«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Nov 2017

GSD ခွေးကောင်းတို့၏အရည်အချင်းများ

,
ကိုစိုးထွန်းနိုင်(နေပြည်တော်)၏တောင်းဆိုထားချက်အရ ဂျာမန်သိုးထိမ်းခွေးလို့ခေါ်တဲ့ GSD ခွေးမျိုးကို မျိုးစပ်သားဖောက်စနစ်ဖြင့်ဖန်တီးခဲ့သူ Max Von Stephanitz  ရေးသားခဲ့တဲ့ GSD ခွေးမျိုးရဲ့ စံအတိုင်းအတာနဲ့အရည်အချင်းဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်

GSD ခွေးအမျိုးအစားရဲ့ယေဘုယျသွင်ပြင်လက္ခဏာGSD ခွေးအမျိုးအစားဟာ ကိုယ်ခန္တာအရွယ်အစား အားဖြင့် မကြီးလွန်းမသေးလွန်းတဲ့အလယ်အလတ်တန်းစားထဲမှာပါဝင်ပါတယ် ၊ ကြွက်သားစိုင်တွေ ဖွံ့ထွားပြီးကျစ်လစ်သန်မာတဲံခွေးအမျိုးအစားဖြစ်ပါတယ်

ခွေးရဲ့ပုခုံး(WITHER)နေရာဟာမြေပြင်ကနေ အမြင့်အားဖြင့် အထီးတွေဟာ (၆၀)ကနေ(၆၅)စင်တီမီတာ လောက်ရှိတတ်ပါတယ် ၊ အမတွေကတော့ (၅၅)ကနေ(၆၀)စင်တီမီတာလောက်အမြင့်ရှိတတ်ပါတယ် ၊  ခန္တာကိုယ်တစ်ခုလုံးရဲ့ ရှေ့နောက်အရှည်ဟာ ပုခုံး(WITHER)ရဲ့အမြင့်ထက် (၁၀-၁၇)% လောက်ပိုနေ သင့်ပါတယ်

GSD ခွေးအမျိုးအစားရဲ့သဘာဝGSD ခွေးအမျိုးအစားမှန်ရင် သတ်မှတ်ထားတဲ့ GSD ခွေးအရည်အချင်း တွေဖြစ်တဲ့ ခန္တာကိုယ်အချိုးအစားအပြင် သခင်ကိုခွဲခြားသိနိုင်မှု၊ အေးဆေးတည်ငြိမ်စွာနေထိုင်တတ်မှု လူတွေကို ခင်မင်တတ်မှု၊ လျှင်မြန်သွက်လက်စွာ တုန့်ပြန်တတ်မှုစတဲ့အရည်အချင်းတွေပြည့်စုံဖို့လည်း မဖြစ်မနေလိုအပ်ပါတယ် ၊ တိုက်ခိုက်ချင်စိတ်ရှိရမယ့်အပြင် တိုက်ခိုက်ရဲတဲ့သတ္တိပြည့်ဝရပါမယ် ၊ သခင်နဲ့ဆက်ဆံတဲ့အခါမှာတော့ နူးညံ့သိမ်မွေ့ပြီး အမိန့်ကိုကောင်းစွာ နာခံတတ်ရပါမယ် ၊ GSD ခွေးတွေဟာသခင်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက်အမြဲတမ်းအသင့် အနေအထားနဲ့ သခင်ရဲ့
အရိပ်အကဲကို အမြဲတမ်းသတိပြုနေတတ်တဲ့အကျင့်ရှိဖို့လိုပါတယ်

