«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Feb 2015

ပထမဦးဆုံးတိရစ္ဆာန်ဆေးပညာသင်ကျောင်း

,
ကမ္ဘာပေါ်မှာပထမဦးဆုံးဖြစ်တဲ့ တိရစ္ဆာန်ဆေးကုအတတ်ပညာသင်ကျောင်းကို၁၇၆၂-ခုနှစ်တုန်းက
ပြင်သစ်နိုင်ငံ လီယွန်မြို့လေးမှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်
 

အဲဒီအချိန်တုန်းက ပြင်သစ်နိုင်ငံမှာမွေးမြူထားတဲ့  နွားခြံတွေမှာ နွားပုလိပ်ရောဂါကူးစက်ကျရောက်
ခဲ့တာမို့ အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေခဲ့ရချိန်ဖြစ်ပါတယ်


ပြင်သစ်နိုင်ငံ အခက်ခဲတွေကြုံတွေ့နေချိန်မှာ Claude Bourgelat ဆိုသူ ဆေးပညာရှင်တစ်ဦးရဲ့
ကြိုးစားရှာဖွေမှုကြောင့် နွားပုလိပ်ရောဂါရဲ့ကုထုံးကို အောင်မြင်စွာတွေ့ရှိခဲ့ပါတယ် 


Claude Bourgelat ဟာ ပြင်သစ်နိုင်ငံကိုအကြီးအကျယ်ဒုက္ခပေးနေတဲ့ နွားပုလိပ်ရောဂါ
ကိုတိုက်ထုတ်နိုင်ဖို့ လီယွန်ဆိုတဲ့မြို့လေးမှာတိရစ္ဆာန်ဆေးကုအတတ်ပညာသင်ကျောင်း
တစ်ခုကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်


အဲဒီကျောင်းကမွေးထုတ်လိုက်တဲ့တိရစ္ဆာန်ဆေးကုအတတ်ပညာရှင်တွေဟာ ပြင်သစ်နိုင်ငံကို
အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတဲ့နွားပုလိပ်ရောဂါကို ပြင်သစ်မြေပေါ်ကနေ
အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ကြပါတယ်

0 မှတ်ချက်များ to “ပထမဦးဆုံးတိရစ္ဆာန်ဆေးပညာသင်ကျောင်း”

Post a Comment