«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Dec 2019

Adrenal ဂလင်းအကြောင်း

,
ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်တဲ့ ဟိုမုန်းတွေကိုထုတ်လုပ်ပေးနေတဲ့ Adrenal ဂလင်း(၂)ခုဟာ ကျောက်ကပ်ရဲ့အပေါ်ဖက်နားမှာတည်ရှိနေပါတယ် Adrenal ဂလင်းတွေကနေ ထွက်တဲ့ဟိုမုန်းတွေဟာအရေးကြီးတဲ့ ခန္တာကိုယ်ရှင်သန်ကြီးထွားလာစေမှုဇီဝလုပ်ငန်းတွေအပြင်မျိုးပွားမှု လုပ်ငန်းတွေအတွက်လည်း ဆောင်ရွက်နေတာဖြစ်ပါတယ် Adrenal ဟိုမုန်းအမျိုးမျိုးကို Adrenal ဂလင်းရဲ့အတွင်းဖက်ပိုင်း အပြင်ဖက်အပိုင်းနေရာတွေကနေထုတ်လုပ်ပေးပါတယ်
Adrenal ဂလင်းတစ်ခု၏ပုံ
Adrenal cortex (ခေါ်) Adrenal ဂလင်းရဲ့အပြင်ပိုင်းအကြောင်း
Adrenal ဂလင်းရဲ့အပြင်ဖက်အပိုင်းဖြစ်တဲ့ adrenal cortex ကနေဟိုမုန်းအတော်များများကိုထုတ်လုပ်ပေး လျှက် ရှိပါတယ် အဲဒီအထဲမှာထင်ရှားတဲ့ဟိုမုန်းတွေကတော့
(၁) Aldosterone လို့ခေါ်တဲ့ Mineralocorticoid ဟိုမုန်း
(၁) Cortisol လို့ခေါ်တဲ့ Glucocorticoid ဟိုမုန်း
(၁) Androgens လို့ခေါ်တဲ့ အဖိုဟိုမုန်းနဲ့
(၁) Estrogen လို့ခေါ်တဲ့ အမဟိုမုန်းတွေဖြစ်ပါတယ်
Aldosterone ဟိုမုန်းကတော့ ခန္တာကိုယ်တဲ့ကရေနဲ့ဓာတ်ဆားဓာတ်တွေကို ကျောက်ကပ်ကစွန့်ထုတ်နေတာ ကို မှန်ကန်အောင်ကျောက်ကပ်ထိမ်းချုပ်ပေးပါတယ်
Cortisol ဟိုမုန်းကတော့ ခန္တာကိုယ်ထဲက အဆီဓာတ်တွေ၊အသားဓာတ်တွေနဲ့ကဇီဓာတ်တွေကိုသကြားဓာတ် အဖြစ် လိုအပ်သလိုပြောင်းပေးဖို့ဆောင်ရွက်ပေးတဲ့အတွက်အင်အားတွေကိုတိုးပွားလာစေတဲ့အပြင် ခန္တာကိုယ်ရဲ့ခုခံအားကိုလည်းလျှော့ချပေးပါတယ် လူတွေဖန်တီးထားတဲ့ Cortisolတွေရှိပါတယ် အဲဒါတွေကတော့ Corticosterone ,Prednisolone, Dexamethasone နဲ့ Hydrocortisone တို့ဖြစ်ပါတယ်
Androgens လို့ခေါ်တဲ့အဖိုဟိုမုန်းဟာ အထီးမှာဖြစ်စေအမတွေမှာဖြစ်စေ သူတို့ရဲ့ Adrenal ဂလင်းတွေကနေထုတ်လုပ်ပေးနေတာဖြစ်ပါတယ် သို့သော် အထီးတွေမှာတော့ Androgens အများကြီးထွက်ပြီး အမတွေမှာတော့အနည်းငယ်သာထွက်တာ ဖြစ်ပါတယ် ဒီဟိုမုန်းကတော့ အထီးမှာဖြစ်စေအမတွေမှာဖြစ်စေမျိုးပွားအင်္ဂါတွေကိုဖွံ့ဖြိုးလာစေပြီး ပုံမှန်အလုပ်လုပ် စေပါတယ်
Androgens ဟိုမုန်းတွေဟာ အထီးတွေမှာအသံတို့ ခန္တာကိုယ်တည်ဆောက်ပုံတို့စသဖြင့် အထီးနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ဖွံ့ဖြိုးလာအောင်ဆောင်ရွက်ပေးတဲ့အပြင်  Estrogen လို့ခေါ်တဲ့ အမဟိုမုန်းတွေဖြစ်ပေါ်လာဖို့ အဓိကကုန်ကြမ်းလည်းဖြစ်နေပြန်ပါတယ်
Estrogen လို့ခေါ်တဲ့ အမဟိုမုန်းတွေကတော့အမနဲ့ပတ်သက်တဲ့မျိုးပွားမှုဆိုင်ရာအင်္ဂါတွေ ဖွံ့ဖြိုးလာစေတဲ့ အပြင် မျိုးပွားမှုဆိုင်ရာပုံမှန်လုပ်ငန်းတွေကိုဖြစ်ပေါ်စေပါတယ်
