«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Aug 2017

ဝမ်းကိုက်ရောဂါ (Campylobacterosis)

,
Campylobacter jejuniနဲ့ Campylobacter upsaliensis လို့ခေါ်တဲ့ ဘက်တီးရီယား ပိုးတှေ‌ကြောင့်ဖြစ်ပွား တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
ဒီပိုးဟာ ကျန်းမာနေတဲ့ခွေးတွေရဲ့အစာအိမ် အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းရှိနေတတ်ပြီး သာမန်အားဖြင့်ဒုက္ခပေးလေ့မရှိပေမယ့် အကြောင်း တိုက်ဆိုင်လာတဲ့အခါထကြွသောင်းကျန်းပြီး
‌ရောဂါအဆင့်အထိလည်းဖြစ်လာစေနိုင်ပါတယ် ၊ အဲဒီအခါမှာ ဖျားနာလာပြီး ၀မ်းသွားတဲ့အခါ အကျိ အချွဲတွေပါလာတတ်ပါတယ် ၊ ရောဂါပြင်းထန်ရင်တော့ သွေးစအနည်းငယ်ပါလာတတ်ပါတယ်၊တစ်ခါတစ်ရံ နာတာရှည်ဝမ်းပျက်ဝမ်းလျှောနေတာမျိုးလည်းဖြစ်တတ်ပါတယ် ၊ အဲဒီအခါမှာ ၀မ်းနမူနာကိုရယူပြီး 
ဓါတ်ခွဲခန်းမှာ Polymerase chain reaction (PCR)ဆိုတဲ့စမ်းသပ်စစ်ဆေးမှုလုပ်တဲ့နည်းနဲ့ ဒီရောဂါ ဟုတ်မဟုတ်စစ်ဆေးသိရှိနိုင်ပါတယ် ၊
ဒီရောဂါဖြစ်လာရင် Erythromycin ခန္တာကိုယ်အလေးချိန်တစ်ကီလိုရှိလေတိုင်း (မီလီဂရမ် နှုန်းနဲ့တွက် ချက်ပြီး (၈)နာရီခြားတစ်ကြိမ်တိုက်ကျွေးနိုင်ပါတယ် ၊ Neomycin ဆေးကိုလည်း ခန္တာကိုယ်အလေးချိန် တစ်ကီလိုရှိလေတိုင်း (၂၀)မီလီဂရမ် နှုန်းနဲ့တွက်ချက်ပြီး မနက်တစ်ကြိမ်ညတစ်ကြိမ်တိုက်ကျွေးနိုင်ပါတယ် ၊ များသောအားဖြင့် (၃)ရက်လောက်ဆေးတိုက်ရင် သက်သာပျောက်ကင်းသွားတတ်ပါတယ် ၊ တစ်ခါတစ်ရံမှာ (၃)ရက်ဆေးတိုက်ပြီး ဆေးရပ်လိုက်လိုက်ချိန်မှာ လက်ကျန်ပိုးအချို့ကျန်နေတတ်ပြီး နာတာရှည်ဝမ်းပျက်နေတတ်တာလည်းရှိနိုင်ပါတယ် ၊ အဲဒီအခါမျိုးမှာ ဆေးကိုရက်အတော်ကြာပြန် တိုက်ပေးဖို့လိုအပ်ပါတယ် ။
ဒီရောဂါဟာ လူတွေကိုကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး လူတွေကိုကူးစက်တဲ့အခါဝမ်းပျက်ခြင်း၊ တခါတရံ သွေးပါတဲ့ဝမ်းသွားခြင်း၊ဗိုက်နာခြင်း၊အော့အန်ပြီးဖျားနာခြင်းတို့ကိုခံစားရတတ်ပါတယ်။

0 မှတ်ချက်များ to “၀မ်းကိုက်ရောဂါ (Campylobacterosis)”

Post a Comment