«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Feb 2019

အစာအိမ်ယောင်ခြင်း (Acute Gastritis)

,
Read in Unicode.
အစာအိမ်နံရံရဲ့မျက်နှာပြင်တွေဟာ အစာကြောင့်ဖြစ်စေ ဆေးဝါးနဲ့ ပိုးသတ်ဆေးစတဲ့အရာတွေကြောင့်ဖြစ်စေ လှုံ့ဆွခြင်းခံရတဲ့အတွက် အပြင်းအထန်ယောင်ယမ်းလာခြင်းကို Acute gastritis လို့ခေါ်ပါတယ် ခွေးတွေမှာ ပြင်းထန်အစာအိမ်ယောင်ရောဂါဖြစ်နေရင် အစာကိုလက်မခံပဲ အစာစားလိုက်တာနဲ့ချက်ချင်းအန်ထုတ်ပစ်တတ်ပါတယ်
အစာအိမ်ယောင်နေရင်အဆက်မပြတ် အပြင်းအထန်အန်တတ်ပါတယ် အချိန်အတော်ကြာအောင် အဆက်မပြတ်အန်နေရင် ကိုယ်တွင်းခေါင်းအမြှေးယောင်တာတို့ အူခေါက်သွားတာတို့ဖြစ်ပြီးသေဆုံးတတ်တဲ့အတွက် ပေါ့ပေါ့ဆဆမနေပဲ အမြန်ဆုံးကုသမှုပြုလုပ်သင့်ပါတယ်
များသောအားဖြင့် ပုပ်သိုးညစ်ပတ်နေတဲ့ အစာတွေ ပုပ်သိုးနေတဲ့မြက်တွေနဲ့ မစင်တွေဟာ အစာအိမ်နံရံရဲ့မျက်နှာပြင်ကိုလှုံ့ဆွပြီး အန်စေတတ်ပါတယ်
ပလပ်စတစ်အိတ်ခွံတို့ အရိုးအပိုင်းအစတို့နဲ့ ဆံပင်အလုံးစတဲ့အရာတွေနဲ့ aspirin, cortisone, butazolidine, နဲ့အချို့သောပဋိဇီဝစားဆေးတွေအပါအဝင် စတီးရွိုက်မဟုတ်တဲ့ အယောင်လျှော့ဆေး(NSAIDs)တွေကြောင့်လည်း  အစာအိမ်နံရံယောင်တတ်ပါတယ် မြေသြဇာတို့ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတို့စားမိတဲ့အခါ အစာအိမ်နံရံဟာချက်ချင်း ယောင်လာပြီး အပြင်းအထန်အန်လေ့ရှိပါတယ်
အဲဒီနောက် သိပ်မကြာခင်မှာပဲခွေးဟာနုန်းခွေလာပြီး ရေခွက်ရှိရာကိုသွားပြီး ရေသောက်ဖို့ကြိုးစားပေမယ့် တကယ်မသောက်နိုင်ပဲ ရေခွက်ပေါ်မှာမေးတင်ပြီးငြိမ်နေလေ့ရှိပါတယ် အဲဒီနောက် ဝမ်းလျှောလာတတ်ပါတယ်
ဒီလိုဖြစ်တာက အူယောင်ရောဂါနဲ့လွဲတတ်ပါတယ် ရောဂါပိုးဝင်လို့အူယောင်ပြီး မရပ်မနားအန်နေတာမျိုးဟာ ခန္တာကိုယ်အပူချိန်တက်နေတတ်ပေမယ့် စားလိုက်တဲ့အစာကြောင့် အစာအိမ်နံရံတွေယောင်ပြီးအန်တာမျိုးမှာကတော့ ကိုယ်အပူချိန်တက်ခြင်းမရှိပါဘူး ဒီရောဂါ(၂)မျိုးဟာ အကြမ်းအားဖြင့်ကိုယ်ခန္တာအပူချိန်တက်ခြင်းမတက်ခြင်းနဲ့ခွဲခြားနိုင်ပါတယ်
ပိုးသတ်ဆေးတွေကြောင့်မဟုတ်ပဲ အစာကြောင့်အစာအိမ်နံရံတွေယောင်ပြီးအန်တာဆိုရင်တော့ များသောအားဖြင့်(၁-၂)ရက်လောက် အစားအသောက်ပျက်ပြီးရင် သူ့အလိုလိုပြန်ကောင်းလာလေ့ရှိပါတယ်
တအားအန်နေရင် အစာကျွေးရေတိုက်ခြင်းကို အနည်းဆုံး(၁၂)နာရီကြာသည်အထိမလုပ်သေးပဲ အစာအိမ်ကိုအနားပေးထားသင့်ပါတယ်
အဲဒီနောက်(၄)နာရီတစ်ကြိမ်နှုန်းနဲ့ ရေခဲတုံးကိုလျှက်ခိုင်းစေနိုင်ပါတယ်
အန်တာရပ်သွားရင် သောက်ရေခွက်နဲ့လေးပုံတစ်ပုံလောက် စတိုက်နိုင်ပါတယ် ခွေးအကောင်ကြီးရင်တော့ သောက်ရေခွက်နဲ့တစ်ဝက်တိုက်နိုင်ပါတယ်
ဒီလိုနဲ့(၁၂)နာရီခန့်အထိမအန်တော့ရင် အသားစင်းကော(၁)ဆလျှင်ဆန်ပြုတ်ပျစ်ပျစ်(၂)ဆနဲ့ရောပြီးနည်းနည်းချင်းစကျွေးကြည့်သင့်ပါတယ်
ပိုးသတ်ဆေးတွေလို အသက်အန္တရာယ်နဲ့နီးတဲ့ဓါတုပစ္စည်းတွေနဲ့  ဆေးဝါးတွေကြောင့်အစာအိမ်နံရံတွေယောင်ပြီးအန်တာဆိုရင်တော့ စနစ်တကျစစ်ဆေးကုသမှုကိုခံယူစေသင့်ပါတယ်

အန်တတ်သောရောဂါများအားဆက်လက်ဖတ်ရှုရန် LINK ကိုနှိပ်ပါ ===>>> LINK

0 မှတ်ချက်များ to “အစာအိမ်ယောင်ခြင်း (Acute Gastritis)”

Post a Comment