«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Jan 2019

အသည်းလုပ်ငန်းဆောင်ရွက်မှုအားစစ်ဆေးခြင်း(Liver Function Tests)

,
 Unicode
 
အသည်းလုပ်ငန်းကောင်းမကောင်းသိနိုင်ရန်စစ်ဆေးနည်းအချို့အားစုစည်းဖော်ပြအပ်ပါတယ်။

 
(၁) ALT (alanine aminotransferase)အားစစ်ဆေးခြင်း
 
သွေးထဲမှာပါဝင်နေတဲ့ ALT အင်ဇိုင်းပမာဏဟာ ခွေးတွေမှာ 10-U/L ကနေ 109-U/L အတွင်းသာ 
 
ရှိရမှာဖြစ်ပြီး ကြောင်တွေမှာ 25-U/L ကနေ 97-U/L အတွင်းသာရှိရမှာဖြစ်ပါတယ်၊သွေးစစ်ကြည့် 
 
လို့အဖြေမှာALTအင်ဇိုင်းပါဝင်မှုနှုန်းပိုများနေရင်အသည်းလုပ်ငန်းဆောင်ရွက်မှုမကောင်းကြောင်း 
 
သိနိုင်ပါတယ်။
 
 
(၂) ALKP (alkaline phosphatase)အားစစ်ဆေးခြင်း
 
သွေးထဲမှာပါဝင်နေတဲ့ ALKP အင်ဇိုင်းပမာဏဟာ ခွေးတွေမှာ1-U/Lကနေ114U/Lအတွင်းသာရှိရ 
 
မှာဖြစ်ပြီးကြောင်တွေမှာ 0-U/L  ကနေ 45-U/L အတွင်းသာရှိရမှာဖြစ်ပါတယ်၊ သွေးစစ်ကြည့်လို့ 
 
အဖြေမှာ ALKP အင်ဇိုင်းပါဝင်မှုနှုန်းပိုများနေရင် အသည်းလုပ်ငန်းဆောင်ရွက်မှု မကောင်းကြောင်း 
 
သိနိုင်ပါတယ်။
 
 
(၃) GGT (gamma glutamyl transferase)အားစစ်ဆေးခြင်း
 
သွေးထဲမှာပါဝင်နေတဲ့ GGT အင်ဇိုင်းပမာဏဟာ ခွေးတွေမှာ 1-I/U ကနေ 12-I/Uအတွင်းသာရှိရ 
 
မှာဖြစ်ပြီး ကြောင်တွေမှာ 1-IU/L  ကနေ 10-IU/L အတွင်းသာရှိရမှာဖြစ်ပါတယ်သွေးစစ်ကြည့်လို့ 
 
အဖြေမှာ GGT အင်ဇိုင်းပမာဏပါဝင်မှုနှုန်းပိုများနေရင် အသည်းလုပ်ငန်းဆောင်ရွက်မှု မကောင်း 
 
ကြောင်းသိနိုင်ပါတယ်။
 
 
(၄) ALB (albumin)အားစစ်ဆေးခြင်း
 
သွေးထဲမှာပါဝင်နေတဲ့ ALB ပမာဏဟာ ခွေးတွေမှာ 23 g/L ကနေ 31 g/L  အတွင်းသာရှိရမှ ဖြစ် 
 
ပြီး၊ ကြောင်တွေမှာတော့  28 g/L ကနေ 39 g/L အတွင်းသာရှိရမှာဖြစ်ပါတယ်သွေးစစ်ကြည့်လို့ 
 
အဖြေမှာ ALB ပါဝင်မှုနှုန်းပိုများနေရင် အသည်းလုပ်ငန်းဆောင်ရွက်မှုမကောင်းကြောင်းသိနိုင်ပါ 
 
တယ်။
 
 
(၅) TBIL (total bilirubin)အားစစ်ဆေးခြင်း
 
သွေးထဲမှာပါဝင်နေတဲ့ TBIL ပမာဏဟာ ခွေးတွေမှာ 0.00(μmol/L) ကနေ 5.1(μmol/L) အတွင်း
 
သာ ရှိရမှာဖြစ်ပြီးကြောင်တွေမှာ 0.00(μmol/L)  ကနေ 1.7(μmol/L) အတွင်းသာရှိရမှာဖြစ်ပါ 
 
တယ်။
 
သွေးစစ်ကြည့်လို့ အဖြေမှာ TBIL ပါဝင်မှုနှုန်းပိုများနေရင် အသည်းလုပ်ငန်းဆောင်ရွက်မှု မကောင်း 
 
