«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

12 Aug 2016

နှလုံးသန်ကောင်ရောဂါ (Dirofilariasis)

,
ခွေးနှလုံးသန်ကောင်ကို Dirofilaria  immitis  လို့ခေါ်ပါတယ် နှလုံးထဲမှာသန်ကောင်ရှိတဲ့ခွေးတွေမှာ သန်ကောင်အမက ဥချလိုက်တဲ့အခါသန်ကောင်ဥလေးတွေဟာသွေးထဲမှာပဲ မျောပါနေရင်းကနေ အကောင်ပေါက်ကလေးတွေဖြစ်လာကြပါတယ်
ခွေးရဲ့သွေးထဲမှာမျေားပါနေတဲ့ နှလုံးသန်ကောင်ပေါက်ကလေးတွေဟာ အရွယ်အစားအားဖြင့်ဆိုရင်  (300-322 µm x 6.8-7.0 µm)   လောက်ပဲရှိတဲ့အတွက် သာမန်မျက်စေ့နဲ့မမြင်နိုင်ပါဘူး။

သွေးထဲကိုရောက်နေတဲ့ သန်ကောင်ပေါက်ကလေးတွေ(၂)ပါတ်သားအရွယ်ရောက်ချိန်မှာခြင်ကောင်အမကသွေးလာစုပ်ရင် သန်ကောင်ပေါက်ကလေးတွေလည်းပါသွားပါတယ်။
ဒီသန်ကောင်ပေါက်ကလေးတွေဟာ ခြင်ကောင်ရဲ့ပါးစပ်ထဲမှာ (၃)ရက်လောက်ခိုအောင်းနေရင်း ရောဂါဖြစ်စေနိုင်တဲ့အဆင့်
(L3s)ကိုရောက်လာပါတယ်။
အဲဒီခြင်ကောင်ရဲ့အကိုက်ခံရတဲ့ခွေးဟာ ရောဂါကူးစက်ခံရပါတော့တယ် ၊ ခွေးဆီကိုရောက်လာတဲ့ ဒီသန်ကောင်ပေါက်ကလေး
တွေဟာ မသွားတတ်မလာတတ်သေးဘူးလို့ဆိုရပါလိမ့်မယ် ၊ဘယ်ကိုမှမသွားသေးပဲအကိုက်ခံရတဲ့နေရာရဲ့အရေပြားအောက်မှာ
(၃)ရက်နီးပါးခိုအောင်းနေပြီး သားလောင်းအဆင့်(၄) (L4s) အဆင့်ကိုရောက်လာပါတယ်။

ဒီအဆင့်ရောက်လာတဲ့အကောင်လေးတွေဟာ သွားနိုင်လာနိုင်ပြီဖြစ်တဲ့အတွက် ခန္တာကိုယ်တွင်းက အခြားတစ်သျှူးတွေဆီ
ဝင်ရောက်ပြီး ရက်သတ္တပါတ်တော်တော်များများအထိနားခိုနေလေ့ရှိပါတယ် ၊သွေးထဲကိုချက်ချင်းဝင်သွားတာမဟုတ်
သေးပါဘူး။ အဲဒီလိုနေရင်းနဲ့(၂)လလောက်ကြာတဲ့ အခါ အရွယ်အားဖြင့်(၂)စင်တီမီတာကျော်ကျော်ဖြစ်လာပါပြီ၊ ရွယ်ရောက်
သေးတာတော့မဟုတ်ပါဘူး ဒီအရွယ်ရောက်တော့မှ ဒီသန်ကောင်လေးတွေဟာ သွေးလှည့်ပတ်မှုစနစ်ထဲကို စတင်ဖောက်ထွင်း ဝင်ရောက်ကြပါတယ်သွေးကြောထဲကိုရောက်ပြီဆိုတော့ သွေးနဲ့အတူမျောပါလိုက်သွားကြရင်းနဲ့ နောက်ဆုံးမှာအဆုပ်ကိုသွား
တဲ့သွေးကြောမကြီးနဲ့ နှလုံးထဲကိုရောက်တဲ့အကောင်လေးတွေက ဆက်မလိုက်တော့ပဲ အဲဒီနေရာမှာခိုအောင်းနေလိုက်ကြပါ
တယ် ၊ ဒီအဆင့်ဟာ  ခြင်ကိုက်ခံရတဲ့ရက်ကနေ ရက်ပေါင်း(၇၀)လောက်မှာဖြစ်ပါတယ် ၊ ဆိုလိုတာကခြင်ကိုက်ခံရတဲ့ရက်ကနေ ရက်ပေါင်း (၇၀)လောက်မှာနှလုံးထဲကိုစတင်ရောက်ရှိကြတာဖြစ်ပါတယ် ။

