«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Feb 2019

လှုပ်ရှားမှုကိုဖြစ်စေသော Acetylcholine ဓာတ်အကြောင်း

,
Unicode
 

ခန္တာကိုယ်ရဲ့အစွန်အဖျားက အာရုံကြောမျှင်လေးတွေရဲ့ထိပ်ပိုင်းမှာ Cholinergic neurons လို့ 


ခေါ်တဲ့ အာရုံခံအဖုလေးတွေရှိပါတယ် အဲဒီအဖုလေးထဲမှာ Acetylcholine ဓါတ်တွေဟာ သဘာဝ


အတိုင်းရှိနေတာဖြစ်ပါတယ်။ အဲဒီ Acetylcholineကိုအသည်းနဲ့အာရုံကြောအဖုလေးတွေကနေ

 

ထွက်တဲ့ Acetylcholinesterase အင်ဇိုင်းက အလျှင်အမြန်ဖျက်ဆီးပစ်လေ့ရှိပါတယ်၊

 

လူသတ္တဝါတွေရဲ့လှုပ်ရှားမှုဖြစ်စဉ်ကိုအသေးစိပ်ရှာဖွေဖော်ထုတ်ပေးခဲ့တာကတော့ အင်္ဂလိပ်လူမျိုး

 

ပညာရှင် Arthur James Ewins နဲ့ ဂျာမန်လူမျိုး ဇီဝကမ္မဗေဒပညာရှင် Otto Loewiတို့ဖြစ်ပါတယ်။

 ခန္တာကိုယ်ထဲမှာ Acetylcholine ဓါတ်ရှိနေကြောင်းကို  Arthur James Ewins ၁၉၁၃ ခုနှစ်မှာ 


ရှာဖွေတွေ့ရှိခဲ့ပြီး Acetylcholine ရဲ့အလုပ်လုပ်ပုံအသေးစိပ်ကိုတော့ ၁၉၂၁ ခုနှစ် ရောက်မှ 


ဂျာမန်ပညာရှင် Otto Loewi ကဖော်ထုတ်တင်ပြခဲ့ပါတယ် Otto Loewi ဟာ ခန္တာကိုယ်ထဲက 


vagus နဗ်ကြောကိုလှုံ့ဆွပြီး Acetylcholine ထွက်လာအောင်လုပ်နိုင်ကြောင်းနဲ့ Acetylcholine


ထွက်လာတဲ့အခါမှာ နှလုံးခုန်နှုန်းဟာ အလွန်နှေးသွားကြောင်းကို လက်တွေ့ပြသခဲ့ပါတယ် ၊ 


ဆက်လက်ပြီး Acetylcholine ဓါတ်ဟာ ကျောရိုးရှိသတ္တဝါတွေရဲ့ လှုပ်ရှားကြွက်သားမျှင်လေးတွေ 

 

ရဲ့ထိပ်ဖျားမှာရှိတဲ့ အာရုံကြောအဖုတွေကနေထွက်ရှိနေကြောင်း အသေးစိပ်ဖော်ထုတ်နိုင်ခဲ့တဲ့ 


အတွက် ၁၉၃၆ ခုနှစ်မှာ အဲဒီပညာရှင်(၂)ဦးစလုံးကို ဇီဝဆေးပညာဆိုင်ရာနိုဗယ်ဆုချီးမြှင့်ခဲ့ပါတယ်
 

အဲဒီအချိန်ကစပြီး လူသတ္တဝါတွေလှုပ်ရှားစေတဲ့ Acetylcholine ဓါတ်ဟာ  အာရုံကြောကနေ 


အချက်အလက်တွေကို ကြွက်သားတွေဆီပို့ပေးတဲ့ ပထမဦးဆုံးသော Neurotransmitter အဖြစ် 


ဆေးပညာလောကမှာ သိရှိနားလည်ခဲ့ကြတာဖြစ်ပါတယ်။
 


ခန္တာကိုယ်က ကြွက်သားတွေအလုပ်လုပ်ပုံကတော့ ဦးနှောက်ကအမိန့်ပေးလိုက်တဲ့အချက်ပြတွေ


ဟာ အာရုံကြောတွေကနေတဆင့်ရောက်လာတဲ့အခါCholinergic neurons လို့ခေါ်တဲ့အဖုလေးထဲ


ကနေ Acetylcholineတွေကို Neuromuscular junction လို့ခေါ်တဲ့ ကြွက်သားနဲ့အာရုံကြော 


ဆက်တဲ့နေရာဆီကိုလွှတ်ထုတ်ပေးလိုက်ပါတယ်၊အဲဒီနေရာကိုရောက်လာတဲ့ Acetylcholineဟာ 


ကြွက်သားမျှင်လေးရဲ့အမြှေးမှာရှိတဲ့ လက်ခံမော်လီကျူးနဲ့ပေါင်းစပ်လိုက်ပါတယ်။ 

 


