«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Mar 2019

ပါရာစီတမော့ အဆိပ်သင့်ခြင်း(acetaminophen toxicosis)

,
(Unicode)

 
လူတွေမှာ ကလေးတွေဖျားနာရင်တိုက်လေ့ရှိတဲ့ ဘေဘီဂျက်စစ်အစက်ချဆေး BABYGESIC drop  
 
တိုက်ဆေးရည်ထဲမှာ ပါရာစီတမော့ လို့လည်းခေါ်ကြတဲ့ Acetaminophen ဆေးပါဝင်ပါတယ်။
 
 
Acetaminophen ဆေးဟာကိုယ်အပူချိန်ကိုကျစေပြီးဆေးတိုက်လိုက်တာနဲ့နာကျင်ကိုက်ခဲမှုတွေ     
 
ချက်ချင်းသက်သာသွားစေနိုင်တဲ့အပြင် ဒီဆေးဟာ အကိုက်အခဲပျောက်ဆေးတွေထဲမှာ အစာအိမ်ကိုထိခိုက်မှု 
 
အနည်းဆုံးဆေးဖြစ်တဲ့အတွက် အသုံးများတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်၊ ဒီဆေးကိုတိုက်လိုက်
 
တဲ့အခါ အစာအိမ်ကနေချက်ချင်းဆိုသလိုစုပ်ယူနိုင်တဲ့အတွက် သွေးထဲကနေတဆင့် ခန္တာကိုယ်အနှံ့ကိုအလွယ်တကူပြန့်နှံ့ရောက်ရှိ
 
သွားပြီး နာကျင်မှုဝေဒနာတွေကိုချက်ချင်းသက်သာသွားစေနိုင်တဲ့ဆေးဖြစ်ပါတယ်။
 
 
ကြောင်ချစ်သူအတော်များများဟာ ကြောင်နေမကောင်းတဲ့အခါ လူတွေလိုပဲထင်မှတ်ပြီး ပါရာစီတမော့ (သို့)
 
ဘေဘီဂျက်ဆစ်ဆေးရည်ကိုအလွယ်တကူတိုက်ကျွေးလေ့ရှိပါတယ်၊အမှန်တော့ဘေဘီဂျက်ဆစ်
 
ဆေးရည်ဟာ ခွေးကြောင်တွေကို လုံးဝမတိုက်သင့်တဲ့ဆေးတစ်မျိုး ဖြစ်ပါတယ်၊ဘာဖြစ်လို့လဲ 
 
ဆိုတော့ ခွေးကြောင်တွေရဲ့ခန္တာကိုယ်မှာ Acetaminophen ဆေးကို ပြန်လည်ချေဖျက်ပစ်နိုင်တဲ့  
 
Glucuronyl transferase ဟိုမုန်းဟာ မရှိသလောက်နည်းပါးလှတဲ့အတွက် ဒီဆေးကိုတိုက်တဲ့အခါ 
 
အဆိပ်သင့်စေတတ်လို့ဖြစ်ပါတယ်။
 
 
ကြောင်တွေကို Acetaminophen ဆေးတိုက်မိတဲ့အခါ သူတို့ရဲ့ခန္တာကိုယ်ကနေ ပုံမှန်နည်းအတိုင်း 
 
ချေဖျက်ခြင်းမပြုနိုင်တဲ့အတွက် Sulfation နည်းနဲ့ပြောင်းလဲချေဖျက်ရပါတယ် ၊ အဲဒီနည်းနဲ့ချေဖျက်တာ
 
ကြာလာ တဲ့အခါ ထွက်ပေါ်လာတဲ့ဘေးထွက်ပစ္စည်းတွေဟာ ကြောင်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။
 
 
 
ခွေးတွေကို ပါရာစီတမော့ ဆေးတိုက်ရင် တော်ရုံတန်ရုံနဲ့ဘာမှမဖြစ်ပါဘူး ၊ အကယ်၍  
 
100 mg/kg နှုန်းလောက်အထိ အများကြီးတိုက်မိရင်တော့  အဆိပ်သင့်လာ‌စေနိုင်ပါတယ်၊
 
ပါရာစီတမော့ ဆေးကို 100 mg/kg နှုန်းလောက်အထိတိုက်မိလို့ အဆိပ်သင့်တဲ့ခွေး(၄)ကောင် 
 
မှာ (၃)ကောင်ဟာ သွေးနီဥတွေပျက်စီးတဲ့ လက္ခဏာ‌တွေဖြစ်လာလေ့ရှိပါတယ်။
 
 
ကြောင်တွေမှာတော့ ပါရာစီတ‌မော့ဆေးကို 10–40 mg/kg နှုန်းလောက်တိုက်မိရုံနဲ့ အဆိပ်သင့်တတ်ပါတယ် ၊ 
 