Adrenal ဂလင်းရဲ့အပြင်ဖက်အပိုင်းကိုသေချာလေ့လာရင် အလွှာ(၃)လွှာရှိနေတာကိုတွေ့ရမှာဖြစ်ပြီး အတွင်းဆုံးအလွှာ အလယ်လွှာနဲ့ အပြင်ဖက်ဆုံးအလွှာတွေအဖြစ်ခွဲခြားနိုင်ပါတယ် အပြင်ဖက်ဆုံးအလွှာကနေ Aldosterone ဟိုမုန်းတွေကိုထုတ်လုပ်ပေးတာဖြစ်ပြီး  အတွင်းဖက်ဆုံးအလွှာကတော့ Cortisol, Androgen နဲ့ Estrogen ဟိုမုန်းတွေကို ထုတ်လုပ်ပေးပါတယ် အဲဒီအလွှာနှစ်ခုဟာထုတ်လုပ်ရေးအလွှာတွေဖြစ်တဲ့အတွက်       Active zone တွေလို့ခေါ်ပါတယ် အလယ်လွှာကတော့ထုတ်လုပ်ပြီးတဲ့ဟိုမုန်းတွေကို ယာယီသိုလှောင်ပေးထားတဲ့အလွှာဖြစ်တဲ့အတွက် Storage zone လို့ခေါ်ပါတယ် ခန္တာကိုယ်မှာအရေးပေါ်လိုအပ်လာတဲ့အချိန်မှာ Storage zone ဟာ ကျုံ့သွားပြီးသိုလှောင်ထားတဲ့ ဟိုမုန်းတွေကိုညှစ်ထုတ်ပေးလိုက်တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ထုတ်လုပ်ရေးအလွှာတွေကလည်း ပိုမိုထူထဲလာပြီး အက်ဒရီနယ်ဟိုမုန်းတွေကို အများကြီးထုတ်လုပ်ပေး နေမှာဖြစ်ပါတယ်
Adrenal medulla (ခေါ်) Adrenal ဂလင်းရဲ့အတွင်းပိုင်းအကြောင်း
Adrenal medulla လို့ခေါ်တဲ့အတွင်းပိုင်းကနေ ကယ်တာခိုလာမင်းဟိုမုန်းတွေကို ထုတ်လုပ်ပေးတာဖြစ်ပြီး အဲဒီဟိုမုန်းတွေဟာ ခန္တာကိုယ်တစ်ခုလုံးကအာရုံကြောတွေ အလုပ်လုပ်အောင်ဆောင်ရွက်ပေးတာဖြစ် ပါတယ် ကယ်တာခိုလာမင်းဟိုမုန်းတွေကတော့ အက်ပီနက်ဖရင်(ခ) Adrenaline နဲ့ နော်အက်ပီနက်ဖရင်‌(ခ) Noradrenaline တို့ဖြစ်ပါတယ်
အက်ပီနက်ဖရင်(ခ) Adrenalineကတော့ ရုတ်တရက်ထိတ်လန့်တဲ့အခါမျိုးနဲ့ အကြောင်းတစ်ခုခုကြောင့် ရှော့ဖြစ် သွားတဲ့အခါမျိုး တွေမှာ ချက်ချင်းထွက်လာပြီးအလုပ်လုပ်ပေးပါတယ် အဲဒီအခါမှာနှလုံးခုန်တာ မြန်လာပြီးသွေးပေါင်တက်လာစေတဲ့အပြင် တစ်ချိန်တည်းမှာပဲသွေးထဲမှာသကြားဓာတ်တွေကို များလာစေပါတယ်၊ ဒါကြောင့်မို့အကြောင်းတစ်စုံတရာကြောင့် ထိတ်လန့်တဲ့အခါမှာရုတ်တရက်ချက်ချင်း အားအင်တွေပြည့်ဖြိုးလာတာဖြစ်ပါတယ်။
နော်အက်ပီနက်ဖရင်‌(ခ) Noradrenaline ကတော့ အက်ပီနက်ဖရင်(ခ) Adrenaline လိုပဲအလုပ်လုပ်တဲ့ အပြင် ခန္တာကိုယ်တစ်ခုလုံးကသွေးကြောတွေကိုကြုံ့စေတဲ့အလုပ်ကိုပါ ပူးတွဲလုပ်ဆောင်ပေးတဲ့အတွက် သွေးပေါင်ကိုတက်လာစေပါတယ်
Adrenal medulla လို့ခေါ်တဲ့ Adrenal ဂလင်းရဲ့အတွင်းပိုင်းကနေ chromogranin A လို့ခေါ်တဲ့ပရိုတင်း အသားဓာတ် တစ်မျိုးကိုလည်းထုတ်လုပ်ပေးပါသေးတယ် အဲဒီပရိုတင်းတွေက ထုတ်လုပ်ပြီးသား အက်ပီနက်ဖရင်(ခ) Adrenaline နဲ့ နော်အက်ပီနက်ဖရင်‌(ခ)Noradrenalineတွေကိုသိုလှောင်ပေးထား နိုင်ပြီးရုတ်တရက်လိုအပ်လာချိန်မှာ ညှစ်ထုတ်ပေးတဲ့အလုပ်ကိုလုပ်ပေးတာဖြစ်ပါတယ် ကျောက်ကပ်နားမှာရှိတဲ့Adrenalဂလင်းတွေဟာခန္တာကိုယ်ရဲ့ဇီဝဖြစ်စဉ်မှာအရေးပါတဲ့အခန်းကဏ္ဌကနေပါဝင်    လုပ်ဆောင်ပေးလျှက်ရှိနေပါကြောင်း

0 မှတ်ချက်များ to “Adrenal ဂလင်းအကြောင်း”

Post a Comment