«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jun 2017

သားမအောင်ခြင်း

,
ခွေးမတွေသားမအောင်ရခြင်းအကြောင်းရင်းများစွာရှိနိုင်ပါတယ် သားအောင်ဖို့အတွက်အခြေခံအားဖြင့် 
ခွေးမဟာပုံမှန်မြိုင်ပေါ်ပြီး ပုံမှန်အနေအထားရှိတဲ့အမမျိုးဥတွေထုတ်နိုင်ဖို့လိုပါတယ်။


ခွေးမမှာ ကျန်းမာသန်စွမ်းတဲ့သားအိမ် ရှိရမှာဖြစ်ပြီးအမမျိုးဥတွေဟာ သားအိမ်ထဲကိုရောက်လာဖို့လည်း
အရေးကြီးပါတယ်။


အဲဒီအမမျိုးဥတွေဟာ သားအိမ်ထဲကိုရောက်လာတဲ့ ပုံမှန်အနေအထားရှိတဲ့သုက်ကောင်တွေနဲ့တွေ့နိုင်
ဖို့လည်းလိုပါတယ်။



အမမျိုးဥတွေနဲ့ သုက်ကောင်လေးတွေထိတွေ့ပြီး မျိုးအောင်လာတဲ့သားဥလေးဟာ ခွေးမရဲ့သားအိမ်နံရံမှာ သေသေချာချာတွယ်ကပ်မိဖို့အပြင် ပုံမှန်ကြီးထွားလာနိုင်ရေးအတွက်ဗိုက်(ကိုယ်ဝန်)ကိုစောင့်ရှောက်ပေးမှု
တွေကလည်း အောင်မြင်စွာမွေးဖွားလာဖို့အတွက်လိုအပ်ပါတယ်။


များသောအားဖြင့် ခွေးမတွေသားမရနိုင်ကြတာကတော့  ခွေးဝါသနာရှင်အများစုဟာ ခွေးမတစ်ကောင်ရဲ့
မြိုင်သံသရာကို သေသေချာချာနားမလည်ကြတဲ့အတွက် သားဥခြွေတဲ့အချိန်နဲ့ကိုက်အောင်နည်းမှန်လမ်းမှန်
စနစ်တကျ သားမတင်ပေးတတ်ကြလို့သာဖြစ်ပါတယ်။


ခွေးမတွေမှာ Silent heats လို့ခေါ်တဲ့ တိတ်တဆိတ်မိတ်ထနေခြင်း abnormally long heats  လို့ခေါ်တဲ့ ပုံမှန်မဟုတ်ပဲအကြာကြီးမိတ်ထနေခြင်း missed heats  လို့ခေါ်တဲ့အတုအယောင်မိတ်ထခြင်းအပြင် irregular heats  လို့ခေါ်တဲ့အချိန်မမှန်မိတ်ထခြင်းစတဲ့ မိတ်ထခြင်းပုံစံအမျိုးမျိုးဖြစ်တတ်ပါတယ် သားတင်သားစပ်ပေးသူတွေအနေနဲ့  ခွေးမတစ်ကောင်ရဲ့မြိုင်သံသရာကို သေသေချာချာသိထားသင့်
တဲ့အပြင် မိတ်ထခြင်းပုံစံအမျိုးမျိုးကိုလည်းသိထားသင့်ပါတယ်။



ခွေးမတွေမှာလည်း သားဖွားမီးယပ်ဆိုင်ရာပြသနာအချို့ဖြစ်တတ်ပါတယ်

ခွေးမရဲ့မျိုးပွားအင်္ဂါဖွဲ့စည်းပုံမူမမှန်ခြင်း ၊ ဟော်မုန်းဓါတ်ထွက်ရှိမှုမမှန်ခြင်းအပြင် အခြားအခြေအနေအချို့
ကြောင့်လည်း မူမမှန်မိတ်ထခြင်းဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။



ခွေးမရဲ့မျိုးပွားအင်္ဂါစနစ်မှာ ခွေးကာလသားရောဂါပိုးတစ်မျိုးမျိုးဝင်ရောက်ပြီး venereal disease လို့ခေါ်တဲ့ ခွေးကာလသားရောဂါဖြစ်နေရင်သားမအောင်နိုင်ခြင်း၊သားလျှောခြင်းစတဲ့ပြသနာတွေကြုံလာမှာဖြစ်ပါတယ်

ဥပမာအားဖြင့် Brucella canis ဆိုတဲ့ရောဂါပိုးဝင်နေရင်ခွေးမရဲ့တန်ဆာယောင်ယမ်းနေတာကိုမြင်တွေ့နိုင်
ပါတယ်။


canine herpesvirus ဆိုတဲ့ဗိုင်းရပ်ရောဂါပိုးဝင်နေရင်လည်း သားမအောင်နိုင်ပါဘူး

နောက်ပြီးတော့ ခွေးမရဲ့သားအိမ်ထဲကိုပိုးဝင်လို့ သားအိမ်ယောင်နေခြင်း ၊ သားအိမ်ထဲမှာပြည်တည်နေခြင်း
စတဲ့ အခြေအနေမျိုးတွေကိုမသိပဲသားတင်ပေးနေရင် ဘယ်တော့မှ သားအောင်နိုင်မှာမဟုတ်ပါဘူး။


အဲဒီအခြေအနေမျိုးတွေရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပြီး ပျောက်ကင်းအောင်ကုသပေးပြီးမှသာ သားတင်လို့ရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “သားမအောင်ခြင်း”

Post a Comment