ဆေးပမာဏလျှော့ပြီး နည်းနည်းလေးနဲ့ခဏခဏတိုက်ရင်လည်းကြောင်တွေအဆိပ်သင့်နိုင်ပါတယ်
 
ပါရာစီတမော့ ဆေးအဆိပ်သင့်တဲ့အခါ ပထမဦးဆုံးအနေနဲ့ ဆီးဝါလာတာကိုတွေ့ရမှာဖြစ်ပါ 
 
တယ် ၊ အဲဒီနောက်အပြင်းအထန်အန်တတ်ပါတယ် ၊ အသည်းကိုထိခိုက်တဲ့အခါမျက်တွင်းသားတွေ 
 
ဝါလာပြီးနောက် ကျောက်ကပ်ကိုဆက်လက်ထိခိုက်ပျက်စီးစေတတ်ပါတယ်။
 
 
ကြောင်တွေကို ဒီဆေးတိုက်မိတဲ့အခါနာရီပိုင်းအတွင်းမှာ မျက်တွင်းသားတွေဝါလာပြီး မကြာခင် 
 
နာရီပိုင်း အတွင်းမှာညိုပုပ်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ၊အဲဒီနောက်ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့ 
 
သွေးနီဉတွေ စတင်ပျက်စီးလာတဲ့အတွက်ကြောင်ဟာအသက်ရှူမဝတော့ပဲမောဟိုက်လာတတ်
 
ပါတယ်၊ ကြောင်ဟာမကြာခဏအန်နေရတဲ့အတွက် အလျှင်အမြန်အားအင်ကုန်ခမ်းလာပြီး
 
ခန္တာကိုယ်အပူချိန်သိသိသာသာကျဆင်းလာပြီး နောက် မကြာခင်မှာလဲကျသေဆုံးသွားလေ့ရှိပါ 
 
တယ်။
 
 
ခွေးတွေမှာ ပါရာစီတမော့ ဆေးအဆိပ်သင့်ပြီး(၂၄)နာရီအကြာမှာအသည်းဆဲလ်တွေစတင် 
 
ပျက်စီးလာတတ်ပါတယ်၊ Acetaminophen ဆေးအဆိပ်သင့်တဲ့အခါခန္တာကိုယ်အတွင်းရောက်ရှိနေ 
 
တဲ့ဆေးတွေကို ဖြစ်နိုင်သမျှအမြန်ဆုံးဖယ်ရှားပစ်နိုင်ဖို့ပြုလုပ်ရတဲ့အပြင် သွေးအားနည်းခြင်းနဲ့ 
 
အသည်းပျက်စီးခြင်းကိုကာကွယ် ထားနိုင်ဖို့အတွက် လိုအပ်တဲ့ကုထုံးတွေနဲ့ချက်ချင်းကုသနိုင်မှာသာ 
 
အသက်ကိုကယ်နိုင်မှာဖြစ်ပါတယ်။
 
 
ဒါကြောင့် ကြောင်ချစ်သူများအနေနဲ့မိမိရဲ့ကြောင်ကို Acetaminophen ဆေးတိုက်ကျွေးခြင်း မပြု 
 
မိကြဖို့နဲ့  အကယ်၍တိုက်မိပြီးဆိုရင်လည်းချက်ချင်းအန်ထုတ်ပစ်အောင်လုပ်တတ်ဖို့အလွန် 
 
အရေးကြီးပါတယ်။
 
 
ချက်ချင်းအန်အောင်လုပ်နိုင်တဲ့အလွယ်ဆုံးနည်းကတော့ရေနွေးထဲကိုဆားထည့်ဖျော်ပြီးတိုက်ကျွေး
 
ခြင်းပဲဖြစ်ပါတယ် ၊ အိမ်သုံးဆေးရောင်းတဲ့ဆိုင်တွေမှာရောင်းလေ့ရှိတဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုက်
 
