«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

25 Jan 2019

အစာအိမ်ရောဂါ(Stomach and duodenal ulcer)

,
အစာအိမ်ထဲမှာအနာတွေဖြစ်နေမနေသိနိုင်ဖို့အတွက် ခွေးကိုမေ့ဆေးပေးထားပြီး endoscope လို့ခေါ်တဲ့မှန်ပြောင်းထည့်ပြီးကြည့်ရပါတယ်
အဲဒီအခါမှာ အစာအိမ်ထဲကအတွင်းနံရံတွေရဲ့အပေါ်ယံမှာဖောင်းကြွနေတဲ့အနာတွေကို အကွက်လိုက်မြင်တွေ့ရပြီး အဲဒီအနာကွက်တွေရဲ့ 
အပေါ်မှာ အဖြူရောင်(သို့)အဝါရောင်ပြည်စတွေဖုံးနေတာကိုလည်းတွေ့နိုင်ပါတယ် အဲဒီလိုအနာမျိုးတွေကို superficial ulcers လို့ခေါ်ပါတယ်
နောက်တစ်မျိုးကတော့ အဲဒီအနာဖေးတွေကျွတ်ထွက်ပြီး အစာအိမ်အတွင်းသားအထိခွက်ဝင်နေတဲ့ Deep ulcers တွေဖြစ်ပါတယ်
အစာအိမ်ထဲကအနာတွေဟာ တစ်ခုနှစ်ခုကနေအများကြီးလည်းတွေ့ရတတ်ပါတယ် အရွယ်အစားအားဖြင့် (၁)လက္မလောက်ကနေ (၃-၄)လက္မအကျယ်လောက်အထိရှိတတ်ပါတယ်
လူတွေရဲ့အစာအိမ်ထဲမှာဒီလိုအနာတွေဖြစ်လာရခြင်းဟာ လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်လို့ဆိုပါတယ် ဒါပေမယ့်ခွေးတွေရဲ့အစာအိမ် ထဲမှာ ဒီလိုအနာတွေဖြစ်လာတဲ့အခါ ဒီဘက်တီးရီးယားပိုးကိုတွေ့ရှိနေရပေမယ့် ဒီပိုးကြောင့်ဖြစ်လာရတယ်လို့မယူဆကြပါဘူး
ခွေးတွေမှာအစာအိမ်အနာဖြစ်ရတဲ့အကြောင်းရင်းတွေအနက်စတီးရွိုက်အမျိုးအစားမဟုတ်တဲ့ အယောင်လျှော့ဆေးတွေဖြစ်တဲ့ အက်စပရင်(aspirin)စားဆေးနဲ့  ibuprofen စားဆေးတွေကလည်း လူတွေမှာထက်ခွေးတွေမှာ အစာအိမ်ကိုအနာတွေဖြစ်စေတတ်ပါတယ်
အသည်းရောဂါ ကျောက်ကပ်ပျက်တဲ့ရောဂါ နာတာရှည်အစာအိမ်ယောင်ရောဂါနဲ့ အပြင်းဖျားရောဂါတွေဖြစ်တဲ့အခါမှာလည်း အစာအိမ်ထဲမှာ အနာတွေဖြစ်စေတတ်ပါတယ်
အရေပြားမှာအဖုအကြိတ်(Mast cell tumors )တွေဖြစ်တဲ့အခါ အဲဒီအဖုအကြိတ်တွေကနေ histamine လို့ခေါ်တဲ့ဓါတ်တစ်မျိုးကိုထွက်စေ ပါတယ် အဲဒီ histamine ဟာအစာအိမ်ထဲမှာ အက်စစ်ဓါတ်တွေအများကြီးထွက်စေတတ်တဲ့အတွက် အရေပြားမှာအဖုအကြိတ်(Mast cell tumors )တွေဖြစ်နေတဲ့ခွေးတိုင်းလိုလိုဟာ အစာအိမ်အနာဖြစ်နေတတ်ပါတယ်