အဲဒီနေရာတွေမှာခိုအောင်းနေထိုင်ရင်းအကောင်ကြီးဘဝကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာကြပါတော့တယ်။ အထီးတွေဟာ 
(၆)လက္မအရှည်လောက််ဖြစ်လာပြီး အမတွေဟာ(၁)ပေနီးပါးလောက်အထိ ရှည်လျှားလာတတ်ကြပါတယ်။
ခွေးတွေမှာဆိုရင် ခြင်ကိုက်ခံရတဲ့ရက်ကနေ ရက်ပေါင်း (၆)လလောက်ဆိုရင်ရောဂါလက္ခဏာတွေစတင်ပြသလာတတ်ပါတယ် 
၊ဒီသန်ကောင်တွေဟာခွေးကိုဒုက္ခအမျိုးမျိုးပေးရင်းနဲ့ခွေးရဲ့ခန္တာကိုယ်ထဲမှာ(၇)နှစ်လောက်အထိအသက်ရှင်နေထိုင်နိုင်ကြပါတယ်။
သန်ကောင်ကြီးတွေ ခိုးအောင်းနေတဲ့နေရာအလိုက် ကိုယ်တွင်းအင်္ဂါတွေရဲ့ ဆောင်ရွက်မှုကိုထိခိုက်စေတဲ့အပေါ်မှာပဲ ရောဂါ
လက္ခဏာတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အဆုပ်သွေးကြောထဲမှာ နှလုံးသန်ကောင်တွေပိတ်ဆို့တဲ့အခါ အဆုပ်ရဲ့ဆဲလ်တွေပျက်စီးစေပါတယ် ဒီတော့ အသက်ရှုလို့မဝပဲ
ပိန်ချုံးလာပါမယ် အသက်ရှုကျပ်တာမျိုးအထိဖြစ်လာနိုင်ပါတယ်
ပိုဆိုးတာက ဒီသန်ကောင်ကြီးတွေဟာ အလွန်ရှည်လျှားတဲ့အတွက် နှလုံးထဲမှာချိတ်တွယ်ခိုအောင်းနေတဲ့သန်ကောင်ကြီးတွေ
ရှည်ထွက်လာပြီး နှလုံးအပြင်ဖက်အထိတန်းလန်းထွက်လာရင်နှလုံးအဆို့ရှင်တွေပုံမှန် ပိတ်လို့ဖွင့်လို့မရအောင်ခံထားသလိုဖြစ်
လာပါတယ်
အဲဒီအခါမှာခန္တာကိုယ်အစိပ်အပိုင်းတွေဆီ သွေးကိုကောင်းကောင်းမပို့လွှတ်နိုင်တော့တဲ့အတွက် နည်းနည်းလေး
လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ အမောမခံနိုင်ဖြစ်လာပါမယ် ၊ မျက်လုံးကိုဖြဲကြည့်ရင် သွေးရောင်မရှိပဲ ဖြူဖတ်ဖြူရော်ဖြစ်
နေတတ်ပါတယ် ၊
အောက်ကဓါတ်မှန်ကတော့ နှလုံးထဲမှာသန်ကောင်တွေပိတ်ဆို့ဖောင်းကားနေပုံဖြစ်ပါတယ်