(H2O2) ဆေးရည်ဟာ သာမန်အားဖြင့် ထိခိုက်ရှနာတွေကိုဆေးကြောရာမှာအသုံးပြုပေမယ့် 
 
လ္ဘက်စားတစ်ဇွန်းခန့်ကို ပါးစပ်ကနေတိုက်ကျွေးရင်၊ချက်ချင်းအန်စေနိုင်တဲ့အတွက်အန်ဆေး
 
အဖြစ်လည်းအသုံးပြုနိုင်တဲ့ဆေးဖြစ်ပါတယ်။
 
 
ဆေးအဆိပ်သင့်မှုကြောင့် သွေးနီဉတွေပျက်စီးသွားခြင်း အသည်းနဲ့ကျောက်ကပ်ပျက်စီးပြီး 
 
အသက်ဆုံးရှုံးနိုင်သေးတဲ့အတွက် လိုအပ်တဲ့ ဖြေဆေးထိုးနှံခြင်းအပါအဝင် လိုအပ်တဲ့ကုသမှုတွေ 
 
ဆက်လက် ခံယူနိုင်စေဖို့ နီးစပ်ရာတိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့အကူအညီကို အလျှင်အမြန်ရယူ သင့်ပါတယ်။

 
ကုသမှုအဆင့်ဆင့်ဆောင်ရွက်တဲ့အခါ အစာအိမ်ထဲကိုရောက်နေတဲ့ Acetaminophen ဆေး
 
အကြွင်း  အကျန်တွေကို အစာအိမ်နံရံထဲစိမ့်ဝင်မသွားမီဆွဲယူထားနိုင်ဖို့အတွက် အစာအိမ်အတွင်း
 
ထဲကို activated charcoal လို့ခေါ်တဲ့  ဆေးမီးသွေးအမှုန့်တွေကို ပိုက်နဲ့ထည့်ပေးရပါတယ် ၊ 
 
ဆေးအဆိပ်သင့်မှုကြောင့်   သွေးနီဥတွေပျက်စီးခြင်းနဲ့ အသည်းဆဲလ်တွေပျက်စီးခြင်းကိုကာကွယ်
 
ဖို့အတွက် NAC  လို့ခေါ်တဲ့ N-acetylcysteine ဆေးကိုထိုးနှံပေးလေ့ရှိပါတယ် ၊ အဲဒီဆေးဟာ  
 
Acetaminophen နဲ့တိုက်ရိုက် ဓာတ်ပြုပြီး ဓာတ်ပေါင်းတွေအဖြစ်ခန္တာကိုယ်ထဲကနေထွက်သွား
 
အောင်ပြုလုပ်ပေးနိုင်တဲ့ဖြေဆေး ဖြစ်ပါတယ်

 
NAC ဆေးရည်ကို 10% နဲ့ 20% ပြင်းအားရှိတဲ့ဆေးရည်တွေအဖြစ်ထုပ်လုပ်ရောင်းချကြပါတယ်     
 
NAC ဆေးရည်ကို ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း 140 mg နှုန်းနဲ့တွက်ချက်ပြီး အကြော
 
ကနေသွင်းပေးနိုင်တဲ့အပြင် 5% dextrose အရည်(သို့)ရေသန့်နဲ့ရောစပ်ပြီး ပါးစပ်ကနေတိုက်ကျွေး
 
ပေးလို့လည်းရပါတယ် ၊ အဆိပ်သင့်နေတဲ့ကြောင်ဟာအန်နေတတ်တဲ့အတွက် ပထမနေ့မှာ ပါးစပ်
 
ကနေတိုက်ကျွေးခြင်းဟာ သိပ်ပြီးမထိရောက်လှပါဘူး ၊ အကြောဆေးသွင်းပြီးလို့ မအန်တော့ရင် 
 
နောက်ထပ်(၃-၄)ရက် လောက်အထိ  ဖြေဆေးတစ်ဝက်နှုန်းနဲ့ ဆက်လက်တိုက်ကျွေးပေးသင့်ပါ
 
တယ်၊  ဖြေဆေးကိုအကြောဆေးသွင်းတဲ့အခါ အလွန်ဖြည်းညှင်းသောနှုန်းနဲ့အချိန်ယူသွင်းပေးရ 
 
တဲ့အပြင် 0.2-micron Bacteriostatic Filter ကိုအသုံးပြုပြီးသွင်းပေးရတာဖြစ်ပါတယ်။
 
(Zawgyi)

