«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Jan 2019

ခွေးတုပ်ကွေးရောဂါ(Canine influenza)

,
ခွေးတွေမှာတုတ်ကွေးရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်ပိုးဟာမြင်းတွေမှာသွေးအားနည်းရောဂါဖြစ်ပွားစေတဲ့ EIA ဗိုင်းရပ်ပိုးကနေအသွင်ပြောင်းပြီးဖြစ်လာတာလို့ဆိုပါတယ်
ကမ္ဘာပေါ်မှာခွေးတုတ်ကွေးရောဂါကို  ၂၀၀၄ ခုနှစ်ကမှစတင်တွေ့ရှိလာတာဖြစ်ပါတယ်
ဒီရောဂါဟာ မျိုးစပ်ခွေးဖြစ်စေမျိုးစစ်ခွေးဖြစ်စေ ခွေးအမျိုးအစားတိုင်းကိုကူးစက်ဖြစ်ပွားစေနိုင်ပါတယ်
ခွေးတွေမှာတုတ်ကွေးရောဂါဖြစ်လာပြီဆိုရင် နှာရည်တွေကျပြီးချောင်းလေးတဟပ်ဟပ်ဆိုးတဲ့အပြင် ကိုယ်အပူချိန်တက်ပြီး အဖျားကြီးတတ်ပါတယ်
ရောဂါဖြစ်လာတဲ့ခွေးတွေရဲ့ (၈၀%)ဟာ သိပ်ဆိုးဆိုးရွားရွားဖြစ်တာမျိုးမရှိပဲ နာတာရှည်အဆုပ်ယောင်နေ တတ်ပါတယ်
ဒါပေမယ့် ခွေးအငယ်လေးတွေ အသက်ကြီးတဲ့ခွေးတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့ခွေးတွေမှာ ဒီရောဂါဖြစ် လာရင်တော့(၅-၈%)လောက်က သေဆုံးတတ်ပါတယ်
ဒီရောဂါဖြစ်ဖူးထားတဲ့တစ်ချို့ခွေးတွေဟာ ရောဂါပိုးကိုအကြာကြီးသယ်ဆောင်ထားပြီးအခြားခွေးတွေကို ဆက်လက်ကူးစက်စေနိုင်ပါတယ်
ဒါကြောင့်ဒီရောဂါဖြစ်လာတဲ့ခွေးကို အခြားခွေးတွေနဲ့ချက်ချင်းခွဲထားပြီး ဆေးကုသပေးဖို့လိုအပ်ပါတယ်
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် အင်တာဖရွန်ထိုးဆေးကို ထိုးနှံပေးသင့်ပါတယ် Amoxicillin စားဆေးအပြင် ကိုယ်ခန္ဓာကအရည်ဓါတ်ဆုံးရှုံးမှုတွေကိုပြန်လည်ဖြည်ဆည်းပေးနိုင်ဖို့ ဓါတ်ဆားရည်ကို လည်းပုံမှန်တိုက်ကျွေးသင့်ပါတယ်
အခုအချိန်အထိတော့ ခွေးတုတ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့ကာကွယ်ဆေးဆိုတာမပေါ်သေးပါကြောင်း တင်ပြအပ်ပါတယ်
= = = = = = = = = = = = = = = = = = = = = = = = = = =
(Unicode Version)
ခွေးတုတ်ကွေးရောဂါ(Canine influenza)
