«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

2 May 2017

ဝမ်းပျက်ဝမ်းလျှောခြင်းနှင့်ဆက်စပ်နေသောရောဂါများခန့်မှန်းရှာဖွေခြင်း

,
Unicode
 
ဝမ်းပျက်ဝမ်းလျှောသည့်လက္ခဏာတွေ့ရှိရလျှင် ရောဂါခန့်မှန်းရာ၌ အောက်ပါအချက်များသည် 
 
အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောနေသောခွေးကြောင်များတွင်

(၁) ဗိုက်နာသည့်လက္ခဏာပူးတွဲတွေ့ရှိရလျှင် (Cholecystitis)ခေါ် သည်းခြေအိတ်ယောင်ရောဂါ 
 
ဖြစ်နိုင်ခြေရှိပြီးအဖျားရှိခြင်း၊အန်ခြင်းနှင့်၊ မျက်တွင်းသားများဝါခြင်းတို့ထပ်မံတွေ့ရတတ်ပါသည်။


(၂) လှုပ်ရှားနိုင်ခြင်းမရှိသည့်လက္ခဏာပူးတွဲတွေ့ရှိရလျှင်(INTESTINAL NEOPLASIA)ခေါ်အူအတွင်း
 
အသားလုံးအဖုအကြိတ်တည်ခြင်းဖြစ်နိုင်ခြေရှိပါသည်၊ မကြာခဏအန်ခြင်း ၊ အလျှင်အမြန်ပိန်ချုံး
 
သွားခြင်း၊ဝမ်းသွားလျှင်သွေးစများပါခြင်းနှင့် သွေးအားနည်းသည့်လက္ခဏာများကိုထပ်မံတွေ့ရှိ
 
နိုင်ပါသည်။


(၃) သွေးဝမ်းသွားသည့်လက္ခဏာပူးတွဲတွေ့ရှိရလျှင် (Intestinal Pythiosis)ခေါ် အူလမ်းကြောင်း
 
အတွင်းစွဲကပ်သောမှိုရောဂါဖြစ်နိုင်ခြေရှိပါသည်၊ နာတာရှည်ဝမ်းမျက်ခြင်း၊နာတာရှည်အန်ခြင်း၊ 
 
အမြဲတမ်းမှိုင်နေခြင်းနှင့် သိသိသာသာပိန်ချုံးလာခြင်းစသည့်လက္ခဏာများကိုထပ်မံတွေ့ရတတ်
 
ပါသည်။
 
(Itraconazole နှင့် Terbinafine ဆေးကိုပူးတွဲတိုက်ကျွေးခြင်း(သို့) Amphotericin B ဆေးထိုးနှံ၍
 
ကုသနိုင်ပါသည်)


(၄) နာတာရှည်ဝမ်းပျက်ပြီး ဖြစ်လိုက်ပျောက်သွားလိုက် ဖြစ်နေသည့်လက္ခဏာတွေ့ရှိရလျှင်

(Campylobacter infection)ခေါ် အူအတွင်း
Campylobacter ရောဂါပိုးဝင်ရောက်နေခြင်းဖြစ်နိုင် 
 
ပါ သည်၊ အယိအချွဲပါသော ဝမ်းအရည်ကျဲသွားတတ်ပြီး တခါတရံသွေးစများပါတတ်ပါသည်၊ 
 
(၁၀)ရက်ခန့်ဝမ်းလျှောပြီးနောက်ဝမ်းပိတ်သွားချိန်၌အန်နေတတ်ခြင်းသည်ထင်ရှားသောလက္ခဏာ
 
ဖြစ်သည်။


(၅) အဖျားရှိပြီး မကြာခဏအန်သည့်လက္ခဏာပူးတွဲတွေ့ရှိရလျှင်(Salmonella enterocolitis)ခေါ်

ရောဂါဖြစ်နိုင်ပြီး အယိအချွဲပါသော ဝမ်းအရည်ကျဲများသွားတတ်ပြီး တခါတရံသွေးစများပါတတ်ပါ 
 
