Unicode
ဝက်တွေမှာ Dexamethasone သုံးနေကြတဲ့ကိစ္စ Dexa လို့ အတိုကောက်ပြောနေတဲ့ဆေးကို
ဝက်တွေမှာ တော်တော်များများသုံးနေကြပုံရတယ်။
တိရစ္ဆာန်တွေအတွက်ထုတ်လုပ်တဲ့ Dexamethasone sodium phosphate ( တစ် စီစီ မှာ Dexamethasone 2 mg သို့မဟုတ် 4 mg ပါတဲ့)ထိုးဆေးတွေ မြန်မာပြည်တွင်းကို တင်သွင်းလာ
ကြပြီး သုံးစွဲနေကြပါတယ်။ အရေပြားအောက်၊ အသားထဲ၊ သွေးကြောထဲ၊ အဆစ်တွေထဲ၊ ထိုးနည်း အစုံနဲ့ထိုးနှံပေးနိုင်တဲ့ဆေးပါ။
Prednisolone ကထုတ်လုပ်တဲ့ ဒီဆေးဟာ Prednisolone ထက်အာနိသင် ၁၀ ဆ၊ အဆ၂၀ ပိုပြင်း
ပါတယ်။ ဆေးအာနိသင်လဲပိုပြီးကြာကြာခံတယ်။ ဒီဆေးဟာ ကိုယ်ခံစွမ်းအားအဖွဲ့ရဲ့ တုန့်ပြန်မှု
ကြောင့်ဖြစ်တဲ့ယောင်ယမ်းမှု ဖြစ်စဉ်မှာ ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ဓါတ်ပစ္စည်းတွေကို ထိန်းချုပ်ပေး
နိုင်တဲ့ အစွမ်းရှိပါတယ်။ ကိုယ်ခံစွမ်းအားကို လျှော့ကျစေနိုင်တယ်။
ဒီဆေးကို မြင်း၊ နွား၊ ဝက်၊ ခွေး၊ ကြောင် တွေမှာ ယောင်ယမ်းမှုလျော့ချဖို့နဲ့၊ ဓါတ်မတည့်တဲ့ ပြဿနာတွေကို ကုစားတဲ့နေရာနဲ့ အသက်ရှူကြပ်တဲ့ အခြေအနေတွေမှာသုံးနိုင်ပါတယ်။
နွားမတွေမှာ ဇီးရင့် နဲ့ နို့ပေးခါစကာလလို စွမ်းအင်လိုအပ်ချက်မြင့်တဲ့အချိန်မျိုးမှာစွမ်းအင်အတွက်
အစာလုံလုံလောက်မစားနိုင်ခဲ့ရင် ကိုယ်တွင်းကအဆီကိုဖြိုခွဲပြီး စွမ်အင်ထုတ်လုပ်ရတဲ့အတွက် ဖြစ်လာတဲ့ Acetonaemia ရောဂါ ကုသရာမှာလဲ Glucose အကြောဆေးနဲ့အတူတွဲပြီး ကုသဆေး
အနေနဲ့ သုံးပါတယ်။
ဇီးနွားမတွေကို အချိန်စောပြီးမွေးအောင်လုပ်ပေးတဲ့နေရာမှာလဲဒီဆေးကိုသုံးကြတယ်။မြင်းတွေမှာ
ဖြစ်တတ်တဲ့ အဆစ်ရောင် အရွတ်ကြောရောင် ရောဂါ တွေ နဲ့ shock ပြဿနာကိုကုစားဖို့လဲသုံးကြ
ပါတယ်။
နွားမတွေစောမွေးအောင်လုပ်ပေးတာနဲ့Acetonaemiaရောဂါကုပေးတာကလွဲရင်dexamethasone
သုံးတဲ့ကိစ္စတွေဟာ ရောဂါသက်သာစေဖို့ အတွက်သက်သက်သာဖြစ်ပါတယ်(ရောဂါပျောက်အောင်
လုပ်ဖို့ မဟုတ်) ဒီဆေးဟာအလွန်အစွမ်းထက်တဲ့ဆေးဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးကိုတိရစ္ဆာန်ရဲ့ ကိုယ်အလေးချိန်နဲ့ တွက်ချက်ပြီးသုံးဖို့လိုပါတယ်။မြင်း၊နွား၊ဝက်၊သိုးဆိတ်တွေကို ကိုယ်အလေး
ချိန် ၅၀ ကီလိုတိုင်းအတွက် Dexamethasone 3 mg နှုံး တွက်ပြီးထိုးရပါမယ်။ လိုအပ်ရင်နောက် ရက်သို့မဟုတ်တစ်ရက်ခြားပြီး တစ်ကြိမ်ထပ်ထိုးပေးနိုင်ပါတယ်။ ခွေး နဲ့ ကြောင်အတွက်ဆိုရင် ကိုယ်အလေးချိန် ၁၀ ကီလိုတိုင်းကို ဆေး 1 mg နှုံးတွက်ပြီးရပါမယ်။ဆေးချိန်လွန်ကဲမသွားအောင်