ဘေဘီဂျက်စစ်ဆေးအဆိပ်သင့်ခြင်း
= = = = = = = = = = = = = = = = = = = =
Acetaminophen ဆေးဟာ ကိုယ်အပူချိန်ကျစေပြီး ဆေးတိုက်လိုက်တာနဲ့ နာကျင်ကိုက်ခဲမှုတွေချက်ချင်းသက်သာသွားတဲ့အပြင် အကိုက်အခဲပျောက်ဆေးတွေထဲမှာ အစာအိမ်ကိုထိခိုက်မှုအနည်းဆုံးဆေးဖြစ်တဲ့အတွက် အတော်လေးအသုံးများတဲ့ဆေးတစ်မျိုးထြစ်ပါတယ်
လူတွေမှာ ကလေးတွေဖျားနာရင်တိုက်လေ့ရှိတဲ့ BABYGESIC drop တိုက်ဆေးအရည်ထဲမှာ acetaminophen ဆေးပါဝင်ပါတယ်
ဒီဆေးကိုတိုက်လိုက်တဲ့အခါ အစာအိမ်ကချက်ချင်းစုပ်ယူနိုင်ပြီး ခန္တာကိုယ်အနှံ့ကိုအလွယ်တကူရောက်သွားပြီး ဝေဒနာကိုချက်ချင်းသက်သာစေနိုင်တဲ့ဆေးဖြစ်ပါတယ်
ကြောင်ချစ်သူအတော်များများဟာ ကြောင်နေမကောင်းတဲ့အခါ လူတွေလိုပဲမှတ်ထင်ပြီး ကြောင်ကို ဘေဘီဂျက်ဆစ်ကဲ့သို အကိုက်အခဲသက်သာတဲ့တိုက်ဆေးရည်တွေကို အလွယ်တကူတိုက်လေ့ရှိကြပါတယ် အမှန်တော့ဒီဆေးဟာ ခွေးကြောင်တွေကို လုံးဝမတိုက်သင့်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်
ကြောင်တွေရဲ့ခန္တာကိုယ်မှာ acetaminophen တွေကိုချေဖျက်ပစ်နိုင်တဲ့ glucuronyl transferase ဟိုမုန်းဟာမရှိသလောက်နည်းပါးတဲ့အတွက် အဆိပ်သင့်စေတတ်လို့ဖြစ်ပါတယ်
ကြောင်တွေမှာ acetaminophen တွေကို တိုက်မိတဲ့အခါ ခန္တာကိုယ်ကပုံမှန်နည်းနဲ့ချေဖျက်ခြင်းမပြုနိုင်တဲ့အတွက်  sulfation နည်းနဲ့သာချေဖျက်ရပါတယ် အဲဒီလိုချေဖျက်တာကြာလာတဲ့အခါမှာ ထွက်ပေါ်လာတဲ့ဘေးထွက်ပစ္စည်းတွေကိုယ်တိုင်ကလည်း အဆိပ်အတောက်တွေဖြစ်နေပြန်ပါတယ်

