«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Dec 2019

ခွေးတုတ်ကွေးရောဂါ(Canine influenza)

,
ကမ္ဘာပေါ်မှာခွေးတုတ်ကွေးရောဂါက ၂၀၀၄ ခုနှစ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ဒီရောဂါကိုဖြစ်ပွားစေ တဲ့ဗိုင်းရပ်ပိုးဟာမြင်းတွေမှာ သွေးအားနည်းရောဂါ(EIA)ကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်ပိုးတွေကနေအသွင်ပြောင်းပြီး ဖြစ်လာတာလို့ဆိုပါတယ် ‌ခွေးတုတ်ကွေးရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်အမျိုးအစား(၂)မျိုးရှိပါတယ် အဲဒါတေွကတော့  H3N2 နဲ့ H3N8 တို့ဖြစ်ပါတယ်
ဒီရောဂါဟာခွေးအမျိုးစားတိုင်းကိုကူးစက်ဖြစ်ပွားစေနိုင်ပါတယ်ခွေးတစ်ကောင်ဟာ တုတ်ကွေးရောဂါ ဖြစ်ပွားလာပြီဆိုရင် အစပိုင်းကာလမှာ အဖျားသိပ်မရှိပဲနဲ့ အပြင်းအထန်ချောင်းဆိုးခြင်း နှာချေခြင်း နှှာရည်မျက်ရည်စီးကျခြင်းစတဲ့လက္ခဏာတွေကိုတွေ့ရပြီး အချိန်နည်းနည်း ကြာလာတဲ့အခါ သလိပ်ပါတဲ့ ချောင်းဆိုးခြင်းဖြစ်လာပြီးနှာရည်ပျစ်ပျစ်တွေထွက်ကျလာခြင်းအသက်ရှုမောဟိုက်လာခြင်း၊အစားအသောက် ပျက်လာခြင်းစတဲ့လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်
ရောဂါဖြစ်လာတဲ့ခွေးတွေရဲ့(၈၀%)ခန့်ဟာ သိပ်ပြီးဆိုးဆိုးရွားရွားမခံစားရပေမယ့်နာတာရှည်အဆုပ်ယောင်မှု ဝေဒနာကိုဆက်လက်ခံစား နေရလေ့ရှိပါတယ်
ဒါပေမယ့် ခွေးပေါက်စလေးတွေနဲ့ အသက်အရွယ်ကြီးတဲ့ခွေးတွေအပါအဝင်ကိုယ်ခံအားမကောင်းတဲ့ခွေးတွေ မှာ တုတ်ကွေးရောဂါ ဖြစ်လာရင်တော့ (၈၀%)ခန့်ဟာသေဆုံးသွား တတ်ပါတယ်
ဒီရောဂါဖြစ်ဖူးထားတဲ့ခွေးတွေဟာသက်သာပျောက်ကင်းသွားပေမယ့်ရောဂါပိုးတွေကိုအကြာကြီးသယ်ဆောင် ထားပြီးတော့အခြားခွေးတွေကို ဆက်လက်ကူးစက်စေနိုင်ပါတယ်ဒါကြောင့်မို့ဒီရောဂါဖြစ်နေတဲ့ခွေးကို အခြား ခွေးတွေနဲ့ချက်ချင်းခွဲထားပြီးစနစ်တကျဆေးဝါးကုသပေးဖို့ လိုအပ်ပါတယ်
ဒီရောဂါဟာဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်တဲ့အတွက်အင်တာဖရွန်ဆေးကို ထိုးနှံပေး နိုင်ပါတယ်၊ ရောဂါဖြစ်နေစဉ်မှာ ဘက်တီးရီးယား ရောဂါပိုးတွေက နောက်ဆက်တွဲဝင်ရောက်ဒုက္ခပေးလာမှုကိုကာကွယ်ဖို့အတွက်Amoxicillinစားဆေးကိုတိုက်ကျွေးရမယ့်အပြင် ဒီရောဂါကြောင့် ခန္တာကိုယ်ကနေ အရည်ဓာတ်ဆုံးရှုံးမှုဖြစ်တတ်တဲ့အတွက်ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဓာတ်ဆားရည်ကိုလည်း ပုံမှန်တိုက်ကျွေးပေးရ မှာဖြစ်ပါတယ် H3N8 အမျိုးအစားခွေးတုတ်ကွေးရောဂါကာကွယ်ဆေးရှိပါကြောင်းတင်ပြလိုက်ပါတယ်

0 မှတ်ချက်များ to “ခွေးတုတ်ကွေးရောဂါ(Canine influenza)”

Post a Comment