«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Jun 2018

သွေးလွန်ရောဂါ (Rickettsia infection)

,
သွေးလွန်ရောဂါဆိုတာကတော့  Rickettsia rickettsii လို့ခေါ်တဲ့ပိုးကြောင့် လူနဲ့ခွေးတွေမှာ
 
ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ကြောင်တွေမှာတော့ Rickettsia felis လို့ခေါ်တဲ့ပိုး
 
ကြောင့်ဖြစ်ပွားတာဖြစ်ပါတယ်၊ ဒီရောဂါပိုးရှိနေတဲ့မွှားတွေအကိုက်ခံရတဲ့အခါမှာ ပိုးတွေဟာ 
 
သွေးစီးကြောင်းကနေတဆင့် သွေးကြောမျှင်လေးတွေရဲ့နံရံထဲကို ထိုးဖောက်ဝင်ရောက်
 
သွားပါတယ် ၊ သွေးကြောမျှင်လေးတွေရဲ့နံရံထဲမှာ ကောင်ရေပွားများလာကြပါတယ် ၊ 
 
အဲဒီနောက် သွေးကြောနံရံတွေကို ဖျက်ဆီးပစ်ကြပါတယ် ၊ တစ်ချိန်တည်းမှာပဲ သွေးကိုခဲစေတဲ့ 
 
စနစ်ကိုစတင်တိုက်ခိုက် ပါတော့တယ်။

 
မျိုးစစ်ခွေးတွေဟာမျိုးစပ်ထားတဲ့ ကပြားခွေးတွေထက် ဒီရောဂါပိုပြီးဖြစ်လေ့ရှိပြီး၊ German 
 
shepherd ခွေးမျိုးတွေမှာ ဒီရောဂါအဖြစ်များတာကိုတွေ့ရပါတယ်။

 
ဒီရောဂါဖြစ်လာရင် နှုတ်ခမ်းသားနေရာနဲ့ အထီးအင်္ဂါရဲ့အဝနေရာတွေယောင်ပြီးညိုပုပ်ပုပ်ဖြစ်လာ
 
တတ် ပါတယ် ၊ ကြာလာရင်အဲဒီနေရာတွေကအသားတွေပုပ်သွား တတ်ပါတယ် ၊ ကိုယ်တွင်း
 
အင်္ဂါတွေဖြစ်တဲ့ နှလုံးနဲ့ကျောက်ကပ်မှာ အသားပုပ်ရင် သေတတ်ပါတယ်။

 
ဒီရောဂါဖြစ်ရင်အဆစ်အမြစ်တွေနဲ့ကြွက်သားတွေလည်းယောင်တတ်သေးပါတယ် အဲဒီအခါမျိုးမှာ 
 
နေပုံထိုင်ပုံမူမမှန်ပဲ ကွတတဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ၊ ရောဂါပြင်းထန်ရင်တော့ 
 
မျက်လုံး ၊ ပါးစပ်ထဲနဲ့ မျိုးပွားအင်္ဂါနေရာတွေမှာ သွေးတွေစို့လာတတ်ပါတယ် ၊  ဒီရောဂါဖြစ်နေ 
 
တဲ့ခွေးကိုသွေးစစ်ကြည့်ရင် သွေးထဲမှာရှိတဲ့ alkaline phosphatase ဓါတ်ဟာ အလွန်များနေ
 
တာကို တွေ့ရမှာဖြစ်ပါတယ် ။
 
ဒီရောဂါဖြစ်တာသေချာရင် Tetracycline နဲ့ doxycycline စားဆေးတွေနဲ့ တိုက်ကျွေးကုသပေးနိုင် 
 
ပါတယ် ။

 Zawgyi
 
ဒီေရာဂါကေတာ့  Rickettsia rickettsii လို႔ေခၚတဲ့ပိုးေၾကာင့္ လူနဲ႔ေခြးေတြမွာျဖစ္ပြားတဲ့ ေရာဂါျဖစ္ပါတယ္ ၊ ေၾကာင္ေတြမွာေတာ့ Rickettsia felis လို႔ေခၚတဲ့ပိုးေၾကာင့္ျဖစ္ပြား တာျဖစ္ပါတယ္ ၊ ဒီေရာဂါပိုးရွိေနတဲ့မႊားေတြအကိုက္ခံရတဲ့အခါမွာ ပိုးေတြဟာ ေသြးစီးေၾကာင္းကေနတဆင့္ ေသြးေၾကာမွ်င္ေလးေတြရဲ႕နံရံထဲကို ထိုးေဖာက္ ၀င္ေရာက္သြားပါတယ္ ၊ ေသြးေၾကာမွ်င္ေလးေတြရဲ႕နံရံထဲမွာ ေကာင္ေရပြားမ်ားလာ ၾကပါတယ္ ၊ အဲဒီေနာက္ ေသြးေၾကာနံရံေတြကို ဖ်က္ဆီးပစ္ၾကပါတယ္ ၊ တစ္ခ်ိန္ထဲ မွာပဲ ေသြးကိုခဲေစတဲ့စနစ္ကိုစတင္တိုက္ခိုက္ ပါေတာ့တယ္။
မ်ိဳးစစ္ေခြးေတြဟာမ်ိဳးစပ္ထားတဲ့ ကျပားေခြးေတြထက္ ဒီေရာဂါပိုၿပီးျဖစ္ေလ့ရွိၿပီး၊ German shepherd ေခြးမ်ိဳးေတြမွာ ဒီေရာဂါအျဖစ္မ်ားတာကိုေတြ႕ရပါတယ္
ဒီေရာဂါျဖစ္လာရင္ ႏႈတ္ခမ္းသားေနရာနဲ႔ အထီးအဂၤါရဲ႕အ၀ေနရာေတြေယာင္ၿပီး ညိဳပုပ္ပုပ္ျဖစ္လာတတ္ ပါတယ္ ၊ ၾကာလာရင္အဲဒီေနရာေတြကအသားေတြပုပ္သြား တတ္ပါတယ္ ၊ ကိုယ္တြင္းအဂၤါေတြျဖစ္တဲ့ ႏွလံုးနဲ႔ေက်ာက္ကပ္မွာ အသားပုပ္ရင္ ေသတတ္ပါတယ္။
ဒီေရာဂါျဖစ္ရင္အဆစ္အျမစ္ေတြနဲ႔ၾကြက္သားေတြလည္းေယာင္တတ္ေသးပါတယ္ အဲဒီအခါမ်ိဳးမွာ ေနပံုထိုင္ပံုမူမမွန္ပဲ ကြတတျဖစ္လာတာကိုေတြ႕ရမွာျဖစ္ပါတယ္ ၊
ေရာဂါျပင္းထန္ရင္ေတာ့ မ်က္လံုး ၊ ပါးစပ္ထဲနဲ႔ မ်ိဳးပြားအဂၤါေနရာေတြမွာ ေသြးေတြစို႔လာတတ္ပါတယ္ ၊  
ဒီေရာဂါျဖစ္ေနတဲ့ေခြးကိုေသြးစစ္ၾကည့္ရင္ ေသြးထဲမွာရွိတဲ့ alkaline phosphatase ဓါတ္ဟာ
အလြန္မ်ားေနတာကို ေတြ႕ရမွာျဖစ္ပါတယ္ ။
ဒီေရာဂါျဖစ္တာေသခ်ာရင္ Tetracycline နဲ႔ doxycycline စားေဆးေတြနဲ႔ တိုက္ေကၽြးကုသေပးႏိုင္ ပါတယ္ ။

0 မှတ်ချက်များ to “ သွေးလွန်ရောဂါ (Rickettsia infection)”

Post a Comment