ဦးခေါင်းပိုင်း
GSD ခွေးအမျိုးအစားရဲ့ဦးခေါင်းဟာမကြီးလွန်းမငယ်လွန်းပဲ ခန္တာကိုယ်အရွယ်အစားနဲ့လိုက်ဖက်ညီတဲ့ အလောတော်အရွယ်အစားရှိပါတယ် ၊ နှုတ်သီးဟာသပ်ပုံသဏ္ဍာနရှိပြီး အလွန်အမင်းရှည်လျှားခြင်း မရှိ့ပါဘူး ၊ ဦးခေါင်းထိပ်ကနေနှုတ်သီးဖျားအထိအရှည်ဟာ ခွေးရဲ့အရပ်အမြင့်ရဲ့ ၄၀% ရှိသင့်ပါတယ် ၊ နားရွက်နှစ်ဖက်အကြားနေရာဟာ အတန်အသင့်ကျယ်ပြန့်နေသင့်ပြီး နားရွက်နှစ်ဖက်ကိုဆက်သွယ်တဲ့ မျဉ်းကြောင်းကနေကြည့်ရင် ဦးခေါင်းရှေ့ပိုင်းနဲ့နောက်ပိုင်းဟာ အကျယ်အ၀န်းအားဖြင့်တူညီနေ သင့်ပါတယ် ၊ ခွေးရဲ့ဦးခေါင်းကိုရှေ့တည့်တည့်ကကြည့်တဲ့အခါ နားရွက်နေရာနားမှာကျယ်ပြန့်ပြီး နှုတ်သီးနေရာဖက်ကိုတဖြည်းဖြည်းရှုးသွားတဲ့ သပ်ပုံအနေအထားရှိနေသင့်တယ်လိုဆိုပါတယ် ၊ အထက်မေးရိုးနဲ့ အောက်မေးရိုးတွေဟာကျန်းမာပြီး ကြံ့ခိုင်သန်မာနေမှသာ GSD ခွေးမျိုးကောင်းလို့ သတ်မှတ်နိုင်ပါတယ် ၊ နှုတ်သီးအစွန်းနေရာတွေ ကွေးနေတဲ့ခွေးထက်ဖြောင့်တန်းနေတဲ့ခွေးက ပိုပြီးကောင်းပါတယ် ၊ နှုတ်သီးပိုင်းနဲ့တစ်ဆက်တည်းရှိနေတဲ့နှုတ်ခမ်းစွန်းနေရာတွေဟာ မဲနက်နေပြီး ကိုင်ကြည့်ရင် တင်းတင်းရင်းရင်းရှိနေရမယ့်အပြင် ပါးစပ်ကိုပိတ်ထားချိန်မှာ စေ့စေ့စပ်စပ်လုံခြုံစွာ ပိတ်ထားနိုင်ဖို့လိုအပ်ပါတယ်

နှာခေါင်း
သာမန်အားဖြင့်နှာခေါင်းပိုင်းဟာ အနက်ရောင်ဖြစ်ရပါမယ် ၊ GSD ခွေးတစ်ကောင်မှာ ကောင်းစွာဖွံ့ဖြိုးပြီးကျန်းမာကြံ့ခိုင်တဲ့အပေါ်မေးရိုးနဲ့ အောက်မေးရိုးတွေဟာ ဘက်ညီညီ မရွဲ့မစောင်းပဲရှိနေရမယ့်အပြင် အဲဒီမေးရိုးတွေမှာ သွား(၄၂)ချောင်းလုံးပြည့်စုံစွာရှိနေသင့်ပါတယ် ၊ သွားတစ်ချောင်းချင်းစီဟာလည်းသန်မာတောင့်တင်းပြီးကျန်းမာရေးနဲ့ပြည့်စုံနေဖို့လိုအပ်ပါတယ် ၊ ဘယ်ညာနှစ်ဖက်စလုံးမှာရှိနေတဲ့အံသွားတွေဟာ ဘက်ညီညီပုံစံအနေအထားမှာရှိပြီး ၊ သွားကိုစေ့ထားချိန်မှာအပေါ်ဖက်ကရှေ့သွားတွေနဲ့ အောက်ဖက်ကရှေ့သွားတွေ တည့်တည့်ထိနေမှ GSD ခွေးကောင်းလို့ သတ်မှတ်နိုင်ပါတယ်

မျက်စေ့
မျက်လုံး(၂)လုံးစလုံးဟာမကြီးလွန်းမငယ်လွန်းပဲ ဗာဒန်သီးပုံစံဖြစ်နေရပါမယ် ၊ ရှေ့ကိုပြူးထွက်နေခြင်း စွေစောင်းနေခြင်းမျိုးကမကောင်းပါဘူး ၊ မျက်စေ့ရဲ့အရောင်ဟာ အနက်ရောင်ဖြစ်လေပိုကောင်းလေ ပါပဲ ၊ အနက်ရောင်ဖျော့ခြင်းနဲ့ အနက်ရောင်ထဲမှာ အရောင်ဖျော့နေတဲ့အစက်အပြောက်တွေပါနေရင် GSD ခွေးအရည်အချင်းလျှော့ပါတယ်


