«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Aug 2017

ကြောင်နှာခေါင်းပွရောဂါ (Cryptococcosis)

,
ကြောင်တွေရဲ့နှာခေါင်းအတွင်းဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် Cryptococcus neoformans 
 
လို့ခေါ်တဲ့မှိုရောဂါပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး C. grubii  နဲ့ C. gattii ဆိုပြီးရောဂါပိုးအမျိုးအစား 
 
နှစ်မျိုးရှိပါတယ် ဒီရောဂါပိုးကိုလေနဲ့အတူရှုမိလို့ဖြစ်တာပါ နှာခေါင်းထဲမှာစတင်ဖြစ်ပွားပြီး 
 
တခါတရံနှာခေါင်းထဲကနေ ဦးနှောက်ထဲအထိရောက်သွားတတ်တဲ့ရောဂါပိုးဖြစ်ပါတယ် 
 
ခုခံအားကျရောဂါနဲ့ လူကေးမီးယာရောဂါတွေဖြစ်တဲ့ကြောင်တွေကိုသွေးစစ်ကြည့်တဲ့အခါ 
 
ဒီရောဂါပိုးကိုပူးတွဲပြီးတွေ့ရတတ် တဲ့အတွက် ဂရုပြုသင့်တဲ့ပိုးလည်းဖြစ်ပါတယ် လေနဲ့အတူ 
 
ဒီရောဂါပိုကိုရှုမိလို့ နှာခေါင်းထဲကိုရောက်လာရင် နှာစေးပြီးနှာရည်ကျလာတတ်ပါတယ် ၊ 
 
ကြောင်ဟာမကြာခဏနှာချေနေတာကိုတွေ့တတ်ရပါတယ် ၊ နှာရည်ကျတာက နှာခေါင်း 
 
တစ်ဖက်တည်းကဖြစ်စေ နှစ်ဖက်လုံးကဖြစ်စေကျတတ်ပါတယ်၊ ရောဂါရင့်လာရင် နှာခေါင်း 
 
အတွင်းဖက်ကလှိုဏ်ခေါင်းထဲမှာ အဖုအကြိတ်တွေပေါ်လာတတ်ပါတယ် ။




နှာခေါင်းရိုးကိုပါထိခိုက်လာရင်တော့ ပုံထဲကအတိုင်းကြောင်ရဲ့မျက်နှာပုံစံဟာ ပြောင်းလဲလာတတ်ပါတယ်
 
 
ရောဂါပိုးဟာမျက်စေ့ထဲကိုရောက်သွားရင် မျက်စေ့အမြင်လွှာနဲ့အတူ မျက်စေ့အာရုံကြောတွေကို 
 
ထိခိုက်ပျက်စီးစေတဲ့အတွက် အမြင်အာရုံထိခိုက်လာတတ်တဲ့အတွက် မျက်လုံးတွေပြူးထွက် 
 
လာတာမျိုးဖြစ်တတ်ပါတယ် ၊ ရောဂါပိုးဟာဦးနှောက်ထဲကိုရောက်သွားရင် ဟန်ချက်မထိမ်းနိုင်ပဲ 
 
လမ်းလျှောက်တဲ့အခါမူမမှန်တော့ပဲပတ်ခြာလည်နေတတ်ပါတယ်။အနံ့မသိတာမျိုးလည်းဖြစ်လာ
 
တတ်ပြီး၊ တဖြည်းဖြည်းနဲ့သွေားအားနည်းလာတဲ့အတွက် မျက်လုံးအတွင်းသားတွေကိုဖြဲကြည့်ရင် 
 
ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါတယ် ၊ သွေးအားတိုးဆေး တွေဘယ်လောက်ပေးပေး သွေးအားက 
 
တက်မလာနိုင်တာကတော့ဒီရောဂါရဲ့ထူးခြားချက်တစ်ခုလို့တောင်ပြောနိုင်ပါတယ် ။
 
 
ဒီရောဂါကို Ketoconazole, itraconazole, နဲ့ fluconazole စားဆေးတွေနဲ့ကုသပေးနိုင်ပါတယ် 
 
Ketoconazole စားဆေးကတော့ စျေးသက်သာပေမယ့် အစားအသောက်ပျက်တာ ၊ အော့အန်တာ 
 
၊ဝမ်းပျက်ပြီးပိန်ချုံးသွားတာစတဲ့ဘေးထွက်ဆိုးကျိုးတွေရှိတတ်တဲ့အပြင်ဆေးတိုက်တာကြာလာရင် 
 
