«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

27 Jul 2017

ကြောင်တောင်ကန်းခြင်း(Lead Toxicity)

,
ဒီရောဂါကတော့ မျက်စေ့မှာ ဘာရောဂါလက္ခဏာမှမတွေ့ရပဲ ကြောင်တောင်ကန်းနေတတ်တဲ့
 
​ရောဂါတစ်မျိုးဖြစ်ပါတယ်မျက်စေ့တစ်လုံးတည်းမှာဖြစ်တတ်သလိုနှစ်ဖက်စလုံးမှာလည်းဖြစ်တတ် 
 
ပါတယ် ဒီဖြစ်လာရတာကတော့ မျက်စေ့ရဲ့အမြင်လွှာက ပုံရိပ်ကိုမဖမ်းနိုင်ခြင်း မျက်စေ့မှန်ဘီလူး
 
အလုပ်မလုပ်ခြင်း မျက်စေ့အာရုံကြောအလုပ်မလုပ်နိုင်လို့ အချက်အလက်တွေကို ဦးနှောက်ဆီ
 
မပို့နိုင်ခြင်းနဲ့ ဦးနှောက်ကိုယ်တိုင်က သူ့ဆီရောက်လာတဲ့အချက်အလက်တွေကို ပုံရိပ်အဖြစ်
 
ဘာသာမပြန်နိုင်ခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။
 
လမ်းလျှောက်တဲ့အခါမှာအတားအဆီးတွေကို တည့်တည့်ဝင်တိုက်တတ်ပါတယ်၊ခွေးရဲ့မျက်စေ့ရှေ့ 
 
နားကိုလက်ရိပ်ပြကြည့်ရင်လည်းမျက်တောင်မခတ်တော့တာတွေ့ရပါမယ်၊ ဒီလိုဖြစ်လာတာက
 
မျက်လုံးမှာအတွင်းတိမ် အပြင်တိမ်စွဲတာဗဟိုအာရုံကြောစနစ်ချို့ယွင်းတာနဲ့ မျက်စေ့ရဲ့မှန်ဘီလူး
 
က လိုအပ်သလိုချိန်ညှိမပေးနိုင်တော့တာ စတဲ့အခြေအနေတွေကြောင့်ဖြစ်ပါတယ်။
 
မျက်စေ့ရဲ့အမြင်လွှာဟာရုတ်တရက်ပျက်စီးသွားတာမျိုးနဲ့ အမြင်လွှာကြုံ့သွားတာမျိုးဖြစ်ရင်လည်း
 
ကြောင်တောင်ကန်းတတ်ပါတယ် သန်ချဆေးထိုးတဲ့အခါမှာ လိုအပ်တဲ့ပမာဏထက်ပိုထိုးပေးမိလို့ 
 
အတိုင်းအဆများသွားရင်လည်းဖြစ်တတ်ပါတယ် မျက်လုံးအာရုံကြော ယောင်ယမ်းတာ မျက်လုံး
 
အာရုံကြောမှာကင်ဆာဖြစ်တာမျက်လုံးအာရုံကြောကိုထိခိုက်မိတာတွေမှာ အမြင်အာရုဏ်ကို
 
ထိခိုက်စေပြီး ကြောင်တောင်ကန်းတတ်ပါတယ်။
 
Lead Toxicity လို့ခေါ်တဲ့ သွေးထဲမှာ ခဲဓါတ်အဆိပ်သင့်တဲ့အခါမျိုးမှာလည်းကြောင်တောင် 
 
ကန်းတတ်ပါတယ် မျက်လုံးကိုဖြဲထားပြီးဓါတ်မီးနဲ့ထိုးကြည့်ရင်အမြင်လွှာပျက်စီးမှုအနေအထားနဲ့ 
 
တိမ်ရှိမရှိကိုတွေ့မြင်နိုင်ပါတယ်အမြင်လွှာပျက်စီးမှုရှိနေကြောင်းသံသယရှိရင်သွေးပေါင်ချိန်ကြည့်
 
ရပါမယ် သွေးပေါင်တက်နေရင်တော့ အမြင်လွှာပျက်စီးနေတာ သေချာသလောက်ဖြစ်ပါတယ်။ 
 
 
အမြင်လွှာကျုံ့သွားတာနဲ့ မျက်စေ့နဲ့ပတ်သက်တဲ့အာရုံကြောရောဂါတွေရှိမရှိသိနိုင်ဖို့ကတော့
 
Ophthalmoscope လို့ခေါ်တဲ့ကိရိယာကိုအသုံးပြုပြီးစစ်ဆေးကြည့်ရှုရပါတယ်။
 
ဒီလိုမျက်စေ့နဲ့ပါတ်သက်တဲ့စစ်ဆေးစမ်းသပ်မှုတွေမှာ အားလုံးပုံမှန်အနေအထားရှိနေလျှက်နဲ့ 
 
ကြောင်တောင်ကန်းလက္ခဏာတွေဖြစ်နေတာမျိုးဆိုရင်တော့ Sudden Acquired Retinal 
 
Degeneration Syndrome (SARDS) လို့ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။
 
ဆက်လက်ဖတ်ရှုလိုပါက လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “ကြောင်တောင်ကန်းခြင်း(Lead Toxicity)”

Post a Comment