သည်။


(၆) ဆီးအတွင်း သွေးပါသည့်လက္ခဏာပူးတွဲတွေ့ရှိရလျှင် (HEPATIC MICROVASCULAR 
 
DYSPLASIA) ဟုခေါ်သည့် ရောဂါဖြစ်နိုင်ပြီး အန်ခြင်းနှင့် ဆီးသွားရခက်ခဲသည့် လက္ခဏာများကို 
 
ထပ်မံတွေ့ရှိနိုင်ပါသည်။

 (၇) မျက်တွင်းသားများ ဝါနေသည့်လက္ခဏာပူးတွဲတွေ့ရှိရလျှင် (Liver Fluke Infection)ခေါ် 
 
အသည်းစားသန်ကောင်စွဲကပ်သည့်ရောဂါဖြစ်နိုင်ပြီး အန်ခြင်း၊ဝမ်းပျက်ခြင်းနှင့် ဝမ်းဗိုက်တစ်ခုလုံး
 
ဖောင်းကားနေသည့်လက္ခဏာများကိုတွေ့နိုင်ပါသည်။


(၈) အဝလွန်နေသောကြောင်ဖြစ်လျှင် Feline COCCIDIOSIS ခေါ် ဝမ်းပျက်သည့်ရောဂါဖြစ်နိုင်ပြီး

သွေးဝမ်းသွားခြင်း၊ ပိန်ချုံးချည့်နဲ့ခြင်းစသည့် လက္ခဏာများကို ထပ်မံတွေ့ရှိနိုင်ပါသည်။


(၉) ငယ်လွန်းသောကြောင်ဖြစ်လျှင် (FELINE HEPATIC LIPIDOSIS)ခေါ် အသည်းအဆီဖုံးသည့်
 
ရောဂါဖြစ်နိုင်ပြီးလျှာရည်ကျခြင်း ၊ အန်ခြင်းစသည့်လက္ခဏာများကိုလည်းတွေ့ရနိုင်ပါသည်။

 
(၁၀) အဆီများသောဝမ်းသွားလျှင် (EXTRAHEPATIC BILIARY OBSTRUCTION)ခေါ် သည်းခြေပြွန်

ပိတ်ဆို့သည့်ရောဂါဖြစ်နိုင်ပြီး  ဗိုက်နာခြင်း ၊ သွေးဝမ်းသွားခြင်း(သို့) ရွံ့ရောင်ဝမ်းသွားခြင်းစသည့်

လက္ခဏာများကိုပူးတွဲတွေ့ရတတ်သည်။


(၁၁) လျှင်မြန်စွာပိန်ချုံးသွားခြင်းတွေ့ရှိရလျှင် (Inflammatory Bowel Disease)ခေါ်အူယောင် 
 
သည့်ရောဂါဖြစ်နိုင်ပြီး မကြာခဏအန်သည့်လက္ခဏာကိုတွေ့ရတတ်ပါသည်။

 
ဤဖော်ပြချက်များမှာ ရောဂါကိုအကြမ်းအားဖြင့်ခန့်မှန်းမှုမျှသာဖြစ်၍ ရောဂါကိုအတိအကျရှာဖွေ
 
နိုင်ရန်မှာဓါတ်မှန်ရိုက်ခြင်း၊ အာလ်ထရာဆောင်းရိုက်ခြင်းနှင့် ဓါတ်ခွဲခန်း၍သွေးဝမ်းစစ်ဆေးမှုများ 
 
ကိုဆောင်ရွက်ရန်လိုအပ်ပါသည်။

 
Zawgyi
 
၀မ္းပ်က္၀မ္းေလ်ွာသည့္လကၡဏာေတြရွိရလွ်င္ ေရာဂါခန္႔မွန္းရာ၌ ေအာက္ပါအခ်က္မ်ားသည္ အေထာက္အကူျပဳႏိုင္မည္ျဖစ္ ပါသည္။

