«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Jun 2018

အရည်ကြည်ဖုပေါက်ရောဂါ (vesicular exanthema)

,
ဝက်တွေမှာ calicivirus  ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ vesicular exanthema ရောဂါဟာ ခွေးတွေကိုလည်းကူးစက်တတ်ပါတယ် ၊ ၀က်တွေမှာအုပ်စုလိုက်ရောဂါဖြစ် နေတဲ့အခါမှာ ခွေးတွေကိုကူးစက်ပြီး ရောဂါဖြစ်လာတာတွေ့ရပါတယ်။
ခွေးတွေကိုကူးစက်တဲ့အခါမှာတော့ အဖျားဝင်လာပြီး နှုတ်ခမ်း ၊ နှာသီးထိပ်ပိုင်း ၊ ပါးစပ်ထဲနဲ့ ခြေထောက်တွေမှာအရည်ကြည်ဖုလေးတွေပေါက်လာတာတွေ့ရပါတယ်
ကျွဲနွားတွေမှာဖြစ်ပွားတဲ့ ခွာနာလျှာနာရောဂါနဲ့ခပ်ဆင်ဆင်တူပါတယ်။
ဒါပေမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ရောဂါလက္ခဏာတွေဟာသူ့အလိုလိုပြန်လည်ပျောက်ကင်းသွား 
လေ့ရှိပါတယ်။

0 မှတ်ချက်များ to “အရည်ကြည်ဖုပေါက်ရောဂါ (vesicular exanthema)”

Post a Comment