ခွေးချစ်သူအများစုဟာ မိမိရဲ့ခွေးမသားတင်ပြီးတဲ့နောက် ဇီးရရှိခြင်းရှိမရှိကိုသိချင်ကြလေ့ရှိပါတယ် ခွေးမတစ်ကောင်ဇီးအောင်ခြင်းရှိမရှိကို ခန့်မှန်သိရှိနိုင်တဲ့နည်းတွေနဲ့ စမ်းသပ်သိရှိနိုင်တဲ့နည်းအချို့ကိုစုစည်းဖော်ပြလိုက်ပါတယ်
(အမူအယာများပြောင်းလဲလာခြင်း)
ခွေးမတစ်ကောင်ရဲ့ ဇီးမရမီမှာရှိတဲ့ပုံမှန်အမူအယာတွေနဲ့ ဇီးအောင်လို့မြိုင်သံသရာ ရပ်ဆိုင်းသွားပြီး တဲ့နောက် ဖြစ်ပေါ်လာတဲ့အမူအယာတွေနဲ့ ပြင်ပလက္ခဏာတွေဟာ သေသေချာချာ သတိထားကြည့်ရင် မတူတာကိုတွေ့ရမှာဖြစ်ပါတယ်
လူတွေမှာလိုပဲ ခွေးမတွေဟာဇီးအောင်ပြီးရင် မနက်စောစောအချိန်မှာမအီမသာဖြစ် လေ့ရှိပါတယ် ဒါကြောင့်မို့မနက်ခပ်စောစောအချိန်မှာ မောပမ်းလွယ်ပြီး ထုံထုံထိုင်းထိုင်း လေးလေးကန်ကန်ဖြစ်နေတတ် ပါတယ်
(နို့သီးခေါင်းများကြီးလာခြင်း)
ဇီးအောင်နေတဲ့ခွေးမရဲ့နို့သီးခေါင်းလေးတွေဟာ မသိမသာကြီးလာပြီး ဇီးမရခင် အချိန်တုန်းကထက် ပိုပြီး ထင်ထင်ရှားရှားမြင်တွေ့လာရမှာ ဖြစ်ပါတယ် ၊ အဲဒီ နို့သီးခေါင်းလေးတွေကိုညှစ်ကြည့်ရင် နို့ရည်လေးတွေ စိမ့်ထွက်လာတာကိုမြင်တွေ့ရ မှာဖြစ်ပါတယ်
(အာလ်ထရာဆောင်းဓာတ်မှန်ရိုက်ကြည့်ခြင်း)
ခွေးမတစ်ကောင်ဇီးအောင်ခြင်းရှိမရှိကို အစောဆုံးသိရှိနိုင်တဲ့အကောင်းဆုံးနည်း ကတော့ အာလ်ထရာဆောင်းဓာတ်မှန်ရိုက်ကြည့်ခြင်းပဲ ဖြစ်ပါတယ် ၊ ဒီနေရာမှာ အရေးကြီးတာက အာလ်ထရာဆောင်း ဓာတ်မှန်ရိုက်ကြည့်ခြင်းကို သားတင် တဲ့နေ့ကစပြီး(၂၅)ရက်မြောက်တဲ့ နေ့ကျမှပြုလုပ်ဖို့သတိပြုသင့်ပါတယ်
(ကလေးတွေရဲ့နှလုံးခုန်သံကိုနားထောင်ကြည့်ခြင်း)
ဇီးအောင်ပြီးနောက်(၂၅)ရက်မြောက်ပြီးဆိုရင် ကလေးတွေဟာနှလုံးစတင်ခုန်လာပြီ ဖြစ်တဲ့အတွက် အပြင်ကနေ Pinard horn လို့ခေါ်တဲ့ကလေးနှလုံးခုန်သံကို နားထောင်တဲ့ကိရိယာနဲ့ နားထောင်ကြည့် လို့ရပါတယ် ဒါပေမယ့် ဒီနည်းက ကလေးကောင်ရေ ဘယ်လောက် ရှိတယ်ဆိုတာကိုမသိနိုင်ပါဘူး
(သွေးစစ်ကြည့်ခြင်း)
လူတွေမှာကိုယ်ဝန်ရှိမရှိကိုဆီးစစ်ကြည့်ခြင်းအားဖြင့်သိနိုင်ပေမယ့် ခွေးမတွေရဲ့ မျိုးပွားမှုဆိုင်ရာဟိုမုန်းတွေ ဟာ ဇီးရှိလာခြင်းကြောင့် ဆီးထဲမှာထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိတဲ့အတွက် ခွေးတွေမှာ ဆီးစစ်ကြည့်ရုံနဲ့ဇီးရှိမရှိကို အတိအကျမသိနိုင်ပါဘူး ၊ လူတွေနဲ့မတူတာကတော့ ခွေးမတွေဟာဇီးအောင်ပြီး နောက်မှာ သူတို့ရဲ့အချင်းတိုင်ကနေ relaxin ဟိုမုန်းထွက်နေ လေ့ရှိပါတယ် ဒါကြောင့်ခွေးမတွေမှာ ဇီးရှိမရှိသိချင်ရင် သွေးထဲမှာပါဝင်နေတဲ့ relaxin ဟိုမုန်းပမာဏကိုစစ်ဆေးကြည့်လေ့ရှိပါတယ်
(လက်ဖြင့်ကိုင်တွယ်စမ်းသပ်ကြည့်ခြင်း)