«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jul 2016

သွေးဝမ်းရောဂါ (Canine Parvovirusr Virus infection)ရှိမရှိစစ်ဆေးခြင်း

,
Canine Parvovirusr Virus Test Kit ဆိုတာဟာ  ခွေးသွေးဝမ်းရောဂါရှိမရှိကို အလျှင်အမြန်
စစ်ဆေးနိုင်တဲ့ကိရိယာဘူးလေးဖြစ်ပါတယ်
ခွေးတွေမှာ Parvovirusr Virus ရောဂါအပြင် ဟက်ပတိုဇူနိုးစစ်ရောဂါ ကြောင့်လည်း
သွေးဝမ်းသွားတတ်တယ်ဆိုတာ သိထားသင့်ပါတယ်

တစ်ဘူးမှာခွေး(၁၀)ကောင်ကို စစ်ဆေးနိုင်ဖို့အတွက်
-      စမ်းသပ်အပြား (၁၀)ခု
-      ဖျော်ရည်(buffer)ပုလင်း (၁၀)ပုလင်း
-      တစ်ခါသုံးအစက်ချပိုက်(၁၀)ခု နဲ့
-      ရောဂါနမူနာယူရန်အတွက် တို့ဖတ်တံ (၁၀)ချောင်းပါဝင်ပါတယ်
စမ်းသပ်အပြား
ဒီ စမ်းသပ်အပြားအပေါ်ကိုကြည့်ရင် ရောဂါနမူနာကိုထည့်ရမယ့်တွင်းချိုင့်ကလေး
(specimen well)တစ်ခုကို လက်ယာဖက်အစွန်မှာတွေ့ရပါလိမ့်မယ်
အလည်တည့်တည့်နေရာမှာတော့အဖြေကိုပြသပေးမယ့် နေရာအကွက်ကလေးဖြစ်ပါတယ်
စစ်ဆေးမှုလုပ်တဲ့အခါအဲဒီအကွက်ကလေးထဲမှာ (Test Line)လို့ခေါ်တဲ့ ကန့်လန့်ဖြတ်အနီရောင်
မျဉ်းကြောင်းလေးတွေ ပေါ်လာမှာဖြစ်ပါတယ်
အဲဒီအကွက်ကလေးရဲ့ဘေးနားမှာ အင်္ဂလိပ်အက္ခရာ”C” နဲ့”T”ကိုရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်

”C” ဆိုတာက ”Control”ဖြစ်ပါတယ် နှိုင်းယှဉ်ကြည့်ရှုရမယ့် မျဉ်းကြောင်းလေးပေါ်လာမယ့်
နေရာဖြစ်ပါတယ်
 ရောဂါနမူနာကို တွင်းချိုင့်ကလေးထဲထည့်လိုက်တာနဲ့ ”Control” နေရာမှာ ကန့်လန့်ဖြတ်
 အနီရောင် ”Control”လိုင်းကလေးက ချက်ချင်းပဲပေါ်လာပါတယ်
”Control”လိုင်း မပေါ်လာဘူးဆိုရင် အသုံးပြုနေတဲ့စမ်းသပ်ပစ္စည်းမှာ ချို့ယွင်းချက်ရှိနေလို့
ဖြစ်ပါတယ် . . . နောက်အသစ်တစ်ခုပြောင်းသုံးရပါမယ် 

 ”Control”လိုင်းပေါ်လာပြီးနောက် သိပ်မကြာခင်မှာ ခွေးသွေးဝမ်းရောဂါရှိမရှိဖော်ပြမယ့်
 ”Test”လိုင်းပေါ်လာမှာဖြစ်ပါတယ် . . . ရောဂါကင်းစင်ရင်တော့ ပေါ်မလာပါဘူး

”T” ဆိုတာက ”Test”ဖြစ်ပါတယ် ရောဂါရှိမရှိ အဆုံးအဖြတ်ပေးမယ့် မျဉ်းကြောင်းလေး
ပေါ်လာမယ့်နေရာဖြစ်ပါတယ် . . . အဲဒီလိုင်းကိုတော့ ”Test”လိုင်းလို့
ခေါ်ပါတယ် 

”Control”လိုင်းရဲ့အနေအထားဟာ ရောဂါရှိကြောင်းပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်
 ပေါ်လာမယ့် ”Test”လိုင်းရဲ့ အရောင်စွဲထင်မှုအတိုင်းအဆကို ”Control”လိုင်းနဲ့ယှဉ်ကြည့်ပြီး

ခွေးသွေးဝမ်းရောဂါရှိနေမှုရှိရဲ့အတိုင်းအဆကိုလည်း ဆုံးဖြတ်နှိုင်မှာဖြစ်ပါတယ်
ခွေးသွေးဝမ်းရောဂါရှိမရှိ စမ်းသပ်စစ်ဆေးတော့မယ်ဆိုရင်  ခွေးရဲ့မစင်ကို အသင့်ပါတဲ့တို့ဖတ်တံကလေးနဲ့ နှံ့စပ်အောင်တို့ယူရပါမယ်။     