အဲလိုပေါင်းလိုက်တဲ့အတွက် ကြွက်သားအမြှေးရဲ့စိမ့်ဝင်အားကျဆင်းသွားပြီး ကြွက်သားမျှင်ရဲ့


ဘေးမှာရှိနေတဲ့ ဆိုဒီယမ်အိုင်ယွန်းတွေဟာ ကြွက်သားမျှင်ထဲကိုချက်ချင်းတိုးဝင်လာကြပါတယ်၊ 


အဲဒီအခါမှာကြွက်သားမျှင်က ဆတ်ကနဲ့ကျုံ့သွားပါတယ်၊ ချက်ချင်းဆိုသလိုပဲ အသင့်ရှိနေတဲ့ 


Acetylcholinesterase အင်ဇိုင်းက အဲဒီနေရာက Acetylcholineဓါတ်တွေကိုဖျက်ဆီးပစ်လိုက်ပြန် 


ပါတယ်၊ ဒီလိုဖြစ်စဉ်ဟာ ဦးနှောက်က အမိန့်ပေးတဲ့လျှပ်စစ်လှိုင်းတွေရောက်လာတိုင်း ပြန်လည် 


ဖြစ်ပေါ်နေပြန်ပါတယ် ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့ကြွက်သားတွေအားလုံးဟာဒီလိုနည်းနဲ့ကျုံ့ခြင်း 


အားဖြင့်လှုပ်ရှားပြီး လူနဲ့တိရစ္ဆာန်တွေဟာလှုပ်ရှားစားသောက်နေနိုင်ကြတာဖြစ်ပါတယ်၊
 


(အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ Clostridium botulinum ဘက်တီးရီးယားပိုးတွေကထွက်တဲ့ 

 

အဆိပ်ရည် Botulinum toxin တွေဟာလည်း လူပ်ရှားစေတဲ့ Acetylcholineဓါတ်တွေကိုဖျက်ဆီး

 

ပစ်နိုင်ပါတယ်)
 


လှုပ်ရှားစေတဲ့Acetylcholineဟာအလိုအလျှောက်အာရုံကြောစနစ်မှာလည်းဒီအတိုင်းပဲဆောင်ရွက်


နေတဲ့အတွက် နှလုံးခုန်တာ၊အသက်ရှုတာနဲ့အူလမ်းကြောင်းလှုပ်ရှားတာတွေဟာအလိုအလျှောက် 


ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

 

ဗဟိုအာရုံကြောစနစ်မှာလည်း Acetylcholineဟာ လုပ်ငန်းတာဝန်များစွာကိုဆောင်ရွက်ပေးနေ


တယ်လို့ဆိုပါတယ် မှတ်ဉာဏ်နဲ့ လေ့ကျင့်သင်ကြားနိုင်မှုဟာ Acetylcholine ဓါတ်နဲ့အများကြီး


ဆိုင်ပါတယ် လူတွေမှာ Acetylcholine ထွက်နှုန်းနည်းလာတဲ့အခါ အယ်ဇိုင်းမားလို့ခေါ်တဲ့


မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါဖြစ်လာတတ်ပါတယ်။

 

ဒီဖြစ်စဉ်ကိုသိရှိလာတဲ့လူသားတွေဟာ အဖျက်အင်ဇိုင်းCholinesterases ရဲ့စွမ်းရည်ကိုဖျက်ဆီးပစ်


နိုင်တဲ့ Anticholinesterases ဆေးတွေကိုတီထွင်ဖန်တီးခဲ့ပြီး Acetylcholineတွေဖျက်ဆီးခံရမှုကို 


တားပေးနိုင်ခဲ့တဲ့အတွက် Acetylcholineတွေမပျက်စီးတော့ပဲကြွက်သားတွေရဲ့အလုပ်လုပ်နိုင်စွမ်း 


ပိုကောင်းလာစေခဲ့ပါတယ်။

လူသားတွေဖန်တီးထားတဲ့Physostigmine နဲ့ Neostigmineကဲ့သို့Anticholinesterases ဆေးတွေ 


ကို အစာအိမ်အူလမ်းကြောင်းရောဂါတွေနဲ့ ကြွက်သားအားနည်းတဲ့ရောဂါတွေမှာ ကြွက်သားတွေ  


အားကောင်းအောင် အသုံးပြုနေနိုင်ကြပြီဖြစ်ပါတယ်။

 