ရောဂါရင့်တဲ့အခြေအနေမျိုးမှာဆိုရင် ဗိုက်ခေါင်းထဲမှာ အရည်တွေစုလာပြီးဝမ်းဗိုက်တစ်ခုလုံးဖောင်းကားနေတတ်ပါတယ်။ ဒီရောဂါရှိမရှိသိနိုင်ဖို့အတွက်ကတော့ ဓါတ်ခွဲခန်းမှာသွေးရည်ကြည်စစ်ဆေးတဲ့နည်းနဲ့သိရှိနိုင်ပါတယ် ဒါပေမယ့် ဘယ်စစ်ဆေးနည်းမှရာနှုန်းပြည့်အတိအကျမမှန်ဘူးလို့ ပညာရှင်တွေကဆိုပါတယ်။

ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်လို့ရောဂါမရှိကြောင်းအဖြေရတဲ့ခွေးတွေဟာနှလုံးသန်ရောဂါလက္ခဏာတွေခံစားနေရတာတွေ့နိုင်ပြီး ရောဂါရှိပါတယ်လို့အဖြေရတဲ့ခွေးတွေဟာလည်း လက်တွေ့မှာ ဘာမှမဖြစ်တာမျိုးတွေလည်းရှိတတ်ပါတယ်။
စျေးကွက်မှာဝယ်လို့ရတဲ့Heart-worm Test Kitလေးတွေနဲ့စမ်းသပ်ခြင်းအားဖြင့်လည်းခန့်မှန်းအဖြေတော့ရနိုင်ပါတယ်။ ဒီရောဂါမဖြစ်အောင်ပုံမှန်ကြိုတင်တိုက်ကျွေးရတဲ့ကာကွယ်ဆေးတွေရှိပါတယ် Macrocyclic lactone  ဆိုတဲ့ဆေးနဲ့
ivermectin စားဆေးတွေကတော့အသုံးများပါတယ် စျေးကွက်ထဲမှာ Diroheart အမည်နဲ့ဝယ်လိုရသလို En-Dex 4000 အမည်နဲ့လည်းရရှိနိုင်ပါတယ်။

        ivermectin  စားဆေးကိုစျေးကွက်မှာဝယ်လို့ရပါတယ်
 
ဒါ့အပြင် milbemycin oxime  စားဆေးတွေလည်းတိုက်ကျွေးပေးနိုင်သလို ခြင်ကိုက်မှုကိုကာကွယ်ဖို့ selamectin  လိမ်းဆေးနဲ့ moxidectin  လိမ်းဆေးတွေလည်းလိမ်းပေးလို့ရပါတယ်။
ဒီရောဂါဖြစ်လာရင်တော့  သွေးကြောကျယ်စေတဲ့ဆေးတွေ ချက်ချင်းတိုက်ကျွေးရပါတယ် ဗိုက်ယောင်နေရင် ဆီးဆေးတိုက်တာ ထိုးတာလုပ်ပေးနိုင်ပါတယ် ၊ ခွေးရဲ့အခြေအနေအရလိုအပ်ရင်ဓါတ်ဆားရည်ပုလင်းကြီးချိတ်ပေးရပါတယ် ၊ ဖောတာယောင်တာ ရှိရင် corticosteroid  တွေပေးရပါမယ်
 
