Giardia အမျိုးအစား ပရိုတိုဇွားပိုးတွေကြောင့် ခွေးပေါက်စလေးတွေမှာ
ဝမ်းပျက်စေတဲ့ရောဂါ
တစ်ခုဖြစ်ပါတယ်၊ရောဂါပိုးပါသောမသန့်ရှင်းတဲ့ရေနဲ့အစာကို
စားမိသောက်မိရာကနေ ဒီရောဂါကူးစက်ခံရခြင်းဖြစ်ပါတယ်။
ခွေးအကြီးတွေမှာဒီရောဂါရရင် လက္ခဏာမပြတတ်ပေမယ့်
ခွေးပေါက်စခွေးတွေဆိုရင်တော့
အနံ့ပြင်းတဲ့ဝမ်းအရည်ကျဲတွေ
အများကြီးသွားတတ်ပါတယ်ဝမ်းအရည်ကျဲတွေသွားတာက
ရပ်သွားလိုက်ပြန်သွားလိုက်ဖြစ်နေနိုင်သလို
မရပ်မနားသွားနေတာမျိုးလည်းဖြစ်တတ်ပါတယ်
တစ်ချိန်တည်းမှာ ခွေးလေးဟာပိန်ချုံးလာတတ်ပါတယ်
ဒီရောဂါဟုတ်မဟုတ်သိချင်ရင် စအိုထဲကိုဂွမ်းစနဲ့သုပ်ယူပြီး မှန်ပြားပေါ်မှာ
မှန်ပြောင်းနဲ့ကြည့်ရှု
စစ်ဆေးနိုင်ပါတယ်၊ ဒါပေမယ့်တခါတလေမှာ ပိုးတွေကိုမတွေ့ရတတ်ပါဘူး
ဘာကြောင့်လဲဆိုတော့ ပိုးတွေဟာအမြဲတန်းထွက်နေတာမဟုတ်တဲ့အတွက်
ဝမ်းစစ်ဆေးတာကို
(၂)ရက်တစ်ခါလောက်လုပ်ကြည့်ဖို့တော့လိုပါတယ်
သွေးရည်ကြည်ကိုစစ်ဆေးတဲ့ (ELISA, IFA)နည်းတွေနဲ့စစ်ဆေးရင်တော့
အမြန်ဆုံးတိတိကျကျ
သိနိုင်ပါတယ်
ဒီရောဂါကို metronidazole ဆေးနဲ့ထိထိရောက်ကုသပေးနိုင်ပါတယ် ဒါပေမယ့်ဒီဆေးဟာ
သန္ဓေသားကိုထိခိုက်တတ်တဲ့အတွက် ဇီးရှိတဲ့ခွေးမတွေဆိုရင်တော့မတိုက်သင့်ပဲ အခြားဆေးနဲ့
ကုသရမှာဖြစ်ပါတယ်။
Giardia ရောဂါအတွက် ကြိုတင်ကာကွယ်ဆေးရှိပေမယ့်
ဒီရောဂါဖြစ်လာရင်လည်းအလွယ်တကူ
ကုသနိုင်တာကြောင့်
ကာကွယ်ဆေးမထိုးထားလည်းပြသနာသိပ်မရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။