သိပ်နည်းတဲ့ပမာဏကို အတိအကျစုပ်ယူထိုးနှံဖို့လိုပါတယ်၊အလွန်အစွမ်းထက်တဲ့Dexamethasone
ဟာဘေးထွက်ဆိုးကျိုးလဲအလွန်များတဲ့ဆေးအမျိုးအစားတစ်ခုပါ။ ဆေးမသုံးသင့်တဲ့အခြေအနေ
တစ်ချို့ကို အောက်မှာရေးပြထားပါတယ်။
တိရစ္ဆာန်ရဲ့ Immune system ခေါ်တဲ့ကိုယ်ခံစွမ်းအားထုတ်လုပ်တဲ့အင်အားစုကိုအားပျော့သွားစေ တဲ့ အစွမ်း ရှိတဲ့အတွက်၊ ဒီဆေးကို ကိုယ်ခံစွမ်းအား ကျဆင်းနေတဲ့ တိရစ္ဆာန်တွေမှာ မသုံးသင့်ပါ။
ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ခံထားရတဲ့ တိရစ္ဆာန်တွေ၊ ရောဂါကြောင့် ဖျားနာနေတဲ့ တိရစ္ဆာန်တွေမှာ မသုံးသင့်ပါ။ ထိခိုက်မှု၊ ခွဲစိတ်ထားမှု ကြောင့် အနာရှိနေတုံး ဒီဆေးသုံးရင် အနာ ကျက်ဖို့ ကြန့်ကြာ စေပါမယ်။ ဘက်တီးရီးယား ပိုးကြောင့်ဖြစ်တဲ့ ရောဂါ ဝင်ချိန်မှာ antibiotics တွေသုံးနိုင်လို့ သိပ်မဆိုးလှပေမဲ့၊ ဗိုင်းရတ် ရောဂါ ဝင်ရောက်တာဆိုရင် ရောဂါကို ပိုပြီး ပြင်းပြင်း
ထန်ထန်ခံစားရစေနိုင်ပါတယ်။
ဇီးရှိတဲ့နွားမတွေကို စောစောမွေးအောင်သုံးကြပေမယ့်၊ တခြား တိရစ္ဆာန်အမျိုးအစားတွေမှာ ဒီဆေးကို ဇီးရှိတဲ့အချိန်မှာမသုံးသင့်ပါ။ ဇီးနုတဲ့အချိန်မှာသုံးရင် သန္ဓေသားမှာအင်္ဂါချွတ်ယွင်းမှု ဖြစ်စေနိုင်တယ်။ ဇီးရင့်ချိန်မှာထိုးရင် စောပြီးမွေးတာ၊ ဇီးလျှောတာတွေဖြစ်နိုင်တယ်၊နွားမတွေ နို့ပေးနေချိန်မှာ ဒီဆေးသုံးခဲ့ရင်နို့ထွက်နှုံးကျစေနိုင်ပါတယ်။
တိရစ္ဆာန်တစ်ကောင်မှာ ဒီဆေးကို အကြိမ်များများသုံးရင်၊ ကြာရှည်သုံးရင်၊ကိုယ်ဖောရောင်တာ၊ အသည်းရောင်တာ၊ ကြွက်သား အားနည်းတာ၊ အရိုးပျော့တာ၊ ဆီးပိုသွားတာ၊ အစာပိုစားတာ၊ မျိုးတွေဖြစ်နိုင်တယ်။
ဆေးကိုင်တွယ်သူဟာ Dexamethasone နဲ့ မတည့်တဲ့သူဆိုရင် ဆေးရည်နဲ့ထိမိပြီး Allergic reaction ဖြစ်နိုင်ပါတယ်။ ဆေးသုံးတိုင်း လက်ကိုမြန်မြန်ဆေးကြောသင့်ပါတယ်။
၂၀၁၁ ခုနှစ် ဝက်နားရွက်ပြာရောဂါဖြစ်ချိန်တုန်းက ရောဂါဖြစ်တဲ့ဝက်တွေကို Antibiotics တွေ အပူကျ အကိုက်အခဲပျောက်ဆေးတွေနဲ့ အတူ Dexamethasone ကိုတွဲသုံးကြတာတွေ့ရတယ်။ ဝက်နားရွက်ပြာရောဂါလို ဗိုင်းရပ်ပိုးဝင်ခံထားရတဲ့ဝက်တွေဟာ Dexamethasone ထိုးပေးတဲ့