အစာအိမ်အနာဖြစ်လာရင်အန်တတ်ပါတယ် တစ်ချိန်တည်းမှာသွေးအားနည်းလာခြင်းနဲ့အတူ ခွေးဟာတဖြည်းဖြည်းပိန်ချုံးလာတတ်ပါတယ်
ရောဂါပြင်းထန်တဲ့ခွေးတွေမှာ အန်တဲ့အခါကော်ဖီရောင်အန်တတ်ပြီး တခါတရံမှာသွေးစိမ်းအစအနနဲ့ သွေးအခဲတွေပါလာတာကိုတွေ့နိုင် ပါတယ်
ဝမ်းသွားတဲ့အခါမှာလည်းသွေးပါလာတတ်ပါတယ်အခန့်မသင့်လို့အစာအိမ်အနာက အစာအိမ်နံရံပေါက်တဲ့အထိဖြစ်သွားရင်တော့ ကိုယ်တွင်းခေါင်းထဲကိုအစာတွေနဲ့အတူ ရောဂါပိုတွေ့ပြန့်နှံ့သွားပြီးသေဆုံးတတ်ပါတယ်
လက္ခဏာတွေအရသံသယဖြစ်စရာအကြောင်းရှိရင်တော့ အန်ဖတ်ကိုအဏုကြည့်မှန်ပြောင်းနဲ့ကြည့်ခြင်းအားဖြင့် အစာအိမ်အနာဖြစ်မဖြစ်ကို တိတိကျကျသိနိုင်ပါတယ်
သွေးအန်နေရင်တော့ ဆေးရုံတင်ထားပြီး သွေးသွင်းကုသမှုပြုလုပ်ပေးဖို့လိုအပ်ပါတယ်အစာအိမ်ပေါက်ထွက်သွားတဲ့အခြေအနေမျိုးဆိုရင် ချက်ချင်းခွဲစိပ်ကုသဖို့လိုအပ်ပါတယ်
အစာအိမ်ရောဂါပျောက်ကင်းဖို့အတွက်ကတော့ အခြေခံအားဖြင့် ရောဂါဖြစ်လာရခြင်းရဲ့အကြောင်းရင်းကိုရှာဖွေဖယ်ရှားပစ်ဖို့အရေးကြီးပါတယ် လောလောဆည်တိုက်နေတဲ့ဆေးတွေကြောင့်ဖြစ်တာဆိုရင်ချက်ချင်းရပ်ပစ်ရမှာဖြစ်ပါတယ်
အစာအိမ်ရောဂါကိုသက်သာအောင်ကုသပေးဖို့အတွက်ကတော့ လူတွေမှာသုံးတဲ့အစာအိမ်ဆေးတွေနဲ့ခွေးတွေကိုထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်
အဲဒီဆေးတွေထဲမှာ histamine ဓါတ်မထွက်အောင်တားဆီးပေးတဲ့ cimetidine famotidine နဲ့ ranitidine တွေအပြင် အစာအိမ်နံရံကို ထပ်မံမပျက်စီးအောင်ထိမ်းပေးတဲ့ omeprazole ဆေးလည်းပါဝင်ပါတယ်
အဲဒီဆေးတွေအပြင် အစာအိမ်အတွင်းမှာအချဉ်မပေါက်အောင်တားဆီးပေနိုင်တဲ့ဆေးတွေကိုလည်းပူးတွဲတိုက်ကျွေးကုသပေးရမှာဖြစ်ပါတယ်
တွဲစပ်တိုက်ကျွေးသင့်တဲ့ဆေးတွေနဲ့နေ့စဉ်အကြိမ်ရေကိုတော့ ရောဂါအခြေအနေပေါ်မူတည်ပြီးတိရစ္ဆာန်ရောဂါကုဆရာဝန်ကဆုံးဖြတ်ပေး မှာဖြစ်ပါတယ်
ကုသမှုကို အစာအိမ်ထဲကအနာတွေကျက်သည်အထိ ရက်သတ္တ(၃)ပါတ်ကနေ (၄)ပါတ်လောက်အထိပြုလုပ်ရလေ့ရှိပါတယ်

0 မှတ်ချက်များ to “အစာအိမ်ရောဂါ(Stomach and duodenal ulcer)”

Post a Comment