«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

14 Feb 2019

ခွေးဂျပ်စွဲနာရောဂါ(Demodicosis in dogs)

,
Read in Unicode
ခွေးတွေမှာ Demodicosis လို့ခေါ်တဲ့ဂျပ်စွဲနာဖြစ်ခြင်းဟာ Demodectic mange လို့ခေါ်တဲ့ ပိုးကောင်လေးတွေကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ဒီပိုးကောင်လေးတွေဟာ အမွေးအမျှင်တွေရဲ့အမြစ်ပိုင်းတွေနဲ့အရေပြားကို တိုက်ခိုက်ဖျက်ဆီးကြတဲ့အတွက် သူတို့တိုက်ခိုက်တဲ့နေရာတွေကအမွေးတွေကိုကျွတ်စေပြီး အောက်ကအရေပြားကိုလည်းနီရဲနေစေတတ်
ပါတယ် အဲဒီနောက်အနာသေးသေးလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ် ဒီပိုးကောင်လေးတွေဟာ ခန္တာကိုယ်အရေပြားပေါ်မှာနေရာကွက်၍ဖြစ်စေ တစ်ကိုယ်လုံးအနှံ့ကအရေပြားပေါ်မှာဖြစ်စေ စွဲကပ်ပြီးဒုက္ခပေးတတ်ကြပါတယ်
အမှန်တော့ Demodex mite လို့ခေါ်တဲ့ ဒီပိုးကောင်လေးတွေဟာ ခွေးတိုင်းရဲ့အရေပြားပေါ်မှာ သဘာဝအလျှောက်ရှိနေတတ်တဲ့အကောင်လေးတွေသာဖြစ်ပြီး ရှိသင့်ရှိထိုက်တဲ့ပမာဏလောက်ပဲရှိနေရင် ခွေးကိုဘာမှဒုက္ခမပေးတဲ့အပြင် ခွေးရဲ့အရေပြား
ကျန်းမာရေးကိုတောင် ကောင်းမွန်စေတဲ့ အကျိုးပြုပိုးကောင်လေးတွေသာဖြစ်ပါတယ်
ခွေးတွေရဲ့အရေပြားပေါ်မှာ သဘာဝအတိုင်းရှိနေတဲ့ mange ပိုးကောင်အမျိုးအစား(၃)မျိုးးရှိတဲ့အနက် ခွေးကိုဒုက္ခပေးတတ်တဲ့ပိုးကောင်ရဲ့အမည်ကတော့ Demodex canis လို့ခေါ်ပါတယ် ဒီအမျိုးအစားအကောင်လေးတွေဟာ မိခင်ခွေးမကြီးကနေ သားငယ်လေးတွေဆီကို ကူးစက်တတ်ပါတယ် ဒါပေမယ့်ရှိသင့်ရှိထိုက်တဲ့ပမာဏလောက်ပဲရှိနေပြီး ခွေးကလည်းပုံမှန်အတိုင်းကျန်းမာရေးကောင်နေမယ်
ဆိုရင်
ဘာမှဒုက္ခပေးလေ့မရှိပါဘူး ကောင်ရေပမာဏများလာရင်တော့ အကြီးအကျယ်ဒုက္ခပေးတတ်ပါတယ်
တခါတလေ အကြောင်းအမျိုးမျိုးကြောင့် ခွေးရဲ့ကိုယ်ခံစွမ်းအားကျဆင်းသွားရင် ဒီအကောင်လေးတွေဟာအဆမတန်ပွားများလာပြီး ခွေးရဲ့အရေပြားကိုယားယံစေပါတယ်
Demodicosis ဖြစ်နေတဲ့ခွေးတွေမှာ အထင်ရှားဆုံးတွေ့နိုင်တဲ့လက္ခဏာကတော့ ခွေးရဲ့ခန္တာကိုယ်ပေါ်မှာ အမွှေးတွေကျွတ်နေပြီး အဲဒီနေရာမှာ နီရဲနေတဲ့အရေပြားနဲ့ ကုတ်ခြစ်ထားတဲ့ဒါဏ်ရာတွေပဲဖြစ်ပါတယ်
Demodicosisဖြစ်နေသောခွေး၏သွေးစစ်အဖြေ
Add caption
အဲဒီနေရာကအမွှေးအမျှင်အချို့ကို အမြစ်ပါအောင်ရယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင် Demodex canis လို့ခေါ်တဲ့ပိုးကောင်လေးတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်
ခွေးရဲ့ခန္တာကိုယ်ပေါ်မှာ Demodicosis ဖြစ်နေတာဟာ နေရာအနည်းအကျဉ်းလောက်ပဲ ကွက်ဖြစ်တာဆိုရင်တော့ အဲဒီလိုဖြစ်တဲ့ခွေးတွေရဲ့ (၉၀%)ဟာ ဘာကုသမှုမျိုးမှလုပ်စရာမလိုပဲ သူအလိုလိုပြန်လည်ပျောက်ကင်းသွားလေ့ရှိပါတယ်
ဒီရောဂါဟာခွေးရဲ့ခန္တာကိုယ်တစ်ခုလုံးအနှံ့အပြားမှာဖြစ်နေတာဆိုရင်တော့ အဲဒီလိုဖြစ်တဲ့ခွေးတွေကိုရေရှည်စွဲပြီး စနစ်တကျကုသပေးဖို့လိုအပ်ပါတယ် ခွေးမတွေဆိုရင် မိတ်ထတဲ့အခါ သွေးထဲမှာမျိုးပွားဟိုမုန်းတွေပမာဏမြင့်တက်လာတတ်တာမို့ ဒီရောဂါကိုအားပေးသလိုဖြစ်တတ်ပါတယ် ဒါကြောင့်မို့ ခွေးမတွေမှာဒီရောဂါဖြစ်လာရင် ခွဲစိပ်ပြီးသားကြောဖြတ်ပစ်ဖို့လိုအပ်ပါတယ်
ခွေးဂျပ်ဆွဲနာ Demodicosis ကိုကုသနိုင်တဲ့ဆေးတွေအများအပြားရှိတဲ့အနက် isoxazoline ဆေးဟာအသုံးများပါတယ် isoxazoline ဆေးဟာ ခွေးတွေကြိုက်တတ်တဲ့ အစာလိုဝါးစားရတဲ့ဆေးပြားကြီးတွေဖြစ်ပြီး တစ်လကိုတစ်ပြာနှုံးကျွေးရတာဖြစ်ပါတယ်
နောက်ထပ်ဆေးတစ်မျိုးကတော့ ivermectin တိုက်ဆေးဖြစ်ပါတယ် ဒီဆေးကိုတော့ ရောဂါမပျောက်မချင်း နေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်
ခွေးတွေမှာဂျပ်စွဲနာ Demodicosis ဖြစ်ရင် အင်ဂျင်ဝိုင်းလိမ်းပေးရတယ်လို့ ပြောဆိုနေကြတာတွေဟာ အလွန်မှားယွင်းပြီး မိမိခွေးကိုအဆိပ်တောင်သင့်စေနိုင်တာမို့ လုံးဝမလုပ်သင့်ပါဘူး ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသပြီး ခေတ်မီဆေးတွေနဲ့ စနစ်တကျကုသမှုခံယူခြင်းသာအကောင်းဆုံးဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “ခွေးဂျပ်စွဲနာရောဂါ(Demodicosis in dogs)”

Post a Comment