«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Dec 2019

Rage syndrome

,
ဒီရောဂါကတော့ခွေးတွေမှာမျိုးရိုးဗီဇတစ်ခုကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ် CockerSpaniel breed  အမျိုးအစားခွေးတွေမှာ အဖြစ်အများဆုံးဖြစ်ပေမယ့် Border Collie, Bernese Mountain Dog, Golden Retriever, Papillon, Rottweiler, နဲ့ English Bull Terrier  ခွေးမျိုးတွေအပြင် အခြားမျိုးစပ်ခွေးအတော်များများမှာလည်းရှားရှားပါးပါးဖြစ်ပွားတတ်ပါတယ် ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေဟာ ရန်လိုတတ် ကြပါတယ်
ဒီလိုဖြစ်ပွားတဲ့ခွေးတွေကိုလေ့လာတဲ့သုတေသနတွေအရခွေးထီးတွေဟာခွေးမတွေထက်ပိုပြီးအဖြစ်များတယ်လို့သိရပါတယ်
Rage syndrome ဖြစ်ပွားရခြင်းဟာ ဦးနှောက်နဲ့အာရုံကြောစနစ်မှာ ဓာတုဆိုင်ရာပြသနာတွေဖြစ်လာတဲ့ အတွက်ကြောင့်လို့ပညာရှင်တွေက ယူဆထားကြပါတယ်   
ရောဂါဒါဏ်ခံစားရတဲ့ခွေးဟာ ရုတ်တရက်သတိလက်လွတ်လဲကျသွားပြီးနောက် တဆန့်ဆန့်တက်နေရာ ကနေ ချက်ချင်းဆိုသလို သတိပြန်ဝင်လာပြီးလူတွေကိုရန်မူတတ်ပါတယ် နောက်ထပ်လည်း အဲဒီလိုပြန်ပြန် ဖြစ်နေလေ့ရှိပါတယ် ဒီရောဂါရှိနေတဲ့ခွေးတွေဟာ လူကိုရန်မူတတ်တဲ့အတွက် ခွေးရူးရောဂါနဲ့ အထင်အမြင် လွဲမှားတတ်ပါတယ်
နိုင်ငံခြားခွေးသားပေါက်မွေးမြူရေးခြံတွေမှာတော့ ခွေးသားပေါက်တွေမှာ ဒီလိုရောဂါမျိုးပါမလာစေဖို့ အတွက် ခွေးတွေကိုသားတင်ပေးတဲ့အခါ Rage syndrome ဖြစ်ဖူးတဲ့ရာဇဝင်မရှိတဲ့ခွေးနဲ့သာ ရွေးချယ် သားစပ်ပေးလေ့ရှိပါတယ်
Rage syndrome ဖြစ်နေတဲ့ခွေးကို လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး ဒီရောဂါဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပွားတာဖြစ်တဲ့အတွက် မဖြစ်ပွားအောင်လည်းကြိုတင်ကာကွယ်လို့မရပါဘူး
ရောဂါလက္ခဏာပြလာတဲ့အခါမှာတော့ အတက်ကျဆေးတွေနဲ့သက်သာအောင်ထိမ်းပေးနိုင်ပေမယ့် ရောဂါ လက္ခဏာဖြစ်နေစဉ်အတွင်းမှာ လူနဲ့အခြားတိရစ္ဆာန်တွေကိုရန်မူတတ်တဲ့အန္တရာယ်ရှိတာကြောင့် ကုသမှုကို ထိရောက်အောင်လုပ်နိုင်မှာမဟုတ်တဲ့အပြင် ရောဂါလက္ခဏာက ခွေးရဲ့တစ်သက်တာလုံးမှာ အချိန်မရွေးပြန်ပြန်ဖြစ်နေလေ့ရှိတဲ့အတွက်ဒီရောဂါအတွက်ထိရောက်တဲ့ကုထုံးရယ်လို့မရှိဘူးလို့ဆိုနိုင်ပါတယ် ဒီလိုဖြစ်တဲ့ခွေးကို အစာကျွေးပြီးတိုင်း နှာခေါင်းစွပ်အမြဲတပ်ပေးထားသင့်ပြီးဒီလိုခွေးမျိုးကိုလူအများကြားထဲ 
ခေါ်ဆောင်သွားတာမျိုးရှောင်ကျဉ်သင့်ပါတယ်

0 မှတ်ချက်များ to “Rage syndrome ”

Post a Comment