အခါမှာ ရောဂါကို ခုခံတိုက်ဖျက်ပေးမယ့် ဝက်ရဲ့စွမ်းအားစုတွေကို ဒီဆေးကဖိနှိပ်လိုက်တဲ့အတွက် ရောဂါကိုပိုဆိုးဝါးစေပြီးမြန်မြန်သေစေမှာသာဖြစ်တယ်။ နားရွက်ပြာရောဂါမဟုတ်ဘဲ တစ်ခြား ဘက်တီးရီးယားတစ်မျိုးမျိုးကြောင့်နာနေတဲ့ဝက်တွေအတွက်တော့ ဒီလိုဆိုးကျိုးမျိုးဖြစ်မှာမဟုတ်
ပါ။
အစွမ်းထက်တဲ့ Dexamethasone ကို မှန်မှန်ကန်ကန်အသုံးချနိုင်ပြီး၊ မလိုလားအပ်တဲ့ ဘေးထွက်
ဆိုးကျိုးတွေ မကြုံတွေ့ ကြပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်။
Dr;Aung Myint (မွေးမြူရေးအတွက်ကာကွယ်ဆေး)
Zawgyi
ဒီဆေးကို မြင်း၊ နွား၊ ၀က်၊ ခွေး၊ ကြောင် တွေမှာ ရောင်ရမ်းမှု လျော့ချဖို့နဲ့၊ ဓါတ်မတဲ့ တဲ့ ပြဿနာ တွေ ကို ကုစားတဲ့နေရာနဲ့ အသက်ရှူကြပ်တဲ့ အခြေအနေတွေမှာ သုံးနိုင်ပါတယ်။
နွားမတွေမှာ ဇီးရင့် နဲ့ နို့ပေးခါစ ကာလလို စွမ်းအင်လိုအပ်ချက် မြင့်တဲ့အချိန်မျိုးမှာ စွမ်းအင်အတွက် အစာလုံလုံလောက် မစားပေးနိုင်ခဲ့ရင် ကိုယ်တွင်းက အဆီကိုဖြိုခွဲပြီး စွမ်အင် ထုတ်လုပ်ရတဲ့အတွက် ဖြစ်လာတဲ့ Acetonaemia ရောဂါ ကုသရာမှာလဲ glucose အကြောဆေး နဲ့အတူ တွဲပြီး ကုသဆေးအနေနဲ့ သုံးပါတယ်။
တိရစ္ဆာန် တစ်ကောင်မှာ ဆေးကို အကြိမ်များများ သုံးရင်၊ ကြာရှည်သုံးရင်၊ ကိုယ်ဖောရောင်တာ၊ အသည်းရောင်တာ၊ ကြွက်သား အားနည်းတာ၊ အရိုးပျော့တာ၊ ဆီးပိုသွားတာ၊ အစာပိုစားတာ၊ မျိုးတွေဖြစ်နိုင်တယ်။
ဆေးကိုင်တွယ်သူဟာ dexamethasone နဲ့ မတဲ့တဲ့ လူဆိုရင် ဆေးရည်နဲ့ ထိစပ်မိပြီး allergic reaction ဖြစ်နိုင် ပါတယ်။ ဆေးသုံးတိုင်း လက်ကို မြန်မြန် ဆေးကြေားသင့်ပါတယ်။
၂၀၁၁ ခုနှစ် ၀က်နားရွက်ပြာရောဂါ ဖြစ်ချိန်တုံးက ရောဂါဖြစ်တဲ့ဝက်တွေကို antibiotics တွေ အပူကျ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ အတူ dexamethasone ကို တွဲသုံးကြတာတွေ့ရတယ်။ ၀က်နားရွက်ပြာရောဂါ လို ဗိုင်းရတ် ပိုး ၀င်ခံထားရတဲ့ ၀က်တွေဟာ dexamethasone ထိုးပေးတဲ့အခါမှာ ရောဂါကို ခုခံတိုက်ဖျက်ပေးမဲ့ ၀က်ရဲ့ စွမ်းအားစု တွေကို ဒီဆေးက ဖိနှိပ် လိုက်တဲ့အတွက် ရောဂါကို ပိုပြီး ဆိုးဝါးစေ၊ မြန်မြန်သေစေ မှာသာဖြစ်တယ်။ နားရွက်ပြာ ရောဂါမဟုတ်ဘဲ တခြား ဘက်တီးရီးယား တစ်မျိုးမျိုးကြောင့် နာနေတဲ့ ၀က်တွေအတွက်တော့ ဒီလိုဆိုးကျိုးမျိုး ဖြစ်မှာ မဟုတ်ပါ။
အစွမ်းထက်တဲ့ dexamethasone ကို မှန်မှန်ကန်ကန် အသုံးချ နိုင်ပြီး၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံတွေ့ ကြပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်။