ခွေးချောင်းဆိုးတာ နာတာရှည်လိုဖြစ်နေရင်  HISTOPLASMOSIS လို့ခေါ်တဲ့ရောဂါဖြစ်နိုင်ခြေများပါတယ် 
ဒီရောဂါကတော့Histoplasma capsulatum လို့ခေါ်တဲ့ မှိုရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ် ပါတယ် ၊ ဒီရောဂါပိုးတွေဟာ တိရစ္ဆာန်တွေရဲ့ ဆွေးမြေ့နေတဲ့မစင်တွေရှိနေတဲ့မြေကြီးထဲမှာ
ရောဂါပိုးပါဝင်နေတဲ့အမှုန်အမွှားတွေကို လေနဲ့အတူရှုရှိုက်မိရင်ဖြစ်စေရောဂါပိုးပါဝင်နေတဲ့
ဒီရောဂါကတော့Histoplasma capsulatum လို့ခေါ်တဲ့ မှိုရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ် ပါတယ် ၊ ဒီရောဂါပိုးတွေဟာ တိရစ္ဆာန်တွေရဲ့ ဆွေးမြေ့နေတဲ့မစင်တွေရှိနေတဲ့မြေကြီးထဲမှာ
အများကြီးပေါက်ပွားနေတတ်ပါတယ်
ရောဂါပိုးပါဝင်နေတဲ့အမှုန်အမွှားတွေကို လေနဲ့အတူရှုရှိုက်မိရင်ဖြစ်စေရောဂါပိုးပါဝင်နေတဲ့
အမှုန်အမွှားတွေကို
အစာနဲ့ရောနှောစားမိရင်ဖြစ်စေဒီရောဂါဖြစ်ပွားစေပါတယ်။
ဒီရောဂါဖြစ်လာရင် အသည်းတို့ သရက်ရွက်တို့စတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ
အဖုအကြိတ်တွေဖြစ်လာတတ်ပါတယ်
ပြင်ပမှာ ရောဂါလက္ခဏာရယ်လို့ပြသတာနည်းပေမယ့်တစ်ခါတစ်ရံမှာတော့ပြင်းထန်တဲ့ 
ရောဂါလက္ခဏာတွေဖြစ်လာတတ်ပါတယ်
ရောဂါလက္ခဏာတွေဖြစ်လာတတ်ပါတယ်
အဲဒီအခါမျိုးမှာ ဖျားလာတတ်ပါတယ်ချောင်းအရမ်းဆိုးပြီးအသက်ရှုကြပ်တာ၊နှလုံးခုန်သံပြင်းထန်တာ၊
အသက်ရှုတဲ့အသံတွေပုံမမှန်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ် 
သေသေချာချာကုသမှုမရှိရင်တော့ နာတာရှည်ရောဂါပုံသဏ္ဍာန်ပြောင်းသွားပြီး ပိန်ချုံးလာတတ်ပါတယ် 
အမြဲတန်းလိုလို
ချောင်းဆိုးနေတတ်ပါတယ်ရောဂါပိုးက အူထဲကိုရောက်သွားပြီး အူနံရံတွေထူထဲလာပါတယ်
ဒီအခါမှာ ဆေးမတိုးတဲ့ဝမ်းပျက်ဝမ်းလျှောတာမျိုးဖြစ်လာတတ်ပါတယ်တစ်ခါတစ်ရံ သွေးစသွေးနတွေ၊
အကျိအချွဲတွေပါတဲ့ဝမ်းတွေသွားနေတတ်ပါတယ်
ဒီရောဂါဖြစ်နေတယ်လို့သံသယရှိလာရင် သွေးကိုစစ်လို့အဖြေမထွက်နိုင်ပါဘူး 
ခွေးရဲ့ဝမ်းနမူနာကိုယူပြီး ဓါတ်ခွဲခန်းမှာပိုပျိုးကြည့်တဲ့နည်းနဲ့
အဖြေရှာကြည့်ရမှာဖြစ်ပါတယ် 
Ultrasonography
 လို့ခေါ်တဲ့ အာထရာဆောင်းရိုက်ကြည့်ရင်တော့ အသည်းတို့သရက်ရွက်တို့မှာ 
အဖုအကြိတ်တွေကိုတွေ့ရမှာဖြစ်ပါတယ်
ဒီရောဂါကို အောက်ပါကုထုံးများနဲ့ကုသပေးနိုင်ပါတယ်
(၁) – Ketoconazole ထိရောက်မှုတော့နည်းပါတယ်၊ရေရှည်စွဲကုရတဲ့ရောဂါမျိုး
ဖြစ်တာမို့ အကုန်အကျသိပ်မခံနိုင်သူတွေအဖို့သုံးသင့်တဲ့ဆေးဖြစ်ပါတယ်
(၂) – Itraconazole  စားဆေးကို (၆)လလောက်စွဲတိုက်ရပါမယ်
(၃) – Itraconazole + Amphotericin B (ရောဂါပြင်းထန်တဲ့အခါမှာသုံးပါတယ်)
(၄) – Fluconazole  ဒီဆေးက Itraconazole စားဆေးလောက်မထိရောက်
ပေမယ့် ရောဂါပိုးက             မျက်လုံးထဲတို့ ဦးနှောက်ထဲတို့ရောက်နေတဲ့အခါမျိုးမှာတော့ ဒီကုထုံးကပိုစွမ်းပါတယ်
(၅) - Corticosteroids (မှိုရောဂါပိုးတွေကို
သုပ်သင်ရတဲ့အခါမှာ အသုံးပြုရတဲ့
ဆေးတွေဟာ လည်မျိုကလေရှုပြွန်ကိုယောင်ယမ်းစေတဲ့အတွက်
အသက်ရှုကျပ်လာတတ်ပါတယ်၊ အဲဒီလိုမဖြစ်အောင် ကုသမှုအစပိုင်းကာလ
မှာအထိမ်းဆေးအနေနဲ့ တွဲပေးရတဲ့ဆေးဖြစ်ပါတယ်။
ဒီဆေးကိုကြာရှည်တော့မပေးရပါဘူးရေရှည်စွဲပေးမိရင်
ဒီဆေးကြောင့်ပဲ 
ရောဂါပိုးတွေက ပိုမိုပွားများလာတတ်ပြီးရောဂါအခြေအနေဟာ
အရမ်းဆိုးသွားတတ်ပါတယ်)



 
    
   
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 
 