ကြွက်သားအားနည်းရောဂါ(သို့)ခွေးဒူလာရောဂါအကြောင်းဆက်လက်ဖတ်ရှုရန် LINK ကို

 

နှိပ်ပါ===>> LINK

 
 
Zawgyi
 
 
ခန္တာကိုယ်ရဲ့အစွန်အဖျားက အာရုံကြောမျှင်လေးတွေရဲ့ထိပ်ပိုင်းမှာ cholinergic neurons လို့ခေါ်တဲ့အာရုံခံအဖုလေးတွေရှိပါတယ် အဲဒီအဖုလေးထဲမှာ Acetylcholine ဓါတ်တွေဟာ သဘာဝအတိုင်းရှိနေတာ ဖြစ်ပါတယ်
အဲဒီ Acetylcholine ကို အသည်းနဲ့အာရုံကြောအဖုလေးတွေကနေထွက်တဲ့ acetylcholinesterase အင်ဇိုင်းက အလျှင်အမြန်ဖျက်ဆီးပစ်လေ့ရှိပါတယ်  လူသတ္တဝါတွေရဲ့လှုပ်ရှားမှုဖြစ်စဉ်ကို အသေးစိပ်ရှာဖွေဖော်ထုပ်ပေးခဲ့တာကတော့ အင်္ဂလိပ်လူမျိုးပညာရှင် Arthur James Ewins နဲ့ ဂျာမန်လူမျိုးဇီဝကမ္မဗေဒပညာရှင် Otto Loewi တို့ဖြစ်ပါတယ်
ခန္တာကိုယ်ထဲမှာ acetylcholine  ဓါတ်ရှိနေကြောင်းကို  Arthur James Ewins ၁၉၁၃ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး acetylcholine ရဲ့အလုပ်လုပ်ပုံအသေးစိပ်ကိုတော့ ၁၉၂၁ ခုနှစ် ရောက်မှ ဂျာမန်ပညာရှင် Otto Loewi ကဖော်ထုတ်တင်ပြခဲ့ပါတယ် Otto Loewi ဟာ ခန္တာကိုယ်ထဲက vagus နဗ်ကြောကိုလှုံ့ဆွပြီး acetylcholine ထွက်လာအောင်လုပ်နိုင်ကြောင်းနဲ့ acetylcholine ထွက်လာတဲ့အခါမှာ နှလုံးခုန်နှုန်းဟာ အလွန်နှေးသွားကြောင်းကို လက်တွေ့ပြသခဲ့ပါတယ် ဆက်လက်ပြီး acetylcholine ဓါတ်ဟာ ကျောရိုးရှိသတ္တဝါတွေရဲ့ လှုပ်ရှားကြွက်သားမျှင်လေးတွေရဲ့ထိပ်ဖျားဖက်မှာရှိတဲ့ အာရုံကြောအဖုတွေကနေထွက်ရှိနေကြောင်း အသေးစိပ်ဖော်ထုပ်နိုင်ခဲ့တဲ့အတွက် ၁၉၃၆ ခုနှစ်မှာ အဲဒီပညာရှင်(၂)ဦးစလုံးကို ဇီဝဆေးပညာဆိုင်ရာနိုဗယ်ဆု ချီးမြှင့်ခဲ့ပါတယ်
အဲဒီအချိန်ကစပြီး လူသတ္တဝါတွေလှုပ်ရှားစေတဲ့ acetylcholine ဓါတ်ဟာ  အာရုံကြောကနေ အချက်အလက်တွေကို ကြွက်သားဆီပို့ပေးတဲ့ ပထမဦးဆုံးသော neurotransmitter အဖြစ်ဆေးပညာလောကမှာ သိရှိနားလည်ခဲ့ကြတာဖြစ်ပါတယ်
ခန္တာကိုယ်က ကြွက်သားတွေအလုပ်လုပ်ပုံကတော့ ဦးနှောက်ကအမိန့်ပေးလိုက်တဲ့အချက်ပြတွေဟာ အာရုံကြောတွေကနေတဆင့်ရောက်လာရင် cholinergic neurons လို့ခေါ်တဲ့အဖုလေးထဲကနေ acetylcholine တွေကို neuromuscular junction လို့ခေါ်တဲ့ ကြွက်သားနဲ့အာရုံကြော ဆက်တဲ့နေရာဆီကိုလွှတ်ထုတ်ပေး လိုက်ပါတယ်
အဲဒီနေရာကိုရောက်လာတဲ့ acetylcholine ဟာ ကြွက်သားမျှင်ရဲ့အမြှေးမှာရှိတဲ့ လက်ခံမော်လီကျူးနဲ့ပေါင်းစပ်လိုက်ပါတယ်
