«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Aug 2017

ချောင်းဆိုးအသက်ရှုကျပ်ရောဂါ (Bordetellosis)

,
ဒီရောဂါကတော့ အသက်ရှုလမ်းကြောင်းရဲ့အပေါ်ပိုင်းကိုဒုက္ခပေးတတ်တဲ့ Bordetella bronchiseptica

  လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ၊ ဒီရောဂါပိုးဟာလုံးဝိုင်းတဲ့ပုံသဏ္ဍာန်ရှိပြီး

 လေရှိတဲ့နေရာတွေမှာသာရှင်သန်ပေါက်ပွားနိုင်ကြတဲ့ဘက်တီးရီးယားပိုးတွေဖြစ်ပါတယ် ၊ ဒီရောဂါက

 ကြောင်အချင်းချင်းကူးစက်တတ်ပါတယ်၊အသက်(၆)ပါတ်သားအောက်ငယ်တဲ့ကြောင်တွေမှာပိုပြီးအဖြစ်များ

 လေ့ရှိပါတယ် ၊ ဒါပေမယ့်အသက်ရှုလမ်းကြောင်းရဲ့အပေါ်ပိုင်းမှာဖြစ်ပွားတဲ့ရောဂါတွေဖြစ်တဲ့ herpesvirus

  နဲ့ calicivirus ရောဂါဒါဏ်ခံစားနေရတဲ့ကြောင်တွေဆိုရင်တော့ အသက်အရွယ်မရွေးပဲ ဒီရောဂါက

 နောက်ဆက်တွဲအနေနဲ့ဝင်လာတတ်ပါတယ် ဒီရောဂါဖြစ်ဖူးပြီးလို့ ရောဂါပိုးခိုအောင်းနေတဲ့ကြောင်တွေ

မှာ ဆိုရင် ရောဂါလက္ခဏာရယ်လို့ ထင်ထင်ရှားရှားပြသလေ့မရှိတော့ပဲ ကျန်းမာနေတတ်ပါတယ် ၊


ရောဂါပိုးစတင်ကူးစက်ခံရတဲ့ကြောင်တွေမှာတော့ ရောဂါလက္ခဏာတွေပြင်းပြင်းထန်ထန်ပေါ်လာလေ့

 ရှိပါတယ် ၊ နှာချေပြီးအပြင်းဖျားလာပါမယ် ၊ အစားအသောက်ပျက်ပြီးနှာရည်တရွှဲရွှဲဖြစ်နေတတ်ပါတယ်

 ၊ရောဂါရင့်လာတာနဲ့အမျှချောင်းဆိုးပြီးအသက်ရှုကျပ်လာပါတယ် ၊ မေးရိုးအောက်ကအကြိတ်တွေကို

 လက်နဲ့စမ်းကြည့်ရင် ထင်ထင်ရှားရှားကြီးယောင်ရမ်းနေတာကိုတွေ့နိုင်ပါတယ်


 ဒီရောဂါဖြစ်ပွားနေတဲ့ကြောင်ရဲ့သွေးကိုဖောက်ယူပြီး ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင် neutrophils

  လို့ခေါ်တဲ့သွေးဖြူဥတွေများနေတာကိုတွေ့ရှိနိုင်ပါတယ် ၊ ကြောင်ရဲ့အာခေါင်ကိုဂွမ်းတို့ဖတ်နဲ့သုပ်ယူပြီး

 မိုက်ကရိုစကုပ်အောက်မှာစစ်ဆေးကြည့်ရင် Bordetella bronchiseptica ရောဂါပိုးတွေကို

 တွေ့ရှိနိုင်ပါတယ်


ဒီရောဂါဖြစ်ပွားနေတဲ့ကြောင်ကို တိတ်ဆိပ်ငြိမ်သက်တဲ့အခန်းထဲမှာအနားပေးထားရပါမယ်

 ၊ဆိုလိုတာကတော့ တစ်ခြားခွေးကြောင်တွေနဲ့ဖြစ်စေ ကလေးတွေနဲ့ဖြစ်စေဆော့ကစားစေခြင်းမပြုပဲ

 ထားရပါမယ် ၊ ရက်သတ္တ(၂)ပါတ်လောက် ဆေးတိုက်ရမယ့်အပြင် ဓါတ်ဆားရည်ကိုလည်းတိုက်ကျွေးပေး

 ရမှာဖြစ်ပါတယ်

ဒီရောဂါကိုအောက်ပါဆေးများနဲ့ကုသပေးနိုင်ပါတယ်
  • တက်ထရာဆိုက်ကလင်း (10mg/kg PO q8h)
  •  ဒေါက်ဆီဆိုက်ကလင်း (10mg/kg PO q24h)
  • အမောက်စီစလင်/ clavulonic acid (62.5mg/cat PO q12h).
တစ်ခါတရံဒီရာဂါပိုးကို တက်ထရာဆိုက်ကလင်ဆေးနဲ့မတိုးတာလည်းတွေ့ရတတ်ပါတယ်

0 မှတ်ချက်များ to “ချောင်းဆိုးအသက်ရှုကျပ်ရောဂါ (Bordetellosis)”

Post a Comment