ကမ္ဘာပေါ်မှာခွေးတုတ်ကွေးရောဂါက ၂၀၀၄ ခုနှစ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ဒီရောဂါကို ဖြစ်ပွားစေ တဲ့ဗိုင်းရပ်ပိုးဟာမြင်းတွေမှာသွေးအားနည်းရောဂါ(EIA)ကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်ပိုးတွေကနေအသွင်ပြောင်းပြီး ဖြစ်လာတာလို့ဆိုပါတယ်
ဒီရောဂါဟာခွေးအမျိုးစားတိုင်းကိုကူးစက်ဖြစ်ပွားစေနိုင်ပါတယ်ခွေးတစ်ကောင်ဟာ တုတ်ကွေးရောဂါ ဖြစ်ပွားလာပြီးဆိုရင် အစပိုင်းကာလမှာ အဖျားသိပ်မရှိပဲနဲ့ အပြင်းအထန် ချောင်းဆိုးခြင်း နှာချေခြင်း နှှာရည်မျက်ရည်စီးကျခြင်းစတဲ့လက္ခဏာတွေကိုတွေရပြီး အချိန်နည်းနည်းကြာလာတဲ့အခါ သလိပ်ပါတဲ့ ချောင်းဆိုးခြင်းဖြစ်လာပြီးနှာရည်ပျစ်ပျစ်တွေထွက်ကျလာခြင်းအသက်ရှုမောဟိုက်လာခြင်း၊အစားအသောက် ပျက်လာခြင်း စတဲ့လက္ခဏာ တွေကိုတွေ့ရတတ်ပါတယ်
ရောဂါဖြစ်လာတဲ့ခွေးတွေရဲ့(၈၀%)ခန့်ဟာ သိပ်ပြီးဆိုးဆိုးရွားရွားမခံစားရပေမယ့်နာတာရှည်အဆုပ်ယောင်မှု ဝေဒနာကိုခံစားနေရလေ့ရှိပါတယ်
ဒါပေမယ့် ခွေးပေါက်စလေးတွေနဲ့ အသက်အရွယ်ကြီးတဲ့ခွေးတွေအပါအဝင်ကိုယ်ခံအားမကောင်းတဲ့ခွေးတွေ 
မှာ တုတ်ကွေးရောဂါဖြစ်လာရင်တော့ (၈၀%)ခန့်ဟာသေဆုံးသွား တတ်ပါတယ်
ဒီရောဂါဖြစ်ဖူးထားတဲ့ခွေးတွေဟာသက်သာပျောက်ကင်းသွားပေမယ့်ရောဂါပိုးတွေကိုအကြာကြီးသယ်ဆောင် ထားပြီးတော့ အခြားခွေးတွေကိုဆက်လက်ကူးစက်စေနိုင်ပါတယ်
ဒါကြောင့်မို့ဒီရောဂါဖြစ်နေတဲ့ခွေးကိုအခြားခွေးတွေနဲ့ချက်ချင်းခွဲထားပြီးစနစ်တကျဆေးဝါး ကုသပေးဖို့ လိုအပ်ပါတယ်
ဒီရောဂါဟာဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်တဲ့အတွက်အင်တာဖရွန်ဆေးကို ထိုးနှံပေး နိုင်ပါတယ်၊ ရောဂါဖြစ်နေစဉ်မှာ ဘက်တီးရီးယားရောဂါပိုးတွေက နောက်ဆက်တွဲဝင်ရောက်ဒုက္ခပေးလာမှုကို
ကာကွယ်ဖို့အတွက်Amoxicillinစားဆေးကိုတိုက်ကျွေးရမယ့်အပြင် ဒီရောဂါကြောင့် ခန္တာကိုယ်ကနေ အရည်ဓာတ်ဆုံးရှုံးမှုဖြစ်တတ်တဲ့အတွက်ပြန်လည်ဖြည့်ဆည်း  ပေးနိုင်ဖို့အတွက် ဓာတ်ဆားရည်ကိုလည်း ာပုံမှန်တိုက်ကျွေးပေးရမှာဖြစ်ပါတယ်
အခုအချိန်အထိတော့ခွေးတုတ်ကွေးရောဂါကိုကာကွယ်ပေးနိုင်တဲ့ကာကွယ်ဆေးဆိုတာ မရှိသေးပါကြောင်း တင်ပြလိုက်ပါတယ်

0 မှတ်ချက်များ to “ခွေးတုပ်ကွေးရောဂါ(Canine influenza)”

Post a Comment