ခွေးတွေမှာတော့ acetaminophen ဆေးကိုတော်ရုံတန်ရုံတိုက်လို့ဘာမှမဖြစ်ပါဘူး 100 mg/kg နှုန်းလောက်အထိအများကြီးတိုက်မိရင်သာ အဆိပ်သင့်လက္ခဏာတွေပြသလာတတ်တာဖြစ်ပါတယ်
အဆိပ်သင့်တဲ့ခွေး(၄)ကောင်မှာ (၃)ကောင်ဟာ200 mg/kg နှုန်းဆိုရင် methemoglobinemia ဖြစ်လာတယ်လို့ဆိုပါတယ်
ကြောင်တွေမှာဆိုရင် 10–40 mg/kg နှုန်းလောက်နဲ့တိုက်မိရင်တောင်အဆိပ်သင့်နှိုင်ပါတယ် ဆေးပမာဏကိုလျှော့ပြီးနည်းနည်းလေးနဲ့ ခဏခဏတိုက်ရင်လည်းအဆိပ်သင့်နှိုင်ပါတယ်
acetaminophen ဆေးအဆိပ်သင့်လာရင် ပထမဦးဆုံးအနေနဲ့ ဆီးဝါလာပြီး အသည်းထဲမှာအဆိပ်သင့်တဲ့အတွက် အပြင်းအထန်အန်လာတတ်ပါတယ် အဲဒီနောက်မှာဆက်လက်ပြီး ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ် တစ်ချို့ခွေးတွေမှာတော့မျက်တွင်းသားတွေဝါလာတတ်ပါတယ်
ကြောင်တွေမှာဆိုရင်ဆေးတိုက်ပြီးနာရီပိုင်းအတွင်းမှာပဲ မျက်တွင်းသားတွေဝါလာရာကနေ ညိုပုပ်ပုပ်ဖြစ်လာပြီး နှလုံးခုန်ချက်တွေပြင်းထန်လာတတ်ပါတယ် အဲဒီနောက်ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးနီဥတွေစတင်ပျက်စီးလာတဲ့အတွက် ကြောင်ဟာ အသက်ရှုမဝဖြစ်လာပြီးမောဟိုက်လာတတ်ပါတယ် မျက်တွင်းသားတွေမှာတဖြည်းဖြည်းနဲ့ သွေးရောင်ဖျော့လာတဲ့အတွက်ဖြူဖတ်ဖြူယော်ဖြစ်လာတာ ကိုလည်းတွေ့နိုင်ပါတယ်
ကြောင်ဟာမကြာခဏအန်နေရတဲ့အတွက် အလျှင်အမြန်အားအင်ကုန်ခန်းလာပြီးကိုယ်ခန္တာအပူချိန်ဟာ ပုံမှန်ထက်ကျဆင်းလာတတ်ပါတယ် တစ်ချို့ကြောင်တွေမှာတော့ မျက်နှာပိုင်းနဲ့ ခြေဖဝါးပိုင်းနေရာတွေမှာယောင်လာတတ်ပါတယ် အဲဒီလက္ခဏာတွေပြသလာပြီးနောက်သိပ်မကြာခင်မှာပဲ လဲကျသေဆုံးသွားလေ့ရှိပါတယ်
ခွေးတွေမှာ acetaminophen အဆိပ်သင့်ရင်(၂၄)နာရီအကြာမှာ အသည်းဆဲလ်တွေစတင်ပျက်စီးလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်
ဒီဆေးအဆိပ်သင့်တာကိုကုသတဲ့အခါ ဒီဆေးတွေကိုဖြစ်နိုင်သမျှအမြန်ဆုံးဖယ်ရှားပစ်ဖို့ သွေးအားနည်းမသွားအောင်ထိမ်းထားဖို့နဲ့ အသည်းပျက်စီးမသွားအောင်လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်ဖို့အထူးလိုအပ်ပါတယ်
ကြောင်ကို acetaminophen ပါတဲ့အကိုက်အခဲပျောက်ဆေးတိုက်မိပြီဆိုတာသိလျှင်သိချင်း ချက်ချင်းအန်အောင်လုပ်သင့်ပါတယ်
အဲဒီနောက်မှာ ဆေးမီးသွေး activated charcoal ကိုအစာအိမ်ပြွန်နဲ့ထည့်သွင်းပေးရပါမယ်