မစင်ထဲမှာရှိနေတတ်တဲ့အရိအချွဲကို မတို့ရပါဘူး ၊ သိပ်မာလွန်းနေတဲ့ မစင်ဆိုရင်လည်း
နမူနာကောင်းကောင်းမရနိုင်ပါတဲ့အတွက် စမ်းသပ်ဖို့နမူနာပစ္စည်း ရယူတဲ့အခါမှာ
ဝမ်းသွားပြီးကာစ လပ်လပ်ဆတ်ဆတ်မစင်ကနေပဲ ရယူသင့်ပါတယ်

စမ်းသပ်ဖို့နမူနာပစ္စည်းကို တို့ဖတ်တံနဲ့  တို့ယူတဲ့အခါမှာ မဆိုင်တဲ့အရာတွေနဲ့ မထိမိအောင်
သတိထားရပါမယ် ၊ အဖြေမှားသွားနိုင်ပါတယ်

ပြီးရင် တို့ဖတ်တံကလေးကို အသင့်ပါလာတဲ့ ဖျော်ရည်(buffer)ပုလင်းထဲနှစ်ပြီး 
ငြင်ငြင်သာသာလေး သေသေချာချာမွှေပေးရပါမယ်

အဲလိုမွှေပြီးတာနဲ့ စမ်းသပ်ဖို့အဆင်သင့်ဖြစ်တဲ့ ဖျော်ရည်ကိုရရှိပြီဖြစ်ပါတယ်
အဲဒီအရည်ကို မစမ်းသပ်ဖြစ်သေးလို့ သိမ်းထားချင်ရင် အပူချိန် (2-8) ‘C ရှိတဲ့
ရေခဲသေတ္တာထဲမှာ (၇)ရက်လောက်အထိသိမ်းဆည်းထားနိုင်ပါတယ်
စမ်းသပ်တော့မယ်ဆိုရင် စမ်းသပ်အပြားလေးကို စားပွဲပေါ်မှာရေပြင်ညီအောင်ချထားရပါမယ်

ပြီးရင် ဖျော်ရည်(buffer)ပုလင်းထဲမှာသိမ်းထားတဲ့အရည်ကို တစ်ခါသုံးအစက်ချပိုက်ကလေးနဲ့
စုပ်ယူလိုက်ရပါမယ်

ပြီးရင်
စမ်းသပ်အပြား ရဲ့အပေါ်  လက်ယာဖက်အစွန်မှာရှိတဲ့ ရောဂါနမူနာကိုထည့်ရမယ့်တွင်းချိုင့်ကလေးထဲ
ကို အစက်(၄)စက်တိတိ ထည့်လိုက်ရပါမယ် ၊ ဒါဆိုရင် စမ်းသပ်တဲ့လုပ်ငန်းစဉ်ပြီးသွားပါပြီ

ရောဂါရှိမရှိအဖြေဟာ (၅)မိနစ်ကနေ(၁၀)မိနစ်အတွင်းမှာ စမ်းသပ်ပြားရဲ့ အလည်တည့်တည့်နေရာက
အဖြေပြသပေးမယ့် အခွက်ကလေးမှာ ပေါ်လာတော့မှာဖြစ်ပါတယ်

ရောဂါမရှိရင် “ C “ နေရာမှာ အနီရောင်မျဉ်းပေါ်လာပြီး “ T “နေရာမှာ အနီရောင်မျဉ်းမပေါ်ပါဘူး
ရောဂါရှိနေရင်တော့ “ C “ နေရာမှာကော “ T “ နေရာမှာကော  အနီရောင်မျဉ်း ပေါ်လာမှာဖြစ်ပါတယ် 
သတိထားရမှာက . . . (၁၀)မိနစ်အတွင်းပေါ်လာတဲ့အဖြေကိုသာ အမှန်အဖြစ်မှတ်ယူရမှာဖြစ်ပါတယ်
(၁၀)မိနစ်ကျော်မှပေါ်လာတဲ့အဖြေကို အဖြေအမှန်အဖြစ် မှတ်ယူလို့ မရပါဘူး

Canine Parvovirusr Virus Test Kit နဲ့စစ်ဆေးတဲ့အခါ စမ်းသပ်ပစ္စည်းအထုပ်ကို ဖောက်ပြီးတာနဲ့
 (၁၀)မိနစ်အတွင်းအသုံးပြုဖို့လိုပါတယ်

(၁၀)မိနစ်ကျော်ရင် ပတ်ဝန်းကျင်လေထုထဲက ရေငွေ့ကြောင့်စမ်းသပ်ပစ္စည်းပျက်စီးသွားတဲ့ အတွက် 
စစ်ဆေးမှုရလာဒ်ကမှားယွင်းသွားနိုင်ကြောင်းကိုသတိပြုရပါမယ်

Test Kit နဲ့စစ်ဆေးတဲ့အခါ အသုံးပြုပြီးတဲ့ပစ္စည်းတွေကို  လက်အိတ်နဲ့သာ ကိုင်တွယ်ဖို့နဲ့  
အသုံးပြုပြီးတဲ့ပစ္စည်းတွေကို  အပူချိန်(၁၂၁)ဒီဂရီစင်တီဂရိတ် အထိအပူပေးနိုင်တဲ့(Oven)ထဲမှာ 
ပိုးသတ်ပြီးမှ စွန့်ပစ်သင့်ပါတယ်

0 မှတ်ချက်များ to “သွေးဝမ်းရောဂါ (Canine Parvovirusr Virus infection)ရှိမရှိစစ်ဆေးခြင်း”

Post a Comment