ပိုမာရေးနီးယမ်းခွေးမျိုးတွေရဲ့မူလအစကတော့
အာတိတ်ဒေသက Wolfspitz လို့ခေါ်တဲ့
စွပ်ဖားဆွဲခွေးကြီးမျိုးတွေဖြစ်ပါတယ် ၊ ဒီခွေးကြီးမျိုးတွေဟာ ဂျာမဏီနိုင်ငံနဲ့ ပိုလန်နိုင်ငံတွေရဲ့
မြောက်ဖက်က
ပိုမာရေးနီးယားဒေသမှာ German Spitz ခွေးမျိုးတွေနဲ့
မျိုးစပ်ရာကနေ ပွားများပေါက်ပွားလာကြတာဖြစ်လို့ ပိုမာရေးနီးယမ်းခွေးမျိုးအဖြစ်အမည်တွင်လာခဲ့တာဖြစ်ပါတယ်
ပိုမာရေးနီးယမ်းခွေးမျိုးကို
အတိုကောက်အနေနဲ့ ပွန်းလို့လည်းခေါ်ကြပါတယ်
ပိုမာရေးနီးယန်းခွေးအမျိုးအစားဟာ
အရွယ်အစားသေးငယ်ပေမယ့် သွက်လက်ပြီးကြံ့ခိုင်တဲ့
ခွေးအမျိုးအစားဖြစ်ပါတယ်
၊ အခြားခွေးအမျိုးအစားတွေနဲ့စာရင် လေ့ကျင့်ခဏ်းကို
အထူးအထွေလုပ်ပေးစရာမလိုပဲ မိမိအိမ်ဝိုင်းထဲမှာတင်
တစ်နေ့တစ်ကြိမ်လောက် အတူဆော့ကစားပေးရုံနဲ့ ကျန်းမာရေးအတွက်လုံလောက်ပါတယ်ပိုမာရေးနီးယန်းခွေးအမျိုးအစားတွေရဲ့သက်တမ်းဟာ
(၁၂)နှစ်ကနေ(၁၆)နှစ်လောက်အထိရှိပါတယ်
ဒီခွေးမျိုးဟာ သေခြာပြုစုကျွေးမွေးထားရင်
ကျန်းမာရေးပြသနာသိပ်မရှိပါဘူး ၊ သေးငယ်ပြီး
ပေါ့ပါးတဲ့အတွက် တစ်ခါတရံမှာပေါင်ထိပ်ရိုးအဆစ်လွဲတဲ့ပြသနာမျိုးတော့ရှိတတ်ပါတယ်
၊
မျက်စေ့နဲ့နားကိုတော့ သန့်ရှင်းရေးပုံးမှန်လုပ်ပေးသင့်ပါတယ်
၊
ဒီခွေးမျိုးဟာ အချိန်စောစော သွားတွေကုန်တတ်တဲ့အတွက် အစာခြောက်ကိုသာကျွေးမွေးသင့်ပါတယ်
ပိုမာရေးနီးယန်းခွေးမျိုးဟာ
သားပေါက်ကောင်ရေနည်းတဲ့ခွေးမျိုးဖြစ်ပါတယ် ၊ များသောအားဖြင့်
(၂)ကောင်လောက်ပဲမွေးလေ့ရှိပါတယ်
၊ ဒါကြောင့်လည်း ခွေသားပေါက်ဈေးနှုန်းနည်းနည်းမြင့်တတ်ပါတယ်
အဖြူရောင်ပိုမာရေးနီးယန်းခွေးမျိုး
ပိုမာရေးနီးယန်းခွေးလေးတွေဟာ
အမွှေးဖွားဖွားနဲ့ချစ်စရာကောင်းလှတာကြောင့် အိမ်မွေးခွေးလောကမှာတော့
အတော်လေးကျော်ကြားတဲ့ခွေးမျိုးဖြစ်ပါတယ် ၊ ဒီခွေးမျိုးကို အိမ်စောင့်ခွေးအဖြစ်မွေးမြူလေ့ရှိကြပါတယ်
၊ ပိုမာရေးနီးယန်းခွေးဝယ်တော့မယ်ဆိုရင်
ဒီခွေမျိုးနဲ့ပတ်သက်လို့သိထားသင့်တဲ့အချက်အချို့ကိုတင်ပြအပ်ပါတယ်
(၁) အမွှေးအမျှင်အရောင်အသွေး
ပိုမာရေးနီးယန်းခွေးတွေရဲ့
အမွှေးအမျှင်တွေဟာ အချိန်ကာလအလိုက်အရောင်ပြောင်းသွားတတ် ပါတယ် ၊
အမေရိကန်နိုင်ငံကခွေးဝါသနာရှင်အသင်တစ်ခုဖြစ်တဲ့ Kennel Clubရဲ့သုတေသနပြုချက် အရ ပိုမာရေးနီးယန်းခွေးတွေဟာ
အသက်ငယ်စဉ်မှာ အဖြူရောင် ၊ အနက်ရောင် ၊ အနီရောင် ၊အညိုရောင် ၊ လိမ္မော်ရောင် ၊
နို့နှစ်ရောင် ၊ အပြာရောင်အပြင်အနက်ရောင်နဲ့ဇော်ဂျီရောင်စပ်ကြား အရောင် တွေရှိတတ်ကြတယ်လို့ဆိုပါတယ်
၊ ပိုမာရေးနီးယန်းခွေးတွေရဲ့ထူးခြားချက်ကတော့
သူတို့ရဲ့အမွှေးအရောင်ဟာတဖြည်းဖြည်းချင်းပြောင်းသွားနိုင်တဲ့အချက်ပါပဲ
(၂) ကြံ့ခိုင်သန်မာမှု
ပိုမာရေးနီးယန်းခွေးတွေဟာ ကြံ့ခိုင်သန်မာတဲ့ခွေးအမျိုးအစားဖြစ်ပြီး စွပ်ဖားဆွဲခွေးမျိုးနဲ့
ဝံပုလွေတို့နီးပါးလောက် လုပ်အားစွမ်းရည်ကြံ့ခိုင်တဲ့ခွေးမျိုးဖြစ်ပါတယ်
(၃) ရွှင်မြူးသွက်လက်မှုနှင့်လှုပ်ရှားသွားလာမှု
ပိုမာရေးနီးယန်းခွေးတွေလမ်းလျှောက်ပုံဟာ
အခြားဘယ်ခွေးမျိုးနဲ့မှမတူပဲ ခုန်ဆွခုန်ဆွသွားလာပုံဟာ ချစ်စရာတစ်မျိုးဖြစ်ပါတယ် ၊
(၄) သက်ဆုံးတိုင်ချစ်စရာကောင်းနေမှု
အဖြူရောင်ပိုမာရေးနီးယန်းခွေးမျိုး
အ၀ါရောင်ပိုမာရေးနီးယန်းခွေးမျိုး
အညိုရောင်ပိုမာရေးနီးယန်းခွေးမျိုး
အနက်ရောင်ပိုမာရေးနီးယန်းခွေးမျိုး