အဲလိုပေါင်းလိုက်တဲ့အတွက်ကြောင့် ကြွက်သားအမြှေးရဲ့စိမ့်ဝင်အားကကျဆင်းသွားပြီး ကြွက်သားမျှင်ရဲ့ဘေးမှာရှိနေတဲ့ ဆိုဒီယမ်အိုင်ယွန်းတွေဟာ ကြွက်သားမျှင်ထဲကို ချက်ချင်းတိုးဝင်လာကြပါတယ် အဲဒီအခါမှာကြွက်သားမျှင်ကကျုံ့သွားပါတယ် ချက်ချင်းဆိုသလိုပဲ အသင့်ရှိနေတဲ့ acetylcholinesterase အင်ဇိုင်းက အဲဒီနေရာက acetylcholine ဓါတ်တွေကိုဖျက်ဆီးပစ်လိုက်ပြန်ပါတယ်  ဒီလိုဖြစ်စဉ်ဟာ ဦးနှောက်က အမိန့်ပေးတဲ့လျှပ်စစ်လှိုင်းတွေရောက်လာတိုင်း ပြန်လည်ဖြစ်ပေါ်နေပြန်ပါတယ် ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့ကြွက်သားတွေအားလုံးဟာ ဒီလိုနည်းနဲ့ကျုံ့ခြင်းအားဖြင့် လှုပ်ရှားပြီး လူနဲ့တိရစ္ဆာန်တွေဟာလှုပ်ရှားစားသောက်နေနိုင်ကြတာဖြစ်ပါတယ်
(အစာအဆိပ်သင့်စေတဲ့ Clostridium botulinum ဘက်တီးရီးယားပိုးတွေကထွက်တဲ့ အဆိပ်ရည် botulinum toxin တွေဟာလည်း လူပ်ရှားစေတဲ့ Acetylcholine ဓါတ်တွေကိုဖျက်ဆီးပစ်နိုင်ပါတယ်
အစာဆိပ်သင့်ခြင်းအကြောင်းကြည့်ပါ ===>> LINK )
လှုပ်ရှားစေတဲ့ acetylcholine ဟာ အလိုအလျှောက်အာရုံကြောစနစ်မှာလည်း ဒီအတိုင်းပဲဆောင်ရွက်နေတဲ့အတွက် နှလုံးခုန်တာ အသက်ရှုတာနဲ့ အူလမ်းကြောင်းလှုပ်ရှားတာတွေဟာ အလိုအလျှေက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်
ဗဟိုအာရုံကြောစနစ်မှာလည်း acetylcholine ဟာ လုပ်ငန်းတာဝန်များစွာကိုဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ် မှတ်ဥာဏ်နဲ့ လေ့ကျင့်သင်ကြားနိုင်မှုဟာ acetylcholine ဓါတ်နဲ့အများကြီးဆိုင်ပါတယ် လူတွေမှာ acetylcholine ထွက်နှုန်းနည်းလာတဲ့အခါ အယ်ဇိုင်းမားလို့ခေါ်တဲ့မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါဖြစ်လာတတ်ပါတယ်
ဒီဖြစ်စဉ်ကိုသိရှိလာတဲ့အခါ လူသားတွေဟာ အဖျက်အင်ဇိုင်း cholinesterases ရဲ့စွမ်းရည်ကိုဖျက်ဆီးပစ်နိုင်တဲ့ anticholinesterases ဆေးတွေကိုတီထွင်ဖန်တီးခဲ့ပြီး acetylcholine တွေဖျက်ဆီးခံရမှုကိုတားပေးနိုင်ခဲ့တဲ့အတွက် acetylcholine တွေမပျက်စီးတော့ပဲ ကြွက်သားတွေရဲ့အလုပ်လုပ်နိုင်စွမ်းပိုကောင်းလာစေခဲ့ပါတယ်
လူသားတွေဖန်တီးထားတဲ့ physostigmine နဲ့ neostigmine ကဲ့သို့ anticholinesterases ဆေးတွေကို အစာအိမ်အူလမ်းကြောင်းရောဂါတွေနဲ့ ကြွက်သားအားနည်းတဲ့ရောဂါတွေမှာ ကြွက်သားတွေအားကောင်းအောင် အသုံးပြုနေကြပြီဖြစ်ပါတယ်


0 မှတ်ချက်များ to “လှုပ်ရှားမှုကိုဖြစ်စေသော Acetylcholine ဓာတ်အကြောင်း”

Post a Comment