«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jul 2017

သွေးအမျိုးအစား

,
ခွေးတွေရဲ့သွေးအမျိုးအစားကို DEA (Dog Erythrocyte Antigen)လို့ခေါ်တဲ့ သွေးနီဥမှာပါဝငျတဲ့ antigen အမျိုးအစားအပေါ်မူတည်ပြီးတော့ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်
 ခွေးတွေမှာသွေးအမျိုးအစား(၁၃)မျိုးကျော်ရှိပါတယ် အဲဒီသွေးအမျိုးအစားတွေကတော့
DEA 1.1
DEA 1.2
DEA 2
DEA 3
DEA 4
DEA 5
DEA 7
DEA 8
DEA 9
DEA 10
DEA 11 နဲ့ 
DEA 12 တို့ဖြစ်ပါတယ်
DEA 1.1 သွေးအမျိုးအစားကလွဲလို့ ကျန်တဲ့သွေးအမျိုးအစားတွေမှာ
မျိုးမတူတဲ့သွေးအမျိုးအစားကိုလက်မခံတဲ့ antibodies  တွေ လုံးဝ
မရှိပါဘူး ၊ သွေးအမျိုးအစား DEA 1.1 ကတော့ အခြားသွေးအမျိုးအစားဝင်ရောက်လာခြင်းကို
ပြန်လည်တိုက်ခိုက်တတ်တဲ့သွေးအမျိုးအစားဖြစ်ပါတယ် ၊ DEA 1.1 သွေးအမျိုးအစားဟာ မျိုးမတူတဲ့သွေးအမျိုးအစားကိုလက်မခံတဲ့သွေးအမျိုးအစားဆိုပေမယ့် အခြားသွေးအသွင်းခံရတဲ့အခါ လက်မခံကြောင်းပြန်လည်တုန့်ပြန်မှုဟာ အသက်အန္တရာယ်ဖြစ်လောက်သည်အထိမပြင်းထန်ပါဘူး ၊ ဒါကြောင့်ခွေးတွေကို သွေးသွင်းကုသမှု ပြုလုပ်တဲ့အခါမှာ မျိုးမတူတဲ့သွေးဖြစ်ပေမယ့်လည်း 
အသက်အန္တရာယ်ဖြစ်သည်အထိတုန့်ပြန် တိုက်ခိုက်တာမျိုးမရှိဘူးလို့ဆိုနိုင်ပါတယ် ၊
ခွေးတွေရဲ့(၅၀%)ဟာ DEA1.1 အပေါင်းလက္ခဏာဖြစ်ပြီး ကျန်တဲ့ (၅၀%)ဟာ DEA1.1 အနှုတ်လက္ခဏာဖြစ်ကြပါတယ်
DEA1.1 အနှုတ်လက္ခဏာဆောင်တဲ့သွေးပိုင်ရှင်ခွေးတွေကို DEA1.1 အပေါင်းလက္ခဏာဆောင်တဲ့
သွေးသွင်းရင် ရန်သူအဖြစ်သတ်မှတ်ပြီးတိုက်ခိုက်ကြတဲ့အတွက်ကြောင့် သွေးမတည့်တဲ့လက္ခဏာတွေ
ပြသလာတတ်ပါတယ် ၊ ပြသတဲ့လက္ခဏာကလည်း အဖျားငွေ့ငွေ့ဝင်လာရုံသာဖြစ်ပါတယ် ၊ ခုခံအားစနစ်ရဲ့တုန့်ပြန်တိုက်ခိုက်မှုဟာ အချိန်အကြာကြီးယူရတဲ့အတွက် ပထမဦးဆုံးအကြိမ်မှာ သွေးမစစ်ပဲသွင်းပေးမိရင်တောင် အသက်အန္တရယ်ထိခိုက်လောက်အောင်ကြီးကြီးမားမားပြသနာမရှိပါဘူး

တစ်ကြိမ်တစ်ခါမှ သွေးသွင်းကုသမှုမခံယူရဖူးသေးတဲ့ခွေးမှာ သွေးသွင်းကုသမှုကိုလက်မခံတဲ့ antibodies တွေမရှိပါဘူး ၊ ဒါကြောင့်သွေးအုပ်စု DEA 1.1 မဟုတ်တဲ့ခွေးကို DEA 1.1 သွေးအမျိုးအစား ပထမအကြိမ်သွင်းပေးရင်ပြသနာမရှိနိုင်ပါဘူး ၊ ဒါပေမယ့် သွေးအမျိုးအစား DEA 1.1 ကိုဒုတိယအကြိမ်ထပ်သွင်းမိရင်တော့ မူလရောရှိနေပြီးဖြစ်တဲ့ DEA 1.1 ေသြးအမ်ိဳးအစား သွေးတွေကလက်မခံဦကတဲ့အတွက် အသက္အႏ ၱရာယ္ရွိသည္အထိ သွေးအားလုံးပျက်စီးသွားနိုင်ပါတယ် ၊
DEA 4 သွေးအမျိုးအစားကတော့ ဘယ်သွေးနဲ့မဆိုတည့်တဲ့အတွက် ဝေသန္တယာသွေးလို့ ခေါ်နိုင်ပါတယ်

0 မှတ်ချက်များ to “ေသြးအမ်ိဳးအစား”

Post a Comment