ခွေးတစ်ကောင်ဟာနှလုံးသန်စွဲရောဂါရှိကြောင်း စစ်ဆေးချက်အဖြေရရှိလိုက်တာနဲ့ ကာကွယ်ဆေးတိုက်နေဆဲဖြစ်ရင်လည်း မရပ်ပစ်ပဲဆက်တိုက်ရပါမယ် ကာကွယ်ဆေးတိုက်နေတာမဟုတ်ရင်လည်း ကာကွယ်ဆေးကိုချက်ချင်းစတိုက်ရပါမယ် ၊ ခြင်ကိုက်ခံရလို့ နောက်ထပ်ရောက်လာမယ့် သန်ကောင်ပေါက်ကလေးတွေကို သုပ်သင်ပစ်ဖို့မဖြစ်မနေလုပ်ရမှာမို့ဖြစ်ပါတယ်။
နှလုံးသန်ကောင်ရောဂါစွဲကပ်နေပြီဆိုရင် လေ့ကျင့်ခန်းမလုပ်စေသင့်ပါဘူး။ နှလုံးထဲမှာအရွယ်အစားကြီးမားတဲ့သန်ကောင်ကြီးတွေစွဲကပ်နေတဲ့အဆင့်ဆိုရင်တော့ ဆေးဝါးနဲ့ကုသမှုဟာ အန္တရာယ်မကင်းတဲ့အပြင်အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ် သန်ကောင်ကြီးတွေရှိမရှိကို အာလ်ထရာဆောင်းဓါတ်မှန်ရိုက်ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ် အကယ်၍ သန်ကောင်ကြီးတွေရှိနေရင်တော့ ကျွမ်းကျင်တဲ့ခွဲစိပ်ဆရာဝန်နဲ့ခွဲစိပ်ပြီး နှလုံးနဲ့အဆုပ်ထဲကသန်ကောင်တွေကိုဆွဲထုပ်ပစ်ရမှာဖြစ်ပါတယ်

ဒီဆေးက သန်ကောင်ပေါက်ကလေးတွေ ခန္တာကိုယ်ထဲရောက်လာရင်ချက်ချင်းသုပ်သင်ပေးနိုင်ပါတယ်
အရေးကြီးတဲ့အချက်က ခွေးနှလုံးသန်ကောင်ရောဂါကိုကုသတဲ့အခါမှာ အသုံးပြုရတဲ့ဆေးတွေဟာ သန်ကောင်အရွယ်စုံကို
မသုတ်သင်နိုင်တဲ့အတွက် ကုသနေဆဲမှာပဲ ခြင်ကိုက်လို့ထပ်ရောက်လာနေတဲ့သန်ကောင်ပေါက်ကလေးတွေက အကောင်ကြီးဘဝရောက်လာပြန်တာမို့ ခွေးနှလုံးသန်ကောင်ရောဂါကိုကုသတဲ့အခါမှာ ကုထုံးအတိုင်းတိတိကျကျလိုက်နာ
ဆောင်ရွက်မှသာ ကုသမှုအောင်မြင်နိုင်မှာဖြစ်ပါတယ်။

တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကတော့ ဒီရောဂါကိုအဆင့်(၃)ဆင့်ခွဲခြားသတ်မှတ်ပြီးရောဂါအဆင့်အလိုက်သက်ဆိုင်ရာ
ကုထုံးတွေနဲ့ ကုသပေးလေ့ရှိကြပါတယ် ၊ရောဂါအဆင့်(၁) နဲ့ ရောဂါအဆင့်(၂) မှာဆိုရင်တော့ melarsomine dihydrochloride ထိုးဆေးကို ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း  (2.5 mg) နှုန်းနဲ့ထိုးနှံပေးပါတယ် ၊ ဒီဆေးကို (၂၄)နာရီခြားပြီး(၂)ကြိမ်တိတိ မပျက်မကွက်ထိုးနှံပေးရမှာဖြစ်ပါတယ်ဒီဆေးထိုးနှံနေတဲ့ရက်တွေမှာ ခွေးကိုလှုပ်လှုပ်ရှားရှားမလုပ်စေဖို့အကြံပြုကြပါတယ်။
 