၀မ္းပ်က္၀မ္းေလ်ွာေနေသာေခြးေၾကာင္မ်ားတြင္

(၁) ဗိုက္နာသည့္လကၡဏာပူးတြဲေတြ႕ရွိရလွ်င္ (Cholecystitis)ေခၚ သည္းေျခအိတ္ေယာင္ေရာဂါျဖစ္ႏိုင္ေျခရွိၿပီးအဖ်ားရွိျခင္း၊ အန္ျခင္းႏွင့္၊ 

မ်က္တြင္းသားမ်ား၀ါျခင္းတို႔ထပ္မံေတြ႕ရွိႏိုင္ပါသည္။

(၂) လႈပ္ရွားႏိုင္ျခင္းမရွိသည့္လကၡဏာပူးတြဲေတြ႕ရွိရလွ်င္ (INTESTINAL NEOPLASIA)ေခၚ အူအတြင္းအသားလံုးအဖုအႀကိတ္ 

တည္ျခင္းျဖစ္ႏိုင္ေျခရွိပါသည္၊ မၾကာခဏအန္ျခင္း၊အလွ်င္အျမန္ပိန္ခ်ံဳးသြားျခင္း၊

၀မ္းသြားလွ်င္ေသြးစမ်ားပါျခင္းႏွင့္ ေသြးအားနည္းသည့္လကၡဏာမ်ားကို ႔ထပ္မံေတြ႕ရွိႏိုင္ပါသည္။

(၃) ေသြး၀မ္းသြားသည့္လကၡဏာပူးတြဲေတြ႕ရွိရလွ်င္ (Intestinal Pythiosis)ေခၚ အူလမ္းေၾကာင္းအတြင္းစြဲကပ္ေသာမိႈေရာဂါ
 ျဖစ္ႏိုင္ေျခရွိပါသည္၊နာတာရွည္၀မ္းမ်က္ျခင္း၊နာတာရွည္အန္ျခင္း၊ အၿမဲတမ္းမိႈင္ေနျခင္းႏွင့္သိသိသာသာ ပိန္ခ်ံဳး
လာျခင္း
စသည့့္လကၡဏာမ်ားကို

 ႔ထပ္မံေတြ႕ရွိႏိုင္ပါသည္။
 
(itraconazole ႏွင့္ terbinafine ေဆး ပူးတြဲတိုက္ေကၽြးျခင္း(သို႔) amphotericin B ေဆး ထိုးႏွံ၍ကုသႏိုင္ပါသည္)

(၄) နာတာရွည္၀မ္းပ်က္ၿပီး ျဖစ္လိုက္ေပ်ာက္သြားလိုက္ ျဖစ္ေနသည့္လကၡဏာေတြ႕ရွိရလွ်င္ 

(Campylobacter infection)ေခၚ အူအတြင္းေရာဂါပိုး၀င္ေရာက္ေနျခင္းျဖစ္ႏိုင္ပါသည္၊ အယိအခၽြဲပါေသာ 

၀မ္းအရည္က်ဲသြားတတ္ျပီး တခါတရံေသြးစမ်ားပါတတ္ပါသည္၊ (၁၀)ရက္ခန္႔၀မ္းေလွ်ာၿပီးေနာက္

၀မ္းပိတ္သြားခ်ိန္၌ အန္ေနတတ္ျခင္းသည္ထင္ရွားေသာလကၡဏာျဖစ္ပါသည္။

(၅) အဖ်ားရွိၿပီး မၾကာခဏအန္သည့္လကၡဏာပူးတြဲေတြ႕ရွိရလွ်င္ (Salmonella enterocolitis)ေခၚ 

ေရာဂါျဖစ္ႏိုင္ၿပီးအယိအခၽြဲပါေသာ ၀မ္းအရည္က်ဲသြားတတ္ျပီး တခါတရံေသြးစမ်ားပါတတ္ပါသည္၊

