«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 May 2017

ဗိုက်ယောင်ခြင်း(Asites)

,



ခွေးကြောင်များတွင် ဗိုက်ယောင်ခြင်းဆိုသည်မှာ ၀မ်းဗိုက်ခေါင်း(Abdominal Cavity)အတွင်းတွင် 

အရည်များစုမိလာကာ ၀မ်းဗိုက်တစ်ခုလုံးဖောင်းကားနေခြင်းကိုဆိုလိုပါသည်။
 
ထိုအခြေအနေမျိုးဖြစ်ပေါ်နေသောခွေးများတွင် အောက်ပါလက္ခဏာများတွေ့ရှိပါက

အကြမ်းအားဖြင့်ရောဂါခန့်မှန်းမှုကို ယှဉ်တွဲပါဖော်ပြချက်အတိုင်းဆောင်ရွက်လေ့ရှိပါသည်။


(၁) အလွန်အမင်းသွေးအားနည်းနေခြင်း( Severe anaemia ) ဖြစ်နေလျှင် နှလုံးသန်ကောင်စွဲကပ်ခြင်း 

(Heartworm Disease )ဟု အကြမ်းအားဖြင့်ခန့်မှန်းလေ့ရှိကြပါသည်။


(၂) အသက်ရှုကျပ်၍မောပမ်းနေခြင်း  (coughing, dyspnea)  ဖြစ်နေလျှင် 

နှလုံးသန်ကောင်စွဲကပ်ခြင်းရောဂါနောက်ဆုံးအဆင့်ဖြစ်သော နှလုံးကောင်းစွာအလုပ်မလုပ်နိုင်သည့်

အခြေအနေ (congestive heart failure due to HW disease) ဟု အကြမ်းအားဖြင့်ခန့်မှန်းလေ့

ရှိကြပါသည်။

 
(၃) အစာလုံးဝမစားပဲမှိုင်နေခြင်း  (inappetance)  ဖြစ်နေလျှင် အသည်းခြောက်ခြင်း (cirrhosis of the 

liver) ဟု အကြမ်းအားဖြင့်ခန့်မှန်းလေ့ရှိကြပါသည်။

 
(၄) အော့အန်ခြင်းနှင့်အတူ မျက်နှာတစ်ခုလုံးယောင်ရမ်းနေလျှင် (vomiting with facial edema)

ဖြစ်နေလျှင် ကျောက်ကပ်ရောဂါ(glomerular disease) ဟု အကြမ်းအားဖြင့်ခန့်မှန်းလေ့ရှိကြပါသည်။

 
ဤဖော်ပြချက်များမှာ ရောဂါကိုအကြမ်းအားဖြင့်ခန့်မှန်းမှုသာဖြစ်၍ ရောဂါအတိအကျရှာဖွေနိုင်ရန်အတွက်

ဓါတ်မှန်ရိုက်ခြင်း၊ အာလ်ထရာဆောင်းရိုက်ခြင်းနှင့် ဓါတ်ခွဲခန်းစစ်ဆေးစမ်းသပ်မှုများ ဆက်လက်

ဆောင်ရွက်ရန်လိုအပ်ပါသည်။
 

0 မှတ်ချက်များ to “ဗိုက်ယောင်ခြင်း(Asites)”

Post a Comment