ဒီလိုထိုးနှံလိုက်ရင် သန်ကောင်(၉၀%)ကသေသွားပါတယ် ၊ နောက်(၄)လကြာတဲ့အခါမှာ ခွေးကို Test Kit နဲ့ သွေးပြန်စစ်ကြည့်ရပါမယ် ၊ အကယ်၍ သွေးအဖြေမှာရောဂါရှိနေသေးရင်အထက်ပါအတိုင်း ကုသမှုပြန်လုပ်ပေးရပါတယ််။
ဒီလို(၄)လ အချိန်ခြားပြီးမှ ကုသမှုပြန်လုပ်ရခြင်းကတော့ ပထမအကြိမ်ထိုးနှံစဉ်မှာ နှလုံးသန်ကောင်သတ်တဲ့ထိုးဆေးက
မသတ်နိုင်ခဲ့သေးတဲ့ သန်ကောင်အငယ်တွေကို အရွယ်ရောက်လာအောင်စောင့်ဆိုင်းနေပြီး သတ်လို့ရတဲ့အချိန်ရောက်လာမှ ထပ်ပြီးသတ်တဲ့သဘောပါပဲ။

ရောဂါအဆင့်(၃) ဆိုရင်တော့ melarsomine dihydrochloride ထိုးဆေးကို ခန္ဆာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း  (2.5 mg) နှုန်းနဲ့ ပထမအကြိမ်အသားဆေးထိုးနှံပေးရပါတယ် ၊ နောက်(၁)လအကြာမှာ (၂)ကြိမ်တိတိ မပျက်မကွက်ထိုးနှံပေး
ရမှာဖြစ်ပါတယ် ၊ ဒုတိယလမှာကျတော့(၂)ကြိမ်ထိုးရမှာဖြစ်ပြီး တစ်ကြိမ်နဲ့တစ်ကြိမ်ဟာ (၂၄)နာရီခြားပြီးထိုးနှံပေးရမှာဖြစ်ပါ
တယ်။ထုံးစံအတိုင်းပဲ ဒီဆေးထိုးနှံနေတဲ့ရက်တွေမှာ ခွေးကိုလှုပ်လှုပ်ရှားရှား မလုပ်စေဖို့ အကြံပြုကြပါတယ် ၊ဒီလိုထိုးနှံလိုက်ရင် သန်ကောင်(၉၈%)က သေသွားပါတယ် ၊ နောက်(၄)လကြာတဲ့အခါမှာ ခွေးကိုသွေးပြန်စစ်ကြည့်ရပါမယ် ၊ အကယ်၍ သွေးအဖြေမှာရောဂါရှိနေသေးရင် အထက်ပါအတိုင်းကုသမှုပြန်လုပ်ပေးရပါတယ်် ၊ ဒီလိုကုသပေးနေစဉ်မှာလည်း ကာကွယ်ဆေးကို ဆက်လက်တိုက်ကျွေးနေရမှာဖြစ်ပါတယ်။
 
မကြာသေးခင်ကလေ့လာတွေ့ရှိချက်တွေအရ နှလုံးသန်ကောင်ကုသဆေးမထိုးခင် doxycycline စားဆေးကို ကြိုတိုက်ထားရင် သန်ကောင်အသေတွေကြောင့် အဆုပ်ထိခိုက်ပျက်စီးမှုနည်းစေပြီး သန်ကောင်ပေါက်အရေအတွက်ကိုလည်း အများကြီးလျျှော့ကျသွားစေတယ်လို့ဆိုပါတယ် 
နောက်ထပ်အရေးကြီးတဲ့တွေ့ရှိမှုတစ်ခုကတော့ doxycycline  စားဆေးတိုက်ထားတဲ့ခွေးရဲ့သွေးထဲကသန်ကောင်ပေါက်တွေကို ခြင်ကစုပ်ယူသွားရင်တောင်မှ ၊ နောက်ခွေးတစ်ကောင်ဆီရောက်တဲ့အခါရောဂါပေးနိုင်ဖို့အခွင့်အလမ်းက အလွန်နည်းသွားစေ
တယ်လို့သိရပါတယ်။
                        ထပ်မံဖတ်ရှုရန်လင့်ကိုနှိပ်ပါLink

1 မှတ်ချက်များ:

  • 17 March 2018 at 12:34
    Unknown says:

    ဗဟုသုတရလို့​ကျေးဇူးအထူးတင်​ပါတယ်​။

Post a Comment