«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Feb 2019

သန်ချဆေးတိုက်ကျွေးခြင်း

,
Unicode
 
ခေတ်ပေါ်သန်ချဆေးတွေဟာ သန်ကောင်အမျိုးအစား တော်တော်များများကို ထိရောက်စွာ 
 
တိုက်ထုတ်ပေးနိုင်ပေမယ့် …သန်လုံကောင်၊သန်ပြားကောင်၊ချိတ်သန်ကောင်၊သစ်ရွက်သန်ကောင် 
 
၊ချစ်စတိုဇုမ်းသန် ကောင် ၊ဖိုင်လေးရီယားသန်ကောင်ဆိုပြီး…သန်ကောင်အမျိုးအစားတွေကလည်း 
 
များပြားလှတာမို့ … သန်ကောင်တိုင်း ကို ချပေးနိုင်ကြတာတော့မဟုတ်ပါဘူး ……. ဒါကြောင်မို့ 
 
မိမိရဲ့ အချစ်တော် ခွေးကြောင်တွေမှာ သန်ကောင်ရောဂါနဲ့ပတ်သက်တဲ့ ပြသနာတစ်စုံတစ်ရာ 
 
ကြုံတွေ့လာရပြီဆိုရင် ထိထိရောက်ရောက် ရှင်းလင်းဖယ်ရှား ကုသပေးနိုင်ဖို့အတွက် …..  
 
ဘယ်သန်ကောင်အမျိုးအစားတွေစွဲကပ်နေတာလဲဆိုတာသိဖို့အတွက်တိကျတဲ့စမ်းသပ်စစ်ဆေးမှု
 
ပြုလုပ်ဖို့တော့လိုအပ်ပါတယ် ….ဝမ်းကိုစစ်ဆေးကြည့်ရတာကအများဆုံးပါတယ် … 
 
တစ်ချို့သန်ကောင်မျိုးတွေကျတော့လည်း သွေးကိုဖောက်ထုတ်ပြီးစစ်ဆေးကြည့်မှ သိရတာမျိုး
 
လည်း ရှိပါတယ် ….. စစ်ဆေးပြီး အဖြေရလို့ တိုက်ကျွေးရမယ့် သန်ချဆေးအမျိုးအစားကိုသိနိုင်မှာ
 
ဖြစ်ပါတယ် သိပြီဆိုရင်လည်း … ဆေးရဲ့အညွှန်းအတိုင်းတိတိကျကျ တိုက်ကျွေးဖို့လိုပါတယ် … 
 
သန်ချဆေးတိုင်းဟာအဆိပ်တွေချည်းပါပဲ … သန်ကောင်ကို အဆိပ်သင့်စေရတာဖြစ်ပေမယ့် 
 
တိုက်တဲ့စန်မမှန်ရင်တိရစ္ဆာန်ကိုလည်း အဆိပ်သင့်စေနိုင်ပါတယ် … ဒါကြောင့်မို့  ဆေးကို 
 
ဘယ်လောက်နှုန်းထားတိုက်ရမယ် ဘယ်လိုအချိန်မှာတိုက်ရမယ်ဆိုတာ သတ်သတ်မှတ်မှတ်ရှိပါ
 
တယ် …… ဆေးတိုင်းမှာ ကောင်းကျိုးတွေရှိသလို မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း
 
ရှိနေတယ်ဆိုတာ သိထားသင့်ပါတယ် … အရမ်းကာရောတိုက်ကျွေးတာမျိုးတော့မလုပ်သင့်ပါဘူး  
 
… သန်ချဆေးကို တိုက်ကျွေးပြီးတဲ့နောက်ပိုင်းမှာ ဝမ်းပျက်တာတို့ … အော့အန်တာတို့ဖြစ်တတ်
 
ပါတယ် … အဲဒီအခါမှာ ဆေးရဲ့သာမန်ဘေးထွက်ဆိုးကျိုးကြောင့်လား … ဆေးအဆိပ်သင့်တဲ့
 
လက္ခဏာလားဆိုတာ ခွဲခြားသိရပါမယ်…ဆေးရဲ့သာမန်ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာဆိုရင်
 
တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး… အချိန်တန်ရင် အလိုလိုပြန်ကောင်းသွားမှာဖြစ်ပါတယ်… …  
 
သန်ချဆေးအဆိပ်သင့်တာဆိုရင်တော့ နောက်ဆက်တွဲပြသနာတွေရှိလာနိုင်ပါတယ် ၊ အခြေအနေ
 
ဆိုးရင်… အသက်အန္တရာယ်အထိရှိလာနိုင်ပါတယ် … အကောင်းဆုံးနဲ့ စိတ်အချရဆုံးကတော့ 
 
နားလည်တတ်ကျွမ်းတဲ့ တိရစ္ဆာန်ရောဂါကုဆရာဝန်က ညွှန်ကြားတဲ့အတိုင်းတိုက်ကျွေးကုသတာက
 
… ပိုမိုစိတ်ချရပါတယ်
 
စျေးကွက်မှာအလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ သန်ချဆေးတွေကတော့
 
