«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

9 Dec 2019

Adrenal medulla (ခေါ်) Adrenal ဂလင်းရဲ့အတွင်းပိုင်းအကြောင်း

,
Adrenal medulla လို့ခေါ်တဲ့အတွင်းပိုင်းကနေ ကယ်တာခိုလာမင်းဟိုမုန်းတွေကိုထုတ်လုပ်ပေးနေပြီး အဲဒီဟိုမုန်းတွေဟာ ခန္တာကိုယ်တစ်ခုလုံးကအာရုံကြောတွေအလုပ်လုပ်အောင်ဆောင်ရွက်ပေးနေတာဖြစ် ပါတယ်
ကယ်တာခိုလာမင်းဟိုမုန်းတွေကတော့ အက်ပီနက်ဖရင်(ခ) Adrenaline နဲ့ နော်အက်ပီနက်ဖရင်‌(ခ) Noradrenaline တို့ဖြစ်ပါတယ်
အက်ပီနက်ဖရင်(ခ) Adrenaline ကတော့ ရုတ်တရက်ထိတ်လန့်တဲ့အခါမျိုးနဲ့ အကြောင်းတစ်ခုခုကြောင့် ရှော့ဖြစ်သွားတဲ့အခါမျိုးတွေမှာ ထွက်လာပြီးအလုပ်လုပ်ပေးပါတယ် အဲဒီအခါမှာ နှလုံးခုန်တာမြန်လာပြီး သွေးပေါင်တက်လာစေတဲ့အပြင် တစ်ချိန်တည်းမှာပဲသွေးထဲမှာ သကြားဓာတ်တွေကိုများလာစေပါတယ်၊ ဒါကြောင့်မို့ အကြောင်းတစ်စုံတရာကြောင့်ထိတ်လန့်တဲ့အခါမှာ ရုတ်တရက်ချက်ချင်းအားအင်တွေပြည့်ဖြိုး လာတာဖြစ်ပါတယ်။
နော်အက်ပီနက်ဖရင်‌(ခ) Noradrenaline ကတော့ အက်ပီနက်ဖရင်(ခ) Adrenaline လိုပဲအလုပ်လုပ်တဲ့ အပြင်ခန္တာကိုယ်တစ်ခုလုံးကသွေးကြောတွေကိုကြုံ့စေတဲ့အလုပ်ကိုပူးတွဲလုပ်ဆောင်ပေးတဲ့အတွက်သွေးပေါင် ကို တက်လာစေပါတယ်
Adrenalဂလင်းရဲ့အတွင်းပိုင်းဖြစ်တဲ့AdrenalmedullaကနေchromograninAလို့ခေါ်တဲ့ပရိုတင်းအသားဓာတ် တစ်မျိုးကိုလည်းထုတ်လုပ်ပေးပါသေးတယ်အဲဒီပရိုတင်းတွေကထုတ်လုပ်ပြီးသား အက်ပီနက်ဖရင်(ခ) Adrenaline နဲ့ နော်အက်ပီနက်ဖရင်‌(ခ) Noradrenaline တွေကိုသိုလှောင်ပေးထားနိုင်ပြီး ရုတ်တရက် လိုအပ်လာချိန်မှာ ညှစ်ထုတ်ပေးတဲ့အလုပ်ကိုလုပ်ပေးတာဖြစ်ပါတယ် ကျောက်ကပ်နားမှာရှိတဲ့ Adrenal ဂလင်းတွေဟာ ခန္တာကိုယ်ရဲ့ဇီဝဖြစ်စဉ်မှာအရေးပါတဲ့အခန်းကဏ္ဌကနေပါဝင်လုပ်ဆောင်ပေးနေပါကြောင်း တင်ပြအပ်ပါတယ်။

0 မှတ်ချက်များ to “Adrenal medulla (ခေါ်) Adrenal ဂလင်းရဲ့အတွင်းပိုင်းအကြောင်း”

Post a Comment