ဒီရောဂါကတော့ ပရိုတိုဇွားလို့ခေါ်တဲ့ကပ်ပါးကောင်လေးတွေကြောင့်
လူအပါအ၀င်နို့တိုက်သတ္တ၀ါအတော်များများမှာဖြစ်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
ရောဂါပိုးဟာ ယင်ကောင်ကနေကူးစက်စေတာဖြစ်ပါတယ်ဒီရောဂါဟာတစ်ကမ္ဘာလုံးအနှံ့ နိုင်ငံပေါင်းအတော်တော်များများမှာဖြစ်ပွားလေ့ရှိပါတယ်
ရောဂါပိုးဟာ ယင်ကောင်ကနေကူးစက်စေတာဖြစ်ပါတယ်ဒီရောဂါဟာတစ်ကမ္ဘာလုံးအနှံ့ နိုင်ငံပေါင်းအတော်တော်များများမှာဖြစ်ပွားလေ့ရှိပါတယ်
ခွေးတွေမှာဒီရောဂါဖြစ်ရင်အန်ခြင်း ၊ ၀မ်းအရည်သွားခြင်း ၊ ချောင်းဆိုးခြင်း
၊ နှာချေခြင်း ၊ အဆစ်အမြစ်တွေယောင်ခြင်း ၊ လမ်းလျှောက်တဲ့အခါခွေယိုင်ယိုင်ဖြစ်ခြင်း
၊ မျက်လုံးအတွင်းသား
ကိုဖြဲကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း ၊ ခန္တာကိုယ်အနှံ့မှာအနာတွေပေါက်ခြင်း ၊ ခွေးရဲ့နှုတ်သီးမှာအဖုအကြိတ်တွေပေါ်ခြင်း ၊ ခြေသည်းလက်သည်းတွေမှာ
အရှည်လိုက်ကွဲအက်နေတတ်ခြင်းမျက်နှာပေါ်ကအမွှေးများကျွတ်ခြင်းစတဲ့
လက္ခဏာမျိုးစုံဖြစ်တတ်ပါတယ်။
ကြောင်တွေမှာတော့ဒီလိုလက္ခဏာမျိုးစုံးပြသလေ့မရှိပဲ
ရောဂါကငုတ်နေတတ်ပါတယ် ရောဂါပြင်းထန်တဲ့အခြေအနေဆိုရင်တော့
ခန္တာကိုယ်အနှံ့မှာ အနာငယ်လေးတွေ ပေါက်လာတာမျိုးလောက်ပဲဖြစ်တတ်ပါတယ်
ဒီရောဂါကိုဆေးဝါးတွေနဲ့ထိမ်းချုပ်ထားနိုင်ပေမယ့်
အမြစ်ပြတ်အောင်တော့ကုသလို့မရနိုင်သေးပါဘူး ဆေးကုပေးလို့ သက်သာသွားပေမယ့် ပြန်ဖြစ်တတ်ပါတယ်
ကုသမှုအနေနဲ့ Allopurinol စားဆေးကို
ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း (၁၅)မီလီဂရမ်နှုံးနဲ့ နေ့စဉ်တိုက်ကျွေးရပါမယ် Amphotericin B ထိုးဆေးကို
ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း(၃)မီလီဂရမ်နှုံးနဲ့ တစ်ရက်ခြားထိနှံးပေးနိုင်ပါတယ်
ကြောင်တွင်ဖြစ်ပွားမှုအားဖတ်ရှုရန်လင့်ကိုနှိပ်ပါ LINK