 (၆) ဆီးအတြင္း ေသြးပါသည့္လကၡဏာပူးတြဲေတြ႕ရွိရလွ်င္ (HEPATIC MICROVASCULAR DYSPLASIA)

ဟုေခၚသည့္ ေရာဂါျဖစ္ႏိုင္ၿပီး အန္ျခင္းႏွင့္ ဆီးသြားရခက္ခဲသည့္ ့လကၡဏာမ်ားကို ႔ထပ္မံေတြ႕ရွိႏိုင္ပါသည္။

 (၇) မ်က္တြင္းသားမ်ား ၀ါေနသည့္လကၡဏာပူးတြဲေတြ႕ရွိရလွ်င္ (Liver Fluke Infection)ေခၚ အသည္းစား

သန္ေကာင္စြဲကပ္သည့္ေရာဂါျဖစ္ႏိုင္ၿပီး အန္ျခင္း၊၀မ္းပ်က္ျခင္းႏွင့္ ၀မ္းဗိုက္တစ္ခုလံုးေဖာင္းကားေနသည့္ 

လကၡဏာမ်ားကိုထပ္မံေတြ႕ရွိႏိုင္ပါသည္။


(၈) အ၀လြန္ေနေသာေၾကာင္ျဖစ္လွ်င္ Feline COCCIDIOSISခၚ ၀မ္းပ်က္သည့္ေရာဂါ

ေသြး၀မ္းသြားျခင္းပိန္ခ်ံဳးခ်ည့္နဲ႔ျခင္းစသည့္ လကၡဏာမ်ားကို ႔ထပ္မံေတြ႕ရွိႏိုင္ပါသည္။


() ငယ္လြန္းေသာေၾကာင္ျဖစ္လွ်င္ (FELINE HEPATIC LIPIDOSIS)ေခၚ အသည္းအဆီဖံုးသည့္ေရာဂါ

ျဖစ္ႏိုင္ၿပီးလွ်ာရည္က်ျခင္း ၊ အန္ျခင္းစသည့္ လကၡဏာမ်ားကို ႔ထပ္မံေတြ႕ရွိႏိုင္ပါသည္။

 
(၁၀) အဆီမ်ားေသာ၀မ္းသြားလွ်င္ (EXTRAHEPATIC BILIARY OBSTRUCTION)ေခၚ အသည္းေျချပြန္

ပိတ္ဆို႔သည့္ေရာဂါျဖစ္ႏိုင္ၿပီး  ဗိုက္နာျခင္း ၊ ေသြး၀မ္းသြားျခင္း(သို႔) ရြံ႕ေရာင္၀မ္းသြားျခင္းစသည့္ 

လကၡဏာမ်ားကိုထပ္မံေတြ႕ရွိႏိုင္ပါသည္။


(၁) လွ်င္ျမန္စြာပိန္ခ်ံဳးသြားျခင္းေတြ႕ရွိရလွ်င္ (Inflammatory Bowel Disease)ေခၚအူေယာင္သည့္ေရာဂါ

ျဖစ္ႏိုင္ၿပီးမၾကာခဏအန္သည့္လကၡဏာကိုထပ္မံေတြ႕ရွိႏိုင္ပါသည္။

 
ဤေဖာ္ျပခ်က္မ်ားမွာ ေရာဂါကိုအၾကမ္းအားျဖင့္ခန္႔မွန္းမႈမွ်သာျဖစ္၍ ေရာဂါအတိအက်ရွာေဖြႏိုင္ရန္အတြက္

ဓါတ္မွန္ရိုက္ျခင္း၊ အာလ္ထရာေဆာင္းရိုက္ျခင္းႏွင့္ ဓါတ္ခြဲခန္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ရြက္ရန္


လိုအပ္ပါသည္။

0 မှတ်ချက်များ to “ဝမ်းပျက်ဝမ်းလျှောခြင်းနှင့်ဆက်စပ်နေသောရောဂါများခန့်မှန်းရှာဖွေခြင်း”

Post a Comment