«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Jan 2019

ကျောက်ကပ်ရောဂါရှိမရှိ သွေးအတွင်းယူရီယားနိုက်တြိုဂျင်အားစစ်ဆေးခြင်း

,
ခွေးကြောင်တွေရဲ့ရောဂါတွေကို ရှာဖွေကုသတဲ့အခါ သွေးကိုဖောက်ယူပြီး ပါဝင်နေတဲ့ဓါတ်အမျိုးကို ဓါတ်ခွဲခန်းမှာစစ်ဆေးရပါတယ်
အဲဒီလိုစစ်ဆေးကြည့်ခြင်းအားဖြင့် ဖြစ်ပွားနေတဲ့ရောဂါကိုခန့်မှန်းနိုင်သလို ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးအခြေအနေကိုလည်းသိရှိနိုင်တာဖြစ်ပါတယ်
သွေးအတွင်းပါဝင်နေတဲ့ BUN ခေါ် blood urea nitrogen ဓါတ်ဟာခွေးတွေမှာ 6 mg/dl  ကနေ 25 mg/dl အတွင်းသာရှိရမှာဖြစ်ပြီးကြောင်တွေမှာ 14 mg/dl  ကနေ 36 mg/dl အတွင်းသာရှိရမှာဖြစ်ပါတယ်
သွေးစစ်အဖြေမှာအဲဒီပမာဏထက်ပိုများနေတဲ့အခြေအနေမျိုးကို azotemia လို့ခေါ်ပါတယ်
(၁) အစာမှာပရိုတင်းဓါတ်များလွန်းနေခြင်း
(၂) ကျောက်ကပ်အလုပ်မလုပ်ခြင်း
(၃) ဆီးလမ်းကြောင်းပိတ်ဆို့နေခြင်း
(၄) ကိုယ်ရည်ဓါတ်ခမ်းခြင်း
(၅) နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နေခြင်းစတာတွေဖြစ်နေကြောင်းသိနိုင်ပါတယ်
အပြန်အလှန်အားဖြင့်
(၁) ကျောက်ကပ်အလုပ်မလုပ်ခြင်း
(၂) ဆီးလမ်းကြောင်းပိတ်ဆို့နေခြင်း
(၃) ကိုယ်ရည်ဓါတ်ခမ်းခြင်း
(၄) နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နေခြင်းရှိမရှိသိချင်ရင်
BUN လို့ခေါ်တဲ့ သွေးအတွင်းမှာပါဝင်နေတဲ့ ယူရီယားနိုက်တြိုဂျင်ဓါတ်ပမာဏကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်
BUN နည်းနေတာမျိုးကတော့သိပ်မရှိပေမယ့် ကိုယ်ရည်ဓါတ်လွန်ကဲနေတဲ့အခါမျိုးမှာ BUN နည်းနေတာကို
တွေ့ရတတ်ပါတယ်

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =
(Unicode Version)
ကျောက်ကပ်ရောဂါရှိမရှိစစ်ဆေးခြင်း
= = = = = = = = = = = = = = = = = = = = =
ခွေးကြောင်တွေရဲ့ရောဂါအမျိုးမျိုးကိုရှာဖွေကုသတဲ့အခါ သွေးကိုဖောက်ယူပြီး   အထဲမှာပါဝင်နေတဲ့ ဓာတ်အမျိုးမျိုးကိုဓာတ်ခွဲခန်းမှာစစ်ဆေးကြည့်ရလေ့ရှိပါတယ် အဲဒီလိုစစ်ဆေးကြည့်ခြင်းအားဖြင့် ဘာရောဂါဖြစ်ပွားနေသလဲဆိုတာကိုခန့်မှန်း  နိုင်သလို ကိုယ်တွင်းအင်္ဂါတွေရဲ့ကျန်းမာရေးအခြေအနေတွေကို လည်းသိရှိနိုင်ပါတယ်
Blood Urea Nitrogen(BUN) လို့ခေါ်တဲ့ဓာတ်ဟာခွေးတွေရဲ့သွေးထဲမှာ ပုံမှန်အားဖြင့်(6 mg/dl) ကနေ  (25 mg/dl)အတွင်းမှာသာရှိနေရမှာဖြစ်ပြီး ကြောင်တွေမှာဆိုရင် (14 mg/dl)ကနေ(36 mg/dl)အတွင်းမှာ သာ ရှိနေရမှာ ဖြစ်ပါတယ်
ခွေးကိုဖြစ်စေကြောင်ကိုဖြစ်စေ သွေးဖောက်စစ်လိုက်တဲ့အခါ (BUN) ပမာဏဟာ အဲဒီစံညွှန်းထက် ပိုများ နေရင် Azotemia  ဖြစ်နေတယ်လို့ခေါ်ပါတယ်
(BUN) ပမာဏများနေတတ်တဲ့အခြေအနေတွေကတော့
(၁) ခန္တာကိုယ်အရည်ဓာတ်ခမ်းနေခြင်း
(၂) နှလုံးနဲ့ပတ်သက်သောရောဂါဖြစ်ပွားနေခြင်း
(၃) ကျောက်ကပ်ပုံမှန်အလုပ်မလုပ်ခြင်း
(၄) ဆီးလမ်းကြောင်းပိတ်ဆို့နေခြင်းနဲ့
(၅) ခန္တာကိုယ်အရည်ဓာတ်ခမ်းနေခြင်းစတဲ့အခြေအနေမျိုးတွေကြောင့်ဖြစ်ပါတယ်
အပြန်အလှန်အားဖြင့်
(၁) ခန္တာကိုယ်အရည်ဓာတ်ခမ်းနေခြင်း
(၂) နှလုံးနဲ့ပတ်သက်သောရောဂါဖြစ်ပွားနေခြင်း
(၃) ကျောက်ကပ်ပုံမှန်အလုပ်မလုပ်ခြင်း
(၄) ဆီးလမ်းကြောင်းပိတ်ဆို့နေခြင်းနဲ့
(၅) ခန္တာကိုယ်အရည်ဓာတ်ခမ်းနေခြင်းစတဲ့အခြေအနေဟုတ်မဟုတ်သိချင်တဲ့အခါ
(BUN) လို့ခေါ်တဲ့ သွေးအတွင်းမှာပါဝင်နေတဲ့ ယူရီးယားနိုက်တြိုဂျင်ဓာတ် ရဲ့ပမာဏကို   စစ်ဆေးကြည့်လေ့ရှိပါတယ်
ခန္တာကိုယ်အရည်ဓာတ်လွန်ကဲနေတဲ့အခါမျိုးမှာသာ (BUN) လျှော့နည်းနေတာမျိုးကို တွေ့ရလေ့ရှိပါကြောင်းတင်ပြအပ်ပါတယ်။
 

0 မှတ်ချက်များ to “ကျောက်ကပ်ရောဂါရှိမရှိ သွေးအတွင်းယူရီယားနိုက်တြိုဂျင်အားစစ်ဆေးခြင်း”

Post a Comment