ဒီရောဂါလက္ခဏာမျိုးဖြစ်စေတတ်တဲ့ အကြောင်းရင်းကတော့မျိုးစုံရှိနိုင်ပါတယ် 
အဲဒီအကြောင်းရင်းတွေအနက် အစာချေဟိုမုန်းထွက်ရှိမှု 
အလွန်များနေခြင်းကြောင့်လည်းဖြစ်တတ်ပါတယ် ၊ 
အူလမ်းကြောင်းရဲ့အစပိုင်းနေရာမှာရှိပြီး သရက်ရွက်လို့ခေါ်ကြတဲ့ 
ပန်ကရိယဂလင်းမှာအကြိတ်တည်နေတဲ့အခါမျိုးမှာ 
ပန်ကရိယဂလင်းဟာအစာချေရည်တွေထွက်လာအောင်လှုံဆွပေးနိုင်တဲ့ 
ဟိုမုန်းတွေအများကြီးထုတ်ပေးတတ်ပါတယ်
အဲဒီလိုအစာချေဟိုမုန်းတွေအများကြီးထွက်လာတဲ့အတွက်ကြောင့် အစာအိမ်ထဲမှာ 
အစာချေရည်တွေဟာ လိုအပ်တာထက်အများကြီးပိုပြီးထွက်လာပါတော့တယ် 
အဲလိုများပြားလာတဲ့အစာချေရည်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအစပိုင်းက 
အတွင်းနံရံတွေကိုချေဖျက်ပစ်ကြတဲ့အတွက် အနာခွက်တွေဖြစ်လာစေပါတယ်
အဲဒီအနာတွေဟာ တဖြည်းဖြည်းနဲ့ပိုဆိုးလာပြီး  
အတွင်းနံရံကသွေးကြောတွေအထိရောက်သွားတဲ့အခါ သွေးကြောလေးတွေပေါက်ထွက်ပြီး 
အမြဲမပြတ်သွေးယိုစိမ့်မှုဖြစ်လာပါတယ် 
အဲဒီအခါမှာဝမ်းထဲမှာသွေးတွေပါလာပါတော့တယ် သွေးတွေဟာ 
အစာချေရည်နဲ့ထိတွေမိတဲ့အခါဓာတ်ပြုမှုဖြစ်ပြီးအမည်းရောင်ပြောင်းသွားတတ်တဲ့အတွက်
 သွားတဲ့ဝမ်းဟာ အမည်းရောင်ဖြစ်နေတတ်ပါတယ် 
ဒီလိုဖြစ်နေတဲ့ခွေးဟာ လန်းဆန်းတက်ကြွမှုမရှိတော့တဲ့အပြင် 
တဖြည်းဖြည်းနဲ့ပိန်ချုံးလာတတ်ပါတယ် ဗိုက်နာတဲ့လက္ခဏာကိုမကြာခဏပြသနေတတ်ပြီး 
မျက်လုံးအတွင်းသားတွေကိုလှန်ကြည့်ရင် 
ဖြူဖတ်ဖြူရော်ဖြစ်နေတာကိုတွေ့ရနိုင်ပါတယ်
အဲဒီအခါမှာသွေးကိုဖောက်ယူပြီး 
အစာချေဟိုမုန်းတွေပါဝင်နေခြင်းရှိမရှိစစ်ဆေးကြည့်ခြင်းအားဖြင့်   
ဒီဝေဒနာဟုတ်မဟုတ်ကိုခွဲခြားသိရှိနိုင်ပါတယ်
ဒီလိုအခြေအနေမျိုးဖြစ်နေရင်တော့ အောက်ပါကုထုံးတွေနဲ့ကုသပေးလေ့ရှိပါတယ် 
(၁) Ranitidine စားဆေးကို 
ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း(၁)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး 
တစ်နေ့လျှင်(၂)ကြိမ်တိုက်ကျွေးပေးနိုင်ပါတယ် ။
(၂) Cimetidine စားဆေးကိုလည်း 
ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း(၄)မီလီဂရမ်းနှုန်းနဲ့တွက်ချက်ပြီး 
တစ်နေ့လျှင်(၃)ကြိမ်တိုက်ကျွေးပေးနိုင်ပါတယ် ။
(၃) famotidine စားဆေးကို ခန္တာကိုယ်အလေးချိန်(၁)ကီလိုတိုင်းအတွက် (၀.၁)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး
 တစ်နေ့(၁)ကြိမ်တိုက်ကျွေးပေးလို့လည်းရပါတယ်။
ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက https://ayarbooks.blogspot.com/2020/08/black-terry-faeces.html
ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက https://ayarbooks.blogspot.com/2020/08/black-terry-faeces.html



 
    
   
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 