ကြောင်းသိနိုင်ပါတယ်။
 
 
(၆) Serum Bile acids(SBA)စစ်ဆေးခြင်း
 
ခန္တာကိုယ်ထဲကမကောင်းတဲ့ ကိုလက်စထရောအဆီတွေကိုအသည်းထဲမှာချေဖျက်ပစ်တဲ့အခါ Bile 
 
acids တွေဖြစ်လာပါတယ် ၊ Bile acids တွေဟာ အစာထဲမှာအဆီတွေကိုချေဖျက်နိုင်ဖို့ကူညီပေး 
 
ပါတယ်။
 
 
အထက်ကဖော်ပြခဲ့တဲ့စစ်ဆေးမှုတွေဟာ အသည်းလုပ်ငန်းကောင်းမကောင်းကိုသာသိရှိနိုင်ပြီး
 
သွေးရည်ကြည်ထဲမှာ Bile acids(SBA)ပါဝင်မှုနှုန်းကိုစစ်ဆေးခြင်းဟာ အသည်းတကယ်အလုပ်
 
လုပ်မလုပ်အတိအကျပြောနိုင်တဲ့စစ်ဆေးမှုဖြစ်ပါတယ်။
 
Bile acids(SBA)ပါဝင်မှုကိုစစ်ဆေးတဲ့အခါမှာသွေးရည်ကြည်(serum)ကိုစစ်ဆေးရတာဖြစ်ပါတယ်
 
အသည်းမှာတစ်ခုခုပြသနာဖြစ်တာနဲ့ သွေးထဲမှာရှိတဲ့ Bile acidsပါဝင်မှုနှုန်းဟာ သိသိသာသာ 
 
ပြောင်းလဲသွားတတ်ပါတယ်။
 
 
သွေးရည်ကြည်ထဲမှာပါဝင်နေတဲ့ Bile acids(SBA) ပမာဏဟာ ခွေးတွေမှာ 15 μmol/l ကနေ 25 
 
μmol/l အတွင်းသာရှိရမှာဖြစ်ပြီးကြောင်တွေမှာ 15 μmol/l ကနေ 20 μmol/l အတွင်းသာရှိရမှာ 
 
ဖြစ်ပါတယ်။
 
သွေးရည်ကြည်စစ်ကြည့်လို့ အဖြေမှာ SBA ပါဝင်မှုနှုန်းပိုများနေရင် အသည်းလုပ်ငန်းဆောင်ရွက်မှု
 
မကောင်းကြောင်းသိနိုင်ပါတယ်။
 
 Zawgyi
 
(၁) ALT (alanine aminotransferase)စစ်ဆေးခြင်း
(၂) ALKP (alkaline phosphatase)စစ်ဆေးခြင်း
(၃) GGT (gamma glutamyl transferase)စစ်ဆေးခြင်
(၄) ALB (albumin)စစ်ဆေးခြင်း
သွေးထဲမှာပါဝင်နေတဲ့ ALB ပမာဏဟာ ခွေးတွေမှာ 23 g/L ကနေ 31 g/L  အတွင်းသာရှိရမှာဖြစ်ပြီး
ကြောင်တွေမှာ   28 g/L ကနေ 39 g/L အတွင်းသာရှိရမှာဖြစ်ပါတယ်သွေးစစ်ကြည့်လို့ အဖြေမှာ 
(၅) TBIL (total bilirubin)စစ်ဆေးခြင်း
သွေးထဲမှာပါဝင်နေတဲ့ TBIL ပမာဏဟာ ခွေးတွေမှာ 0.00(μmol/L) ကနေ 5.1(μmol/L) အတွင်းသာရှိရ မှာဖြစ်ပြီးကြောင်တွေမှာ 0.00(μmol/L)  ကနေ 1.7(μmol/L) အတွင်းသာရှိရမှာဖြစ် ပါတယ်သွေးစစ်ကြည့်လို့ အဖြေမှာ TBIL ပါဝင်မှုနှုန်းပိုများနေရင် အသည်းလုပ်ငန်းဆောင်ရွက်မှု မကောင်းကြောင်းသိနိုင်ပါတယ်
အသည်းမှာတစ်ခုခုပြသနာဖြစ်တာနဲ့ သွေးထဲမှာရှိတဲ့ Bile acidsပါဝင်မှုနှုန်းဟာ သိသိသာသာပြောင်းလဲသှားတတ်ပါတယ်

0 မှတ်ချက်များ to “အသည်းလုပ်ငန်းဆောင်ရွက်မှုအားစစ်ဆေးခြင်း(Liver Function Tests)”

Post a Comment