နားရွက်
အရည်အသွေးကောင်တဲ့ GSD ခွေးတစ်ကောင်ရဲ့နားရွက်တွေဟာမကြီးလွန်းမငယ်လွန်းပဲ ထိပ်ဖျားဖက်က ခပ်ချွန်ချွန်ဖြစ်နေရပါမယ် ၊  နားရွက်တွေရဲ့တည်နေပုံဟာအပြင်ဖက်ကိုဖြစ်စေ အတွင်းဖက်ကိုဖြစ်စေ တိမ်းစောင်းမနေပဲ အပေါ်ဖက်ကိုတည့်တည့်မတ်မတ်ထောင်နေသင့်ပါတယ် ၊
နားရွက်တွေရဲ့အနေအထားဟာ ကမာကောင်ရဲ့အခွံကဲ့သို့တောင့်တင်းမှုအသင့်အတင့်ရှိနေရမယ့် အပြင် လမ်းလျှောက်နေချိန်တိုင်းမှာ ရှေ့ဖက်ကိုလှည့်နေသင့်ပါတယ် ၊ နားနေချိန်နဲ့ ကိုယ်ဟန်ပြနေတဲ့ အချိန်တွေမှာ နားရွက်အခွက်ကိုနောက်ဖက်သို့လှည့်ထားခြင်းကိုတော့ အမှားအယွင်းလို့ မသတ်မှတ်ကြ ပါဘူး
လည်ပင်းပိုင်း
လည်ပင်းပိုင်းမှာရှိနေတဲ့ကြွက်သားစိုင်တွေဟာ တောင့်တင်းသန်မာပြီး လည်ပင်းအောက်ဖက်ကအရေပြားဟာပျော့တွဲမနေပဲ တင်းတင်းရင်းရင်းချပ်ချပ်ယပ်ယပ်ရှိနေခြင်းဟာ GSD ခွေးကောင်းတွေရဲ့အရည်အချင်းတစ်ခုအဖြစ် စံသတ်မှတ်ထားချက်တွေအနက် အချက်တစ်ချက် အဖြစ်သတ်မှတ်ထားက်ြပါတယ်  
လည်ပင်းပိုင်းတည်ရှိနေပုံဟာလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ် ၊ လည်ပင်းပိုင်းဟာခန္တာကိုယ်ကို ရှေ့နောက်အလျှားလိုက်ဖြတ်သန်းသွားတဲ့ရေညီမျဉ်းကနေ ၄၅ ဒီဂရီခန့် ထောင်မတ်နေသင့်တယ် လို့ဆိုပါတယ်
GSD ခွေးရဲ့ကိုယ်လုံးပိုင်း
ခွေးရဲ့ကိုယ်လုံးပိုင်းဆိုတာ သူ့ရဲ့လည်ပင်းအရင်းကနေအမြီးအထိရှိနေတဲ့အပိုင်းဖြစ်ပါတယ် ၊ ပုခုံး(WITHER)နေရာဟာအနည်းငယ်ရှည်လျှားသင့်ပြီ့း ကျောပြင်(BACK)ဟာဖြောင့်တန်းနေရင်ကောင်ပါတယ် တင်ပါးပြင်နေရာမှာ တဖြည်းဖြည်းချင်းကွေးဆင်းသွားက ပုံမှန်အနေအထားဖြစ်ပါတယ် ၊ အဲဒီတွေဟာ ခွေးဝယ်တဲ့အခါ သတိထားကြည့်ရှုရမယ့်နေရာတွေဖြစ်ပါတယ် ၊ GSD ခွေးရဲ့ရင်အုံ(CHEST)ဟာအတန်အသင့်ရှည်လျှားကျယ်ပြန့်ပြီး ထင်ရှားပေါ်လွင်နေသင့်ပါတယ် ရင်အုံ(CHEST)ရဲ့အပေါ်အောက်အမြင့်ဟာ ခွေးအရပ်အမြင့်ရဲ့ ၄၅% ကနေ ၄၈%  လောက်ရှိနေရင် အကောင်းဆုံးပါပဲ ၊ ပုခုံး(WITHER)နဲ့ကျောပြင် (BACK)နဲ့ဆက်သွယ်တဲ့နေရာမှာဖြစ်စေ ၊ ကျောပြင် (BACK)နဲ့ တင်ပါးပြင်(RUMP)ဆက်သွယ်တဲ့နေရာမှာဖြစ်စေ သိသိသာသာကြီးချိုင့်ဝင်နိမ့်ဆင်းသွား တာမျိုးမဟုတ်ပဲ ပြေပြေလေးရှိနေတဲ့ခွေးဟာ GSD ခွေးကောင်းအရည်အချင်းပြည့်တဲ့ခွေးဖြစ်ပါတယ် ၊ ကျောပြင် (BACK)ပိုင်းဟာ အတန်အသင့်ရှည်လျှားသင့်တဲ့အပြင် တောင့်တင်းတဲ့ကြွက်သားစိုင်တွေနဲ့ ပြည့်ပြည့်ဖြိုးဖြိုး ရှိနေသင့်ပါတယ် ၊ ခါးရိုးဆစ်နေရာတစ်ခုလုံးဟာကျောပြင် (BACK)ကနေအစပြုလာ တဲ့ကြွက်သားစိုင်တွေနဲ့ တစ်သားတည်းဖုံးအုပ်နေသင့်ပါတယ် ၊ နံရိုးတွေကို လက်နဲ့စမ်းကြည့်သင့်ပါတယ် ၊ နံရိုးတစ်ချောင်းချင်းဟာ အပြားကြီးပြီး  တဖြည်းဖြည်းချင်းပြေပြေလေးကွေးနေသင့်ပါတယ် ၊ ခွေးရဲ့ရင်အုံ(CHEST)အပိုင်းမှာရှိတဲ့နံရိုးတွေလုံးဝန်းနေတဲ့ခွေးဟာ GSD ခွေးကောင်းဖြစ်ပါတယ် ၊ တင်ပါးပိုင်းကိုကြည့်တဲ့အခါ ပေါင်နှစ်ဖက်ရဲ့အရင်းပိုင်းနေရာတွေဟာ ကြည့်ရှုစစ်ဆေးရမယ့်နေရာတွေ ဖြစ်ပါတယ် ၊ တင်ပါးပိုင်းဟာရှေ့နောက်ကျယ်ပြန့်ပြီး တောင့်တင်းသန်မာတဲ့ကြွက်သားစိုင်တွေနဲ့ ပြည့်မောက်နေ သင့်ပါတယ်
တင်ပါးပိုင်းနဲ့ဆက်နေတဲ့ပေါင်တံနှစ်ဖက်စလုံးဟာ ရှည်လျှားပြီး ကိုယ်ထည်ရဲ့အလျှားလိုက်ရေညီမျဉ်းကနေ (၂၃)ဒီဂရီလောက်စောင်းနေတဲ့အနေအထားဟာ အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်
ရှေ့လက်များ
တိရစ္ဆာန်တွေရဲ့ခြေလက်တွေဖွဲ့စည်းတည်ဆောက်ပုံဟာ လူတွေရဲ့ခြေလက်တွေဖွဲ့စည်းတည်ဆောက်ပုံနဲ့ သဘောတရားအားဖြင့်တူညီပေမယ့် အရိုးအဆစ်တစ်ခုချင်းစီရဲ့အတိုင်းအတာအချိုးအစားတွေက မတူညီတဲ့အတွက် လူမှာခေါ်ဝေါ်သုံးနှုံးသလိုရေးသားတဲ့အခါမှာ မျက်စေ့လည်တတ်ပါတယ် ၊ ဒါကြောင့်မို့ ခွေးရဲ့အစိပ်အပိုင်းတွေကိုဖော်ပြထားတဲ့ရုပ်ပုံနဲ့အတူ တွဲဖက်လေ့လာမှသာ သဘောပေါက်လွယ်မှာ ဖြစ်ပါတယ်
GSD ခွေးရဲ့လက်တွေအကြောင်းနဲ့ပတ်သက်လို့ Max Von Stephanitz  ရေးသားခဲ့တာကတော့
တံတောင်ဆစ်ရဲ့လှုပ်ရှားမှုဟာ တည်ငြိမ်နေဖို့လိုအပ်တယ်လို့ဆိုပါတယ် ၊ မတ်တပ်ရပ်နေချိန်မှာဖြစ်စေ လှုပ်ရှားသွားလာချိန်မှာဖြစ်စေ အပြင်ဖက်ကိုငေါထွက်လာခြင်းအတွင်းဖက်ကို နိမ့်ဝင်သွားခြင်းမျိုးမရှိသင့် ပါဘူး ၊
ခွေးရဲ့ရှေ့လက်တွေဟာ ဘယ်ဖက်ကကြည့်ကြည့် တစ်ဖြောင့်တည်းဖြစ်နေသင့်ပြီး ခွေးရဲ့ရှေ့ တည့်တည့်ကကြည့်တဲ့အခါ ရှေ့လက်နှစ်ဖက်ဟာ တစ်ဖက်နဲ့တစ်ဖက်အပြိုင်ဖြစ်နေရပါမယ် ၊ အပေါ်ပိုင်းမှာကားနေပြီး အောက်ဖက်မှာရှုးနေတာမျိုး ၊ အောက်ပိုးမှာကားထွက်နေတာမျိုးမဖြစ်သင့်ပါဘူး ၊ လက်ပြင်ရိုး(SCAPULAR)နဲ့ လက်မောင်းရိုးဟာ အရှည်ချင်းတူနေရင်ပိုကောင်းတယ်လို့ဆိုပါတယ် ၊ သူတို့အချင်းချင်းတည်ရှိပုံအနေအထားဟာ (၉၀) ဒီဂရီထက်ကျော်လေလေ ပိုကောင်းလေဖြစ်ပြီး အကောင်းဆုံး GSD ခွေးကတော့ ၁၁၀% အနေအထားဖြစ်တယ်လို့ဆိုပါတယ် ၊ လက်ပြင်ရိုးနဲ့ လက်မောင်းအဆစ် (SHOULDER JOINT)နေရာတွေမှာ သင့်တင့်မျှတဲ့ကြွက်သားစိုင်တွေရှိသင့်ပါတယ် ၊

                                              (ဆက်လက်ဖော်ပြပါမည်)

0 မှတ်ချက်များ to “GSD ခွေးကောင်းတို့၏အရည်အချင်းများ”

Post a Comment