«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Jan 2019

Hypohyroidism ဖြစ်မဖြစ်စစ်ဆေးခြင်း

,
Thyroidism ဖြစ်မဖြစ်ကိုသိနိုင်ဖို့အတွက် သွေးထဲမှာပါဝင်နေတဲ့
(၁) Thyroxine(T4)ဟိုမုန်း
(၂) cholesterol(CHOL) နဲ့
(၃) Triglyceride စတာတွေကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်

(၁)Thyroxine ဟာခွေးမှာ 1.5 μg/dl ကနေ  2.5 μg/dl အတွင်းရှိရမှာဖြစ်ပြီး
ကြောင်မှာတော့  1.0 μg/dl ကနေ 4.0 μg/dl အတွင်းသာရှိရမှာဖြစ်ပါတယ်
အဲဒီထက်ပိုနည်းနေရင် Hypothyroidism ဖြစ်နေကြောင်းသိနိုင်ပြီး အဲဒီထက်ပိုများနေရင်တော့
Hyperthyroidism ဖြစ်နေကြောင်းသိနိုင်ပါတယ်
အသက်(၁၀)နှစ်အထက်ကြောင်တွေမှာဆိုရင် ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားစမြဲဖြစ်တာကြောင်  2.5 μg/dl ထက်ပိုများနေရင်တောင် hyperthyroidism အဖြစ်ယူဆနိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်
ဘာရောဂါမှမရှိပဲအန်နေရင် hyperthyroidism ဖြစ်နိုင်တာမို့  thyroxineဟိုမုန်းကို စစ်ဆေးကြည့်သင့်ပါတယ်

Thyroidism ဖြစ်မဖြစ်ပိုပြီးသေချာစေဖို့အတွက် supplement diagnosis တွေဖြစ်တဲ့ cholesterol(CHOL) နဲ့ 
Triglyceride စတာတွေကိုစစ်ဆေးကြည့်သင့်ပါတယ်

(၂) Cholesterol ဟာခွေးမှာ 92  mg/dl  ကနေ 324  mg/dl အတွင်းရှိရမှာဖြစ်ပြီး
ကြောင်မှာ 75  mg/dl  ကနေ 220 mg/dl အတွင်းသာရှိရမှာဖြစ်ပါတယ်
အဲဒီထက်ပိုများနေရင် Hypothyroidism ဖြစ်နေကြောင်းသိနိုင်ပါတယ်
အပြန်အလှန်အားဖြင့် Hypothyroidism ဖြစ်မဖြစ်သိချင်ရင်
(CHOL) လို့ခေါ်တဲ့ သွေးအတွင်းပါဝင်သော  cholesterol ကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်

(၃) Triglyceride ဟာခွေးမှာ 29 mg/dl  ကနေ 291  mg/dl အတွင်းရှိရမှာဖြစ်ပြီး
ကြောင်မှာ  25 mg/dl  ကနေ 160 mg/dl အတွင်းသာရှိရမှာဖြစ်ပါတယ်
အဲဒီထက်ပိုများနေရင် Hypothyroidism ဖြစ်နေကြောင်းသိနိုင်ပါတယ်
အပြန်အလှန်အားဖြင့် Hypothyroidism ဖြစ်မဖြစ်သိချင်ရင်
သွေးဖောက်ပြီး Triglyceride ကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်

0 မှတ်ချက်များ to “Hypohyroidism ဖြစ်မဖြစ်စစ်ဆေးခြင်း”

Post a Comment