အသက်အရွယ်အလယ်အလတ်ရှိတဲ့ခွေးတွေမှာ မမြော်လင့်ပဲရုတ်တရက်ဖြစ်ပြီး ခွေးရဲ့
အခြေအနေကို အလျှင်အမြန်ဆိုးရွားသွားစေတဲ့ရောဂါတစ်ခုဖြစ်ပါတယ်
ဒီရောဂါဖြစ်လာရင်သွေးနီဥတွေပျက်စီးကုန်တဲ့အတွက် ခွေးဟာအလွန်အမင်းသွေးအားနည်းသွား
ပါတယ် ဆီးသွားတဲ့အခါ နီညိုရင့်ရောင်သွားတာကိုထင်ထင်ရှားရှားတွေ့နိုင်ပါတယ်
လျှာနဲ့မျက်တွင်းသားတွေဟာ
ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ခွေးဟာနွမ်းလျမောဟိုက်နေတတ်ပါတယ်
ဒီရောဂါဖြစ်ပွားလာရခြင်းကတော့ ခွေးရဲ့ကိုယ်ခံအားစနစ်ထဲမှာပါဝင်တဲ့ဘေလုံး(spleen)ဟာ
မိမိရဲ့သွေးထဲကသွေးနီဥတွေကို ရန်သူအဖြစ်အမှတ်မှားသွားပြီး ပြန်လည်တိုက်ခိုက်ဖျက်ဆီး
ပစ်နေတဲ့အတွက်ကြောင့် သွေးနီပျက်စီးမှုဟာအလွန်မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာပါတယ်
အဲဒီအခါမှာရောဂါလက္ခကာခြင်းဖြစ်ပါတယ်
ဒီရောဂါကိုကုသတဲ့အခါမှာ ယေဘုယျအားဖြင့်ခွေးရဲ့ကိုယ်ခံစွမ်းအားကိုလျှော့ကျစေတဲ့ဆေးတွေ
နဲ့ကုသပေးရမှာဖြစ်ပါတယ် Prednisone စားဆေးကို 1 mg/kg နှုန်းနဲ့ (၁၂)နာရီခြားတိုင်း
တိုက်ကျွေးပြီး တပြိုင်တည်းမှာ Azathioprine(IMURAN)စားဆေးကို 1-2 mg/kg နှုန်းနဲ့
(၂၄)နာရီခြားတိုင်းတိုက်ကျွေးရမှာဖြစ်ပါတယ် ဒီလိုဆေးတိုက်ကျွေးကုသမှုကို တစ်လခွဲလောက်
အထိဆက်တိုက်ပြုလုပ်ရမှာဖြစ်ပါတယ် ကုသပေးနေစဉ်အတွင်းမှာ ခွေးရဲ့အခြေအနေ
တိုးတက်မှုအပေါ်မူတည်ပြီး လိုအပ်ရင် သွေးသွင်းကုရမှာဖြစ်ပါတယ်။