မျက်စေ့မှာအတွင်းတိမ်စွဲတာမျိုး ဘေးထွက်ဆိုးကျိုးတွေတော့ရှိတတ်ပါတယ် ။
 
 
ဒါကြောင့်မို့ itraconazole, နဲ့ fluconazole စားဆေးကို တိုက်ကျွေး နိုင်ရင်ပိုကောင်းပါတယ်၊
 
fluconazoleစားဆေးဟာဦးနှောက်ထဲကိုမြန်မြန်ရောက်နိုင်တဲ့အားသာချက် ရှိတာကြောင့် 
 
ဦးနှောက်ထဲကိုရောဂါပိုးရောက်နေရင်အသုံးပြုသင့်ပါတယ် ။
 
 
ဘယ်ဆေးကိုအသုံးပြုသည်ဖြစ်စေ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှုကိုချင့်ချိန်ပြီး (၂)လလောက်အထိ 
 
ရက်မပျက်ဆေးတိုက်ဖို့လိုအပ်ပါတယ်

Zawgyi
 
ရောက်လာရင် နှာစေးပြီးနှာရည်ကျလာတတ်ပါတယ် ၊ မကြာခဏနှာချေနေတာကိုတွေ့ရပါတယ် ၊ နှာရည်ကျတာက နှာခေါင်းတစ်ဖက်တည်းကဖြစ်စေ နှစ်ဖက်လုံးကဖြစ်စေကျတတ်ပါတယ် ၊ ရောဂါရင့်လာရင် နှာခေါင်းအတွင်းလှိုဏ်ထဲမှာ အဖုအကြိတ်တွေပေါ်လာတတ်ပါတယ် ၊ 
 
 
 
ရောဂါပိုးဟာမျက်စေ့ထဲကိုရောက်သွားရင် မျက်စေ့အမြင်လွှာနဲ့အတူ မျက်စေ့အာရုံကြောတွေကိုထိခိုက်ပျက်စီးစေတဲ့အတွက် အမြင်အာရုံထိခိုက်လာတတ်ပါတယ် ၊ မျက်လုံးဟာပြူးထွက်လာတာမျိုးဖြစ်တတ်ပါတယ် ၊ ရောဂါပိုးဟာဦးနှောက်ထဲကိုရောက်သွားရင် ဟန်ချက်မထိမ်းနိုင်ပဲ လမ်းလျှောက်တဲ့အခါမူမမှန်တော့ပဲပတ်ခြာလည်နေတတ်ပါတယ် ၊ အနံ့မသိတာမျိုးလည်းဖြစ်လာတတ်ပါတယ် ၊ တဖြည်းဖြည်းနဲ့သွေားအားနည်းလာတဲ့အတွက် မျက်လုံးအတွင်းသားတွေကိုဖြဲကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါတယ် ၊ သွေးအားတိုးဆေးတွေဘယ်လောက်ပေးပေး သွေးအားကတက်မလာနိုင်တာကတော့ဒီရောဂါရဲ့
ထူးခြားချက်တစ်ခုလို့တောင်ပြောနိုင်ပါတယ် Ketoconazole, itraconazole, နဲ့ fluconazole စားဆေးတွေနဲ့ကုသပေးနိုင်ပါတယ် Ketoconazole စားဆေးကတော့ ဈေးသက်သာပေမယ့် အစားအသောက်ပျက်တာ ၊ အော့အန်တာ ၊ ၀မ်းပျက်ပြီးပိန်ချုံးသွားတာစတဲ့ ဘေးထွက်ဆိုးကျိုးတွေ
ရှိတတ်ပါတယ် ၊ ဒါကြောင့်မို့ itraconazole, နဲ့ fluconazole စားဆေးကို တိုက်ကျွေနိုင်ရင်
ရှိတာကြောင့် ဦးနှောက်ထဲကိုရောဂါပိုးရောက်နေရင်အသုံးပြုသင့်ပါတယ်  ဘယ်ဆေးကိုအသုံးပြုသည်ဖြစ်စေဘးထွက်ဆိုးကျိုးဖြစ်ပေါ်မှုကိုချင့်ချိန်ပြီး (၂)လလောက်အထိ ရက်မပျက်ဆေးတိုက်ဖို့လိုအပ်ပါတယ်

0 မှတ်ချက်များ to “ကြောင်နှာခေါင်းပွရောဂါ (Cryptococcosis) ”

Post a Comment