Mycoplasma haemophilus ရောဂါပိုးကျတော့ သွေးဥအတွင်းမှာနေတဲ့ ကပ်ပါးပိုးဖြစ်ပြီးတော့ကြောင်အချင်းချင်းကိုက်တဲ့အခါမှာကူးစက်စေပါတယ်ရောဂါပိုး ၀င်လာတာနဲ့  ကြောင်ရဲ့ခုခံအားစံနစ်ကအပြင်းအထန် စတင်တိုက်ခိုက်ပါတယ်… အဲဒီအခါမှာ… ရောဂါပိုးခိုအောင်းနေတဲ့သွေးဥလေးပါတိုက်ခိုက်ခံရပြီးတော့ပျက်စီး သွားရပါတယ်.. ပြင်ပကနေ ဆေးဝါးအကူအညီနဲ့မကုသပဲထားတဲ့ကြောင်တွေရဲ့    (၃၀) ရာခိုင်နှုန်းက သေဆုံးသွားတတ်ပါတယ် … မသေပဲ ကျန်နေတဲ့ကြောင်တွေ    ဟာ ရောဂါပိုးသယ်ဆောင်ထားပြီး ရောဂါကိုဆက်လက်ဖြန့်ဖြူး ကူးစက်စေနိုင်တဲ့  Carrier ကောင်တွေအဖြစ်နဲ့ ဆက်လက်အသက်ရှင်နေတာဖြစ်ပါတယ် … 
အဖြစ်များသောအသက်အရွယ်
အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် … ရောဂါရှိနေတဲ့ကြောင်မကြီးက သားငယ်ကို ပေါက်ပြဲအောင်ကိုက်မိရင် သားငယ်လေးတွေမှာရောဂါကူးစက်ဖြစ်ပွားစေပါတယ် … 
ရောဂါလက္ခဏာများ
ရောဂါရလာတဲ့ကြောင်ဟာအစာမစားပဲမှိုင်နေပြီး နာတာရှည်အဖျားရှိနေတတ်ပါတယ်… တစ်ချို့ကြောင်တွေမှာ Jaundice လို့ခေါ်တဲ့ မျက်လုံးဝါတာ ဆီးဝါတာ တွေ့ရပါတယ် … အားအင်ချည့်နဲ့ပြီးတော့ တဖြည်းဖြည်း ပိန်ချုံးလာပါမယ် … အသက်ရှုတာ မြန်ပြီး အမြဲလိုလို မောဟိုက်နေတတ်ပါတယ် …Cytauxzoon  felis  ရောဂါပိုးကြောင့်ဖြစ်တာ ဆိုရင် အသက်အန္တရာယ် ပိုနီးပါတယ် … 
ရောဂါရှာဖွေခြင်း
သွေးကို မှန်ပြားပေါ်မှာတင်ပြီး သွေးနီဥပါဝင်မှုအရည်အတွက်ကို စစ်ဆေးကြည့်ရင် … သွေးနီဥပါဝင်မှုပမာဏအလွန်နည်းနေတာကိုတွေ့ရပါတယ်…ရိုးတွင်းချင်ဆီကိုစစ်ဆေး ကြည့်ရင်ရောဂါဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းဖြစ်တဲ့ …. ဘယ်ရောဂါပိုးကြောင့်ဖြစ်ပွား    နေတယ်ဆိုတာကို  ခွဲခြားသိနိုင်ပါတယ် .. 
ကုသခြင်း
Cytauxzoon felis   ရောဂါပိုးကြောင့်ဖြစ်တာဆိုရင် …  ရောဂါစတင်ဖြစ်တာနဲ့ Imidocarb dipropionate   နဲ့  Diminazene aceturate ကိုချက်ချင်းပေးရပါမယ်..ကုသတာနောက်ကျ ရင်တော့ အသက်အန္တရာယ်ရှိပါတယ် …ရောဂါ အခြေအနေဆိုးတဲ့ကြောင်တွေကို အသက်ကယ်နိုင်ဖို့အတွက် … သွေးသွင်းကုသပေးခြင်းကိုလည်းတစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် .. Mycoplasma haemophilus  ရောဂါပိုးကြောင့်ဖြစ်တာ ဆိုရင် Doxycycline  နဲ့  Enrofloxacin  ဆေးတွေနဲ့ကုသပေး ရပါမယ် … 



 
    
   
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 