Coopane
 
Piperazine
 
Levamizole
 
Pyrantel Pamoate
 
Mebendazole
 
Albendazole
 
Fembendazole နဲ့
 
Ivermectin (ထိုးဆေး)တို့ဖြစ်ပါတယ်
 
သန်ချဆေးတွေကို စနစ်တကျ တိုက်ကျွေးပြီးတော့…စိုပြည်လှပတဲ့အနာဂါတ်ကို ပိုင်ဆိုင်နိုင်ကြ
ပါစေ
 
 
Zawgyi
 
ခေတ်ပေါ်သန်ချဆေးတွေဟာ သန်ကောင်အမျိုးအစား တော်တော်များများကို ထိရောက်စွာ တိုက်ထုတ်ပေးနိုင်ပေမယ့် …သန်လုံကောင်၊သန်ပြားကောင်၊ချိတ်သန်ကောင်၊သစ်ရွက်သန်ကောင် ၊ချစ်စတိုဇုမ်းသန် ကောင် ၊ဖိုင်လေးရီယားသန်ကောင်ဆိုပြီး … သန်ကောင်အမျိုးအစားတွေကလည်း များပြားလှတာမို့ … သန်ကောင်တိုင်းကို ချပေးနိုင်ကြတာတော့မဟုတ်ပါဘူး ……. ဒါကြောင်မို့ မိမိရဲ့ အချစ်တော် ခွေးကြောင်တွေမှာ သန်ကောင်ရောဂါနဲ့ပတ်သက်တဲ့ ပြသနာတစ်စုံတစ်ရာ ကြုံတွေ့လာရပြီဆိုရင် ထိထိရောက်ရောက် ရှင်းလင်းဖယ်ရှား ကုသပေးနိုင်ဖို့အတွက် …..  ယ်သန်ကောင်အမျိုးအစားတွေစွဲကပ်နေတာလဲဆိုတာသိဖို့အတွင် တိကျတဲ့စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့တော့လိုအပ်ပါတယ် ….၀မ်းကိုစစ်ဆေးရတာကများပါတယ် … တစ်ချို့သန်ကောင်မျိုးတွေကျတော့လည်း သွေးကိုဖောက်ထုတ်ပြီးစစ်ဆေးကြည့်မှ သိရတာမျိုးလည်းရှိပါတယ် ….. စစ်ဆေးပြီး အဖြေရလို့ တိုက်ကျွေးရမယ့် သန်ချဆေးအမျိုးအစားကိုသိနိုင်မှာဖြစ်ပါတယ် သိပြီဆိုရင်လည်း … ဆေးရဲ့အညွှန်းအတိုင်းတိတိကျကျ တိုက်ကျွေးဖို့လိုပါတယ် … သန်ချဆေးတိုင်းဟာအဆိပ်တွေချည်းပါပဲ … သန်ကောင်ကို အဆိပ်သင့်စေရတာဖြစ်ပေမယ့် တိုက်တဲ့စန်မမှန်ရင်တိရစ္ဆာန်ကိုလည်း အဆိပ်သင့်စေနိုင်ပါတယ် … ဒါကြောင့်မို့  ဆေးကို ဘယ်လောက်နှုန်းထားတိုက်ရမယ် ဘယ်လိုအချိန်မှာတိုက်ရမယ်ဆိုတာ သတ်သတ်မှတ်မှတ်ရှိပါတယ် …… ဆေးတိုင်းမှာ ကောင်းကျိုးတွေရှိသလို မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေတယ်ဆိုတာ သိထားသင့်ပါတယ် … အရမ်းကာရောတိုက်ကျွေးတာမျိုးတော့ မလုပ်သင့်ပါဘူး  … သန်ချဆေးကို တိုက်ကျွေးပြီးတဲ့နောက်ပိုင်းမှာ ၀မ်းပျက်တာတို့ … အော့အန်တာတို့ ဖြစ်တတ်ပါတယ် … အဲဒီအခါမှာ ဆေးရဲ့သာမန်ဘေးထွက်ဆိုးကျိုးကြောင့်လား … ဆေးအဆိပ်သင့်တဲ့လက္ခဏာလားဆိုတာ ခွဲခြားသိရပါမယ် … ဆေးရဲ့သာမန်ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာဆိုရင်တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး… အချိန်တန်ရင် အလိုလိုပြန်ကောင်းသွားမှာဖြစ်ပါတယ်… …  သန်ချဆေးအဆိပ်သင့်တာဆိုရင်တော့ နောက်ဆက်တွဲပြသနာတွေရှိလာနိုင်ပါတယ် … အခြေအနေဆိုးရင်… အသက်အန္တရာယ်အထိရှိလာနိုင်ပါတယ် … အကောင်းဆုံးနဲ့ စိတ်အချရဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ တိရစ္ဆာန်ရောဂါကုဆရာဝန်က ညွှန်ကြားတဲ့အတိုင်း တိုက်ကျွေးကုသတာက … ပိုမိုစိတ်ချရပါတယ်
ဈေးကွက်မှာအလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ သန်ချဆေးတွေကတော့
Coopane
Piperazine
Levamizole
Pyrantel Pamoate
Mebendazole
Albendazole
Fembendazole နဲ့

0 မှတ်ချက်များ to “သန်ချဆေးတိုက်ကျွေးခြင်း”

Post a Comment