အဲဒီလိုထည့်သွင်းပေးတာကို လိုအပ်သလိုမကြာခဏထည့်သွင်းပေးရပါမယ် ဆေးအဆိပ်သင့်မှုကြောင့် အသည်းဆဲလ်တွေပျက်စီးမသွားစေဖို့နဲ့ သွေးနီဥတွေပျက်စီးမှုကိုထိမ်းပေးထားနိုင်ဖို့အတွက် NAC လို့ခေါ်တဲ့ N-acetylcysteine ဆေးကိုထိုးနှံပေးရမှာဖြစ်ပါတယ် ဒီဆေးဟာ acetaminophen နဲ့တိုက်ရိုက်ဓါတ်ပြုပြီး ဓါတ်ပေါင်းတွေအထြစ်ခန္တာကိုယ်ထဲကနေထွက်သွားအောင်ပြုလုပ်ပေးတဲ့ဖြေဆေးဖြစ်ပါတယ်
NAC ဆေးရည်ကို 10% နဲ့ 20% ပြင်းအားရှိတဲ့ဆေးရည်တွေအဖြစ်ဝယ်ယူရှိနိုင်ပြီး ကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း 140 mg/ နှုန်းနဲ့တွက်ချက်ပြီး အကြောဆေးသွင်းပေးနိုင်သလို 5% dextrose (သို့) ရေသန့်နဲ့ရောစပ်ပြီးလည်းပါးစပ်ကနေတိုက်ကျွေးပေးလို့ရပါတယ် (ပါးစပ်ကနေတိုက်ကျွေးတဲ့အခါ အန်တတ်တဲ့ပြသနာတော့ရှိတတ်ပါတယ်) အဲဒီနောက်မှာ ဆေးကိုတစ်ဝက်နှုန်းလျော့ပြီး တစ်နေ(၃)ကြိမ်နှုန်းနဲ့(၃-၄)ရက်လောက်အထိတိုက်ပေးသင့်ပါတယ် NACဆေးကိုအကြောဆေးသွင်းတဲ့အခါမှာ 0.2-micron bacteriostatic filter ကိုအသုံးပြုပြီးသွင်းရမှဖြစ်ပြီး အလွန်ဖြည်းညှင်းသောနှုန်းနဲ့ (၁၅-၂၀)မိနစ်လောက်အချိန်ယူပြီးသွင်းပေးရတာဖြစ်ပါတယ်
အခြေအနေအရလိုအပ်ရင် အငန်ရည်ပုလင်းကြီးကိုလည်းချိတ်ပေးသင့်ပါတယ်
ဗီတာမင်စီစားဆေးနဲ့ထိုးဆေးဟာ acetaminophen ဆေးအဆိပ်သင့်မှုကြောင့် အသားဝါတာကို လျှော့ကျစေတဲ့အတွက်တိုက်ကျွေးထိုးနှံပေးနိုင်ပါတယ်
Cimetidine စားဆေးနဲ့ထိုးဆေးဟာ ခွေးတွေရဲ့သွေးထဲမှာထပ်ဆင့်ဖြစ်ပေါ်လာတဲ့အဆိပ်အတောက်တွေကို
 လျှော့ကျစေပြီး အသည်းထိခိုက်ပျက်စီးမှုကို ကားကွယ်ပေးနိုင်တဲ့အတွက်တိုက်ကျွေးထိုးနှံပေးသင့်ပါတယ် ကြောင်တွေမှာတော့ သွေးထဲမှာ ထပ်ဆင့်ဖြစ်ပေါ်လာတဲ့အဆိပ်အတောက်တွေကို ပိုများစေတဲ့အတွက် Cimetidine ဆေးကို လုံးဝအသုံးမပြုသင့်ပါဘူး
အသည်းထိခိုက်ပျက်စီးသွားတဲ့အခြေအနေမျိုးရောက်နေရင်တော့ S-Adenosyl methionine ဆေးကို ကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း 18 မီလီဂရမ် နှုန်းနဲ့တွက်ချက်နေ့စဉ်တိုက်ကျွေးပေးရမှာဖြစ်ပါတယ် အခြေအနေပေါ်မူတည်ပြီး အဲဒီလိုတိုက်ကျွေးတာကို(၁-၂)လလောက်ဆက်လက်တိုက်ကျွေးပေးသင့်ပါတယ်
တိုက်ဆေးအနေနဲ့ အောက်ပါဆေးတစ်မျိုးမျိုးကိုဖြေဆေးအဖြစ် တိုက်ကျွေးလိုလည်းရပါတယ်
အဲဒီဆေးတွေကတော့
- Liveril ဆေးပြား
- Muclear ဆေးပြား
- Livonorm ဆေးတောင့်
- Musol ဆေးတောင့်
- Respo ဆေးတောင့်
- Fourts B ဆေးတောင့်
နိဂုန်းချုပ်အားဖြင့် ခွေးကြောင်ချစ်သူများအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့တိုက်ကျွေးခြင်းမပြုလုပ်သင့်ပါကြောင်းအကြံပြုအပ်ပါတယ်

0 မှတ်ချက်များ to “ ပါရာစီတမော့ အဆိပ်သင့်ခြင်း(acetaminophen